စပါး၊ ပြောင်းစတာတွေက ဖိုက်ဘာကြွယ်ဝပါတယ်။ စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီလိုအသီးတွေ တစ်ခွက်ကို flax seed တစ်ဇွန်းမဟုတ်ရင်နှစ်ဇွန်းထည့်စားပေးပါ။ Flax seed တွေက ပရိုတိန်း၊ ဖိုက်ဘာနဲ့ omega 3 ကြွယ်ဝစွာပါဝင်ပါတယ်။ ဆီးချိုအတွက် လိုအပ်တဲ့အစားအစာတစ်ခုက oatmeal ဖြစ်ပါတယ်။ သူက ဖိုက်ဘာတွေပါတဲ့အပြင် သင့်သွေးချိုကိုလည်းထိန်းထားပါတယ်။
နို့တွေမှာပါတဲ့ ကယ်လ်ဆီယမ်နဲ့ ဗိုက်တာမင် ဒီ က ကိုလက်စထရောကိုကျစေပြီး ကယ်လ်ဆီယမ်ကိုမြင့်စေပါတယ်။ ဒိန်ချဉ်ထဲမှာတော့ သစ်သီးဒိန်ချဉ်တွေ မသုံးပနဲ့။ သူတို့ကချိုလို့ပါ။ နို့သောက်တာက ကိုယ်အလေးချိန်ကိုပါထိန်းပေးပါတယ်။
ဆီးချိုသမားတွေရဲ့ နေ့လည်စာကတော့ ဆလပ်ရွက်၊ ခရမ်းချဉ်၊ ငရုတ်သီးနီ၊ ပဲအမဲနဲ့ ပြောင်းဖူးလို အသီးအရွက်တွေ ပိုထည့်ရပါမယ်။ ပရိုတိန်းဖြည့်တင်းဖို့က အဆီမပါတဲ့မိုးခိုသားတွေ၊ အရေပြားမပါတဲ့ ကြက်သာတွေစားသင့်ပါတယ်။ အကောင်းဆုံးကတော့ အဆီမပါတဲ့အမဲသားကိုစားသင့်ပါတယ်။ သူ့မှာက linoleic အက်ဆစ်ပါဝင်ပြီး သွေးချိုကိုထိန်းပေးပါတယ်။ ဒါ့အပြင် ဒီ အက်ဆစ်က ကင်ဆာကိုလည်းကာကွယ်တယ်လို့ဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။