ဆီးချို Type2 ကနေထိုင်မှုပုံစံမမှန်ကန်ခြင်းနဲ့တခြားကျန်းမာရေးပြသနာတွေကြောင့်ဖြစ်တတ်ပါတယ်။ ဆီးချိုဖြစ်စေနိင်တဲ့အကြောင်းအရင်းတွေတိတိကျကျရှိပေမယ့်မကျန်းမာတဲ့နေထိုင်မှုပုံစံကတော့ရောဂါတော်တော်များများကိုအားပေးပါတယ်။
သင့်ရဲ့ဆီးချိုအမျိုးအစား (၂) ကိုဖြစ်နှုန်းကို ပိုမြင့်တက်လာနိုင်တာတွေကတော့
- အဝလွန်ခြင်း
- လှုပ်ရှားမှုနည်းခြင်း
- နှလုံးသွေးကြောရောဂါ
- မိသားစုဝင်တစ်ဦးဦးမှာဆီးချိုရှိခြင်း
- ကိုယ်ဝန်ဆီးချိုဖြစ်ဖူးခြင်း
- ကိုလက်စထရောများခြင်း
- Polycystic ovarian syndrome ရှိခြင်း
Prediabetes(ဆီးချိုအစပျိုးခြင်း) ကလည်းဆီးချိုဖြစ်စေတဲ့အကြောင်းအရင်းနောက်တစ်ခုပါ။ သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါ ဆီးချိုအစပျိုးခြင်းလို့ခေါ်ပါတယ်။ ဒါပေမယ့်ဒီအခြေအနေမှာ သွေးထဲကသကြားဓါတ်တွေကဆီးချိုအမျိုးအစား (၂)လို့နာမည်တပ်ရလောက်အောင်မမြင့်သေးပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။