backup og meta

လေဆာကုသမှုတွေနဲ့ အရေပြားကို ဘယ်လိုနုပျိုအောင် လုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဆာကုသမှုတွေနဲ့ အရေပြားကို ဘယ်လိုနုပျိုအောင် လုပ်မလဲ

    အရေပြား ထိန်းသိမ်းခြင်းဟာ အမျိုးသမီးတွေ အတွက်သာမက အမျိုးသားတွေအတွက်ပါ အကျိုးရှိပါတယ်။ အထူးသဖြင့် အရေပြား အရေးအကြောင်း၊ အမာရွတ်ရှိသူတွေဟာ အရေပြားကို ပိုမို ငယ်ရွယ်ချောမွတ်အောင် ပြုလုပ်ကြပါတယ်။

    ယခုခေတ်မှာတော့ နည်းပညာတွေ တိုးတက်လာတာကြောင့် အရေပြားကို ငယ်ရွယ်နုပျိုစေနိုင်မယ့် နည်းလမ်းများစွာ ရှိပါတယ်။ ယခုခေတ်မှာတော့ laser skin resurfacing နဲ့ laser skin tightening ကို လူကြိုက်များပါတယ်။

    ၁။ Laser skin resurfacing ဟာ ဘယ်လိုအလုပ်လုပ်ပါသလဲ။

    ဒီကုထုံးဟာ အရေးအကြောင်းတွေ၊ အသားအရေ မညီခြင်းတွေ၊ အမာရွတ်တွေ၊ အခြားအသက်ကြီးခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေကို ပြန်လည်ကောင်းမွန်စေဖို့ အလင်းတန်းကို အသုံးပြုပြီး အရေပြားအလွှာမျိုးစုံကို ကုသပေးတာဖြစ်ပါတယ်။

    ကုသမှုအပြီး အချိန်အနည်းငယ်ကြာချိန်မှာ သင့်အရေပြားဟာ ပိုမိုနုပျို ချောမွေ့နေတာကို ခံစားရနိုင်ပါတယ်။

    Laser skin resurfacing နည်းလမ်းနှစ်မျိုးရှိပါတယ်။

  • Ablative laser ဟာ ဝက်ခြံတွေနဲ့ အခြားအမာရွတ်တွေ၊ အသက်ကြီးခြင်းကြောင့် ဖြစ်တဲ့ အရေးအကြောင်းတွေကို လျော့နည်းစေဖို့အတွက် အရေပြား အလွှာပါးကို ဖယ်ထုတ်လိုက်ပါတယ်။
  • Non-ablative laser ကတော့ collagen ထုတ်လုပ်မှုကို အားပေးပြီး အောက်ခံအရေပြားကို တင်းရင်းစေပါတယ်။ ဒီနည်းလမ်းဟာ ablative laser resurfacing နည်းထက် ထိရောက်မှု အာနိသင် နည်းပါးပါတယ်။
  • Laser skin resurfacing နဲ့ ကုသနိုင်တဲ့ အခြေအနေတွေကတော့

  • အမြဲရှိနေသော အရေးအကြောင်းများ – ဒီအရေးအကြောင်းတွေကို အချိန်တိုင်းမြင်နေရပြီး မျက်နှာလှုပ်ရှားမှုတွေနဲ့ လိုက်ပြီး ပြောင်းလဲခြင်းမရှိပါဘူး။
  • ပြောင်းလဲနေသော အရေးအကြောင်းများ – သူတို့ဟာ အရေပြား မလှုပ်ရှားချိန်မှာ အရာတွေအဖြစ်ရှိပြီး လှုပ်ရှားမှု ပြုချိန်မှာ ပိုနက်သွားတဲ့ အရေးအကြောင်းတွေ ဖြစ်ပါတယ်။
  • အရောင်ရင့်ခြင်း – အရေပြားအရောင်ရင့်ခြင်းတွေ ဖြစ်တဲ့ မှဲ့ခြောက်၊ နေလောင်ကွက်၊ နေရောင်နဲ့ အဓိက ထိတွေ့ခြင်းကြောင့် အရောင်ရင့်သော အကွက်များ
    • အမာရွတ် – ဝက်ခြံ၊ အရေပြား ထိခိုက်မိခြင်းကြောင့် အမာရွတ်တွေဟာ လိပ်တက်သွားပြီး၊ အရောင်မညီပဲ မြင့်တက်တဲ့ အစွန်းတွေ ရှိနေတတ်ပါတယ်။
    • သွေးကြောဆိုင်ရာ အခြေအနေများ – အရေပြား မျက်နှာပြင်ပေါ်မှာ မြင်ရတဲ့သွေးကြောများ၊ သွေးပြည့်နေတဲ့ အရည်ကြည်ဖုများ၊ မျက်နှာနီမြန်းခြင်းများ
    • အရေပြား တင်းရင်းမှု ပျောက်ဆုံးခြင်း – collagen နဲ့ elastin လိုမျိုး အရေပြားကို ထောက်ပံ့ပေးတဲ့အရာတွေ အားနည်းခြင်းကြောင့် အရေပြား တင်းရင်းမှု ပျောက်ဆုံးခြင်းနဲ့ cellulite ဖြစ်ပေါ်ခြင်း

    Laser skin resurfacing ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးများ

    Laser skin resurfacing ဟာ ပြီးပြည့်စုံတဲ့အရေပြားကို မဖြစ်ပေါ်စေပေမယ့် အရေပြားရဲ့ ပုံပန်းသဏ္ဍန်ကို တိုးတက်စေနိုင်ပါတယ်။ ဒီကုထုံးရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဆိုးကျိုးတွေကတော့

  • အပူလောင်ခြင်း၊ လေဆာ အပူကြောင့် ဒဏ်ရာရခြင်း
  • အမာရွတ်ထင်ကျန်ခြင်း
  • အရေပြား အရောင်ပြောင်းလဲမှုတွေ ဖြစ်ခြင်း (အရောင်ရင့်ခြင်း၊ ဖျော့ခြင်း)
  • ရေယုန် ပြန်ဖြစ်ခြင်း
  • ဘက်တီးရီးယား ရောဂါပိုးဝင်ခြင်း
  • ၂။ Laser skin resurfacing ဟာ ဘယ်လိုအလုပ်လုပ်သလဲ။

    ဒီနည်းလမ်းဟာ အရေပြားရဲ့ အောက်ပိုင်းအလွှာတွေကို အေးစေချိန်မှာပဲ နက်နဲတဲ့ collagen အလွှာတွေကို အပူဖြည်းညင်းစွာ ပေးခြင်း ဖြစ်ပါတယ်။ ရလဒ်ကတော့ ပိုမို ငယ်ရွယ်သယောင်ထင်ရတဲ့ အရေပြား ရရှိမှာ ဖြစ်ပါတယ်။ အရေပြား တင်းရင်းစေခြင်းဟာ အရေပြားနုပျိုစေဖို့ လုံခြုံစိတ်ချရပြီး နာကျင်မှုကင်းဝေးစေတဲ့ နည်းတစ်မျိုး ဖြစ်ပါတယ်။

    Laser skin resurfacing ဟာ စိတ်ချရပါသလား။

    အခြားကုသမှုတွေနဲ့ မတူပဲ Laser skin resurfacing ဟာ လူနာရဲ့ ရှိနှင့်ပြီးသားအရေပြားအပေါ်ယံလွှာကို ဖယ်ရှားပေးပြီး အရေပြား ပူလောင်ခြင်း၊ ပျက်စီးခြင်းတွေကို မဖြစ်စေနိုင်ပဲ အရေပြားအသစ် ဖြစ်ပေါ်လာခြင်းကို အားပေးပါတယ်။

    အရေပြားတင်းရင်းမှု အတွက် ကုသမှုခံယူတဲ့ လူနာတွေဟာ ဆိုးကျိုးအလွန်နည်းပါးပြီး ခဏတာ အနည်းငယ် နီရဲခြင်းကိုသာ ခံစားရနိုင်ပါတယ်။

    လေဆာဖြင့် အရေပြားတင်းရင်းစေခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ

    • ကောင်းကျိုးများ – အကြိမ်အနည်းငယ် ပြုလုပ်ပြီးတဲ့အခါ ရလဒ်တွေကို သတိထားမိနိုင်ပါတယ်။ ကုသနေစဉ် သက်တောင့်သက်သာ မဖြစ်မှု အနည်းငယ်သာရှိပြီး ဆိုးကျိုးလည်း အလွန်နည်းပါးပါတယ်။ ဒီနည်းလမ်းဟာ ခွဲစိတ်မှု မပါဝင်တာကြောင့် လုံခြုံစိတ်ချရပြီး ဈေးလည်း သက်သာပါတယ်။
    • ဆိုးကျိုးများ – အချို့လူနာတွေဟာ အရေပြား အရောင်ပြောင်းခြင်း၊ အညိုအမဲစွဲခြင်း စတဲ့ ဆိုးကျိုးအနည်းငယ်ကို ခံစားရနိုင်ပြီး အချိန်အနည်းငယ်အတွင်းမှာ ပျောက်သွားနိုင်ပါတယ်။

    လေဆာကုသမှုဟာ အရေပြားကို နုပျိုစေပြီး နေလောင်ခြင်း၊ အသက်ကြီးခြင်း၊ အရေပြား ရောဂါတွေကို ကုသပေးနိုင်တာကြောင့် ဆေးပညာပိုင်းမှာ အလွန်လူကြိုက်များလာပါတယ်။ ကုသမှုတွေဟာ စိတ်ချရပြီး အလွန်အစွမ်းထက်ပါတယ်။

    ဈေးကြီးပေမယ့် ရလဒ်ကတော့ ပိုမိုနုပျိုချောမွေ့ကာ ကျန်းမာစေတဲ့ အရေပြားကို ရရှိမှာ ဖြစ်ပါတယ်။ ဘယ်လိုကုသမှုမျိုးယူသင့်သလဲ (resurfacing သို့ အရေပြားတင်းရင်းစေခြင်း) ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    ရေးသားသူ- Dr Phyu Mon Latt

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 30/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement