backup og meta

ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

    အသက်ကြီးလာတဲ့အခါ ခန္ဓာကိုယ်ကြီးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ ကျဆင်းလာသလို စိတ်ပိုင်းဆိုင်ရာအရလည်း ထိလွယ်ရှလွယ် ပိုဖြစ်လာတတ်ပါတယ်။ ဒါကြောင့်လည်း လူကြီးတွေကို အစာစားချင်စိတ် ပျောက်ဆုံး  မနေအောင်၊ အာဟာရဓာတ်တွေ လုံလောက်ပြည့်ဝနေအောင် ဖြည့်ဆည်းနေနိုင်ဖို့ လိုအပ်တာပေါ့။

    အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ဆိုရင် လူကြီးတွေ အစားအသောက်ပျက် မနေဖို့ လိုအပ်ပါတယ်။ အကြောင်းကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ လူကြီးတွေအနေနဲ့ အကြောင်းပြချက် အမျိုးမျိုးကြောင့် အစားအသောက်ပျက်တတ်ကြပါတယ်။

    အစာစားချင်စိတ်ပျောက်ဆုံး ပြီး အစားအသောက်ပျက် တဲ့အခါ လိုအပ်တဲ့အာဟာရဓာတ်တွေကို ဖြည့်ဆည်းနိုင်တော့မှာ မဟုတ်တာမို့ တခြားကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်သလို ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင် ဘာလုပ်ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

    ဘာကြောင့် အစားအသောက်ပျက်သလဲ

    လူနေမှုပုံစံနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေက သက်ကြီးရွယ်အိုတွေ ဘိုးဘိုးဘွားဘွားတွေကို အစာစားချင်စိတ် ပျောက်ဆုံးစေတတ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရဆိုရင်လည်း ခန္ဓာကိုယ်ကြီးရဲ့ ဇီဝကမ္မဖြစ်စဉ်ပြောင်းလဲလာတာ၊ အရသာခံနိုင်စွမ်းကျဆင်းလာတာနဲ့ သွား၊ အူလမ်းကြောင်းနဲ့ အစာခြေစနစ်တွေ ယိုယွင်းလာတာတွေဟာလည်း အစာစားချင်စိတ်ကို လျှော့ကျစေတဲ့ အကြောင်းပြချက်တွေပါပဲ။

    ဒါ့အပြင် အောက်ပါ ကျန်းမာရေး ပြဿနာတွေကြောင့်လည်း အစာစားချင်စိတ်ပျောက်ဆုံး စေနိုင်ပါသေးတယ်။

    • စိတ်ဖိစီးမှု ဒါမှမဟုတ် အထီးကျန်မှု
    • မှတ်ဉာဏ်ပျောက်ဆုံးမှု
    • ဆေးဝါးတွေ မှီဝဲနေရတာကြောင့် ဘေးထွက်ဆိုးကျိုးခံစားရတာ
    • အိပ်မပျော်တာကြောင့်
    • ပါကင်ဆန်ရောဂါ
    • လည်ချောင်းကင်ဆာ
    • ပါးစပ်နဲ့ လည်ချောင်း ကူးစက်ရောဂါရနေတာ
    • သွားနဲ့ ခံတွင်းပြဿနာ
    • တံတွေးဂလင်းပြဿနာ
    • သိုင်းရွိုက်ရောဂါတစ်ခုခုရှိနေတာ စတာတွေကြောင့်လည်း အစားအသောက်ပျက်နိုင်ပါသေးတယ်။

    ဒါပေမယ့် ဒီလို ကျန်းမာရေးပြဿနာတွေကြောင့်ချည်း မဟုတ်ဘဲ တခြားသော လူမှုဘဝ ပတ်ဝန်းကျင်ဖိအားတွေ၊ စီးပွားရေးအခြေအနေတွေ၊ မိသားစုအခြေအနေတွေလို အကြောင်းပြချက်အမျိုးမျိုးကြောင့်လည်း အစားအသောက်ပျက်နိုင်ပါသေးတယ်။

    ဘယ်လိုပဲဖြစ်ဖြစ် အစားအသောက်ပျက်တာဟာ သက်ကြီးရွယ်အိုတွေကို ပိုပြီးထိခိုက်စေနိုင်တာမို့ ပြုစုကုသပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ လိုအပ်တဲ့အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝမရရှိတဲ့အခါ လူကြီးတွေဟာ လူငယ်တွေထက် ပိုပြီး ထိခိုက်ခံစားရနိုင်တာကြောင့်ပါ။

    လူကြီးတွေ အစာစားချင်စိတ်ပျောက်ဆုံး နေရင် ဂရုစိုက်ပါ

    ကျန်းမာသန်စွမ်းတဲ့ လူငယ်လူရွယ် တစ်ယောက်ဟာ အစာမစားဘဲ ၁၀ ရက်ကနေ ၁၄ ရက်အထိ ရှင်သန်နိုင်ပါတယ်။ ဒါပေမယ့် အသက် ၆၀ အထက် လူကြီးတစ်ယောက်ကတော့ အဲ့ဒီပမာဏရဲ့ ၄ ပုံတစ်ပုံလောက်ပဲ ခံနိုင်ရည်ရှိပါလိမ့်မယ်။

    အစာစားချင်စိတ်ပျောက်ဆုံးပြီး လုံလောက်တဲ့ အာဟာရဓာတ်တွေ မဖြည့်ဆည်းနိုင်ရင် လူကြီးတွေရဲ့ ထိခိုက်မှုနှုန်းက ပိုလျင်မြန်တဲ့သဘောပါ။ ပုံမှန်အစာစားနေတယ်ဆိုရင်တောင်မှ အစာစားချင်စိတ် နည်းပါးပြီး သေချာ ဝဝလင်လင်မစားဘူးဆိုရင် ဘိုးဘိုးဘွားဘွားတွေအနေနဲ့ ကျန်းမာရေးထိခိုက်လာမှာပါ။

    ဘိုးဘိုးဘွားဘွားတွေ အစာစားချင်စိတ်ပျောက်ဆုံး နေခဲ့ရင်

    ဒီလိုအခြေအနေမျိုး ကြုံလာရပြီဆိုရင် အောက်ပါ နည်းလမ်းတွေနဲ့ အာဟာရပြည့်ဝပြီး ကျန်းမာရေး မထိခိုက်စေဖို့ ကူညီပြုစုပေးနိုင်ပါတယ်။ နည်းလမ်းတွေကတော့

    အစာစားချိန်ကို ပုံမှန်သတ်မှတ်ပေးထားပြီး စနစ်တကျပြင်ဆင် ကျွေးမွေးဖို့ လိုအပ်ပါတယ်။ ကြုံသလို စားစေတာက ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယယ်။ စားတဲ့ပမာဏ အနည်းအများပေါ် မူတည်ပြီး တစ်နေကို ၃ ကြိမ်ကနေ ၅ ကြိမ်အထိ ခွဲကျွေးတာမျိုးပြုလုပ်သင့်ပါတယ်။

  • ပမာဏနည်းနည်း အာဟာရဓာတ်များများ 
  • လူကြီးတွေဟာ အသက်အရွယ်နဲ့ ခန္ဓာကိုယ်အနေအထားအရ အစာအများကြီး မစားနိုင်တော့ပါဘူး။ ဒါကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သူတို့စားနိုင်သမျှ ပမာဏထဲမှာ အာဟာရဓာတ် ပြည့်ဝဖို့ကို ပိုဦးစားပေးရပါမယ်။ ပမာဏနည်းရင်တောင်မှ လိုအပ်တဲ့ ကယ်လိုရီပမာဏ ပြည့်ပြည့်ဝဝဖြည့်ဆည်းပေးနိုင်တဲ့ ထောပတ်သီး၊ အသား၊ ဒိန်ခဲ၊ ဥ၊ သံလွင်ဆီနဲ့ ပဲတို့လို အစားအစာတွေကို ပိုကျွေးပါ။

    • စားရလွယ်အောင်ပြင်ဆင်ပါ

    ထမင်းစားပွဲမှာ ဇွန်းတွေ၊ ခရင်းတွေ၊ ဓားတွေ ဆင်ယင်ပြီး ရှုပ်ရှက်ခက်နေအောင် ကျွေးမွေးရတဲ့ အစားအစာမျိုးတွေထက် မျက်စိရှင်းပြီး ရိုးရိုးရှင်းရှင်းအပြင်အဆင်မျိုးနဲ့ ခပ်လွယ်လွယ် ခပ်ယူစားသုံးနိုင်တာမျိုးတွေကို ပိုပြီးပြင်ဆင်ပေးပါ။

    အလွယ်တကူ ယူစားလို့ရတဲ့ အဆာပြေစာတွေဆောင်ထားပေးပါ။ အသက်အရွယ်ကြီးရင့်သူတွေဟာ ပုံမှန် ထမင်း ၃ နပ်ကို အားရပါးရစားရတာထက် အစာပြေစားလေးတွေကို ခဏခဏစားရတာကို ပိုသဘောကျတတ်ကြပါတယ်။

    • ဖျော်ရည် တိုက်ကျွေးပါ

    နို့တွေ၊ ဖြည့်စွက်စာဖျော်ရည်တွေနဲ့ သစ်သီးဖျော်ရည်တွေကို နေ့စဉ်တိုက်ကျွေးပါ။ ဒီနည်းလမ်းဟာ လူကြီးတွေကို ဝမ်းမှန်စေသလို အာဟာရလည်း ပြည့်ဝေစေပါလိမ့်မယ်။

    • သူတို့ နှစ်သက်တာကဘာလဲဆိုတာကို သိနားလည်ပါ

    အသက်အရွယ်ကြီးရင့်လာချိန်မှာ အကြိုက်တွေလည်း ပြောင်းသွားတတ်ပါတယ်။ အာဟာရပြည့်ဝတာတွေချည်း ကျွေးနေပေမယ့် သူတို့မနှစ်သက်ဘူးဆိုရင် ပိုပြီး အစာစားချင်စိတ်ပျောက်ဆုံး သွားစေနိုင်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝရုံတင်မက သူတို့လည်း နှစ်သက်မယ့် အစားအစာတွေကို သေချာစောင့်ကြည့် ရွေးချယ်ပြီး ကျွေးမွေးရင် ပိုပြီအလုပ်ဖြစ်ပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 16/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement