backup og meta

အဆီခဲကို ဘယ်လိုကုသနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆီခဲကို ဘယ်လိုကုသနိုင်မလဲ

    ၁။ အဆီခဲဆိုသည်မှာ အဘယ်နည်း။

    အဆီပိုဆိုသည်မှာ ကျန်းမာရေး အခြေအနေကို ခေါ်ဆိုခြင်း မဟုတ်ပါ။ အရေပြားအောက်မှ အဆီခဲကို ခေါ်ပါသည်။ အရေပြားအောက်မှ အဆီများ တိုးထွက်လာခြင်းကို အဆီခဲဟု ခေါ်ပါသည်။ အန္တရာယ် မဖြစ်စေနိုင်သော်လည်း စိတ်မသက်မသာ ခံစားရနိုင်ပါသည်။ ခြေထောက်၊ ပေါင်၊ တင်ပါး၊ ဗိုက် စသည့်နေရာများတွင် အဆီခဲဖြစ်နိုင်ခြေ များပြားပါသည်။

    အဆီခဲသည် အဝလွန်သော လူများတွင်သာ ဖြစ်ပွားခြင်း မဟုတ်ပါ။ အဆီခဲသည် အသက်အရွယ်မျိုးစုံ ကျား၊ မ မရွေး ဖြစ်ပေါ်တတ်ပါသည်။ သို့သော် မိန်းကလေးများသည် ယောက်ျားလေးများထက် ဖြစ်ပွားနှုန်းများသည်ကို မြင်တွေ့ရပါသည်။

    ၂။ ဘာတွေက အဆီခဲဖြစ်ပေါ်စေနိုင်သလဲ။

    အဆီခဲဖြစ်ပေါ်နိုင်သော အချက်အလက် များစွာရှိပါသည်။

    အစားအသောက် မမှန်ခြင်း

    အားကစား မလုပ်ခြင်း

    ဟော်မုန်း အပြောင်းအလဲဖြစ်ခြင်း

    အသားအရေ အမျိုးအစား

    ဓါတုဖြစ်စဉ် မတည်ငြိမ်မှုတို့ ဖြစ်ပါတယ်။

    အဆီခဲအကြောင်း သိထားခြင်းဖြင့် ကုသရေးတွင် အကျိုးထူးစေပါသည်။

    ၃။ အဆီခဲ ကုသမှုများ

    နေထိုင်မှုပုံစံပြောင်းလဲခြင်း

    ယခု နည်းလမ်းသည် အစားအသောက် မမှန်သောလူများနှင့် လေ့ကျင့်ခန်းမှန်မှန် မလုပ်သော လူများတွင် အကျိုးသက်ရောက်မှု ရှိပါသည်။ မိမိ၏ အစားအသောက် ပုံစံသည် နည်းလမ်း မမှန်ပါက နောက်နည်းလမ်းတစ်မျိုးကို ပြောင်လဲသင့်ပါသည်။ ကာဗိုဟိုက်ဒရိတ် ပါဝင်သော အစားအစာများသည် အဆီပိုများကို ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် ဗီတာမင်နှင့် သက်စောင့်ဓါတ် ပါဝင်သသော အစားအစာများကို စားသုံးရပါမည်။ အစားအသောက် ထိန်းသိမ်းခြင်း နှင့်အတူ လေ့ကျင့်ခန်းလည်း မှန်မှန်လုပ်သင့်ပါသည်။ နေ့စဉ်မှန်မှန် လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် မိမိ၏ ကြွက်သားများကို တောင့်တင်းစေသည့်အပြင် အဆီခဲများကိုလည်း လျော့ကျစေပါသည်။

    လိမ်းဆေးများသုံးခြင်း

    လိမ်းဆေးများသည် အဆီခဲ ပျောက်ကင်းအောင် ကုသရန် မရပါ။ မိမိ အသားအရေကိုသာ ချောမွေ့ရန် အသုံးပြုပါသည်။ ထိခိုက်လွယ်သော အသားအရေ များအတွက် လိမ်းဆေးသုံးခြင်းကို ရှောင်ကျဉ်သင့်ပါသည်။ လိမ်းဆေးမသုံးမီ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

    အရေပြားထဲသို့ ဓါတ်ပစ္စည်းများထည့်၍ အဆီခဲချေဖျက်ခြင်း

    ထိုနည်းလမ်းသည် ခွဲစိတ်စရာမလိုဘဲ အဆီခဲကို ကုသနည်း ဖြစ်ပါသည်။ အနောက်နိုင်ငံများတွင် အလွန်ခေတ်စားသော ကုထုံးဖြစ်ပါသည်။ အဆီခဲ ချေဖျက်ပေးနိုင်သော ဗီတာမင် သက်စောင့်ဓါတ် အမိုင်နိုအက်ဆစ် အင်ဇိုင်းများ ထည့်ပေး၍ ကုသသော ကုထုံးဖြစ်ပါသည်။ ထိုကုထုံးသည် အလွန်လျင်မြန်၍ နာကျဉ်ခြင်းမရှိ၊ ဘေးထွက်ဆိုးကျိုး နည်းသော ကုထုံးဖြစ်ပါသည်။

    လေဆာနှင့် ကုသခြင်း

    လေဆာနှင့် ကုသခြင်းသည် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးဌာနမှ ထောက်ခံထားသော ကုသနည်း ဖြစ်ပါသည်။ လေဆာနှင့် ကုသခြင်းဖြင့် အရေပြားအောက်မှ အဆီခဲများကို အရည်ပျော်၊ အမျှင်ဓါတ်များကို ချေဖျက်ပြီး ကော်လဂျင်ဓါတ်ကို လှုံ့ဆော်ပေးပါသည်။ ယခုနည်းသည် အဆီခဲကြောင့် ပုံပျက်ပန်းပျက် ဖြစ်နေသော နေရာများကို သက်သာစေပြီး ထိုကုသမှုသည် ၆ လ ခံပါသည်။

    Z Wave

    Z Wave သည် အဆီခဲ ကုသခြင်းအတွက် အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးဌာနမှ ထောက်ခံထားသော နည်းလမ်းသစ်တစ်ခု ဖြစ်ပါသည်။ မညီမညာသော နေရာများကို ရောင်ခြည်ဖြင့် ချေဖျက်သောနည်းဖြစ်ပါသည်။ ထိုကုသမှုမှာ လူနာ၏ အခြေအနေပေါ် မူတည်၍ အနည်းဆုံး ၁၀ ကြိမ် ပြုလုပ်ရန် လိုပါသည်။

    ယခုခေတ်ပေါ် နည်းလမ်းများသည် အဆီခဲများကြောင့် ဖြစ်ပေါ်သော ပုံပျက်မှုများကို တိုးတက်စေပါသည်။ အရေပြား ဆရာဝန်နှင့် တိုင်ပင်၍ အကောင်းဆုံး နည်းလမ်း ရွေးချယ်နိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Thu Thu Win မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement