backup og meta

ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ ။   ။

    ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ က ဘာတွေများ ဖြစ်မလဲ။ ကလေးရဲ့ချက်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ မပြောခင် ချက်ကြိုးဆိုဘာလဲ၊ သူ့တာဝန်က ဘာလဲဆိုတာ အရင်ပြောပြချင်ပါတယ်။ ။

    ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ ။ ။

    ကလေးချက်ကြိုးနဲ့ ပတ်သက်ပြီး မေမေတို့ သိထားသင့်သည်များ ကတော့

    ချက်ကြိုးဆိုတာဘာလဲ။ ။

    မေမေတို့ဗိုက်ထဲမှာရှိနေတဲ့ ရင်သွေးလေးတွေ အချင်းဆီကနေ အောက်ဆီဂျင်နဲ့ အာဟာရတွေရအောင်လို့ ချက်ကြိုးက ကလေးနဲ့ အချင်းကြားထဲကနေ ဆက်သွယ်ပေးထားပါတယ်။ ဒါကြောင့် ဗိုက်ထဲက ရင်သွေးလေးတွေ အတွက်တော့ချက်ကြိုးက မရှိမဖြစ် အရေးကြီးတဲ့အရာတစ်ခုပါ။

    ကလေးမွေးပြီးရင် ချက်ကြိုးကိုဘယ်လိုဂရုစိုက်ရမလဲ။ ။

    ဗိုက်ထဲကနေ အပြင်ကိုရောက်လာတဲ့အခါမှာတော့ ချက်ကြိုးရှိနေဖို့ မလိုအပ်တော့တဲ့အတွက် ချက်ကြိုးကို ကလေးမွေးပြီးပြီးချင်း ဖြတ်ထုတ်လိုက်ရပါတယ်။ ဖြတ်ထုတ်ပြီး ကလေးဆီမှာ ကျန်ခဲ့တဲ့ ချက်ကြိုးအပိုင်းလေးကို ဂရုစိုက်ပေးဖို့က အင်မတန်မှ အရေးကြီးပါတယ်။ သူကကလေးရဲ့ဗိုက်နဲ့ ဆက်နေတဲ့အတွက်ကြောင့် အပြင်က ပိုးတွေ ချက်ကြိုးကနေ ဝင်သွားရင် ကလေးအတွက် အန ္တရာယ်အများကြီး ရှိနိုင်လို့ပါ။

    ကလေးချက်က ပုံမှန်ဆို ဘယ်အချိန်ကြွေတတ်လဲ။ ။

    မွေးစကလေးတစ်ယောက်ရဲ့ချက်က ၇ရက်ကန ၂၁ရက်အတွင်းမှာ ဘာပိုးဝင်တဲ့ လက္ခဏာမှ မရှိဘဲ သူ့ဘာသာ ကြွေသွားရမှာပါ။ ချက်ကြွေသွားပြီးရင် ကျန်ခဲ့တဲ့ အနာလေးက ၁ပတ်ကနေ ၂ ပတ်အတွင်းမှာတင် ကျက်သွားတတ်ပါတယ်။

    ချက်ကြိုးကြွေတဲ့အချိန်မှာ ကလေးသေးခံမှာ သွေးစလေးတွေ တွေ့ရတတ်ပါတယ်။ အရမ်းကြီး စိတ်မပူပါနဲ့။ ဒါချက်ကြွေရင်ဖြစ်နေကြ အရာတစ်ခုပါ။ အနာကိုသာ သန့်သန့်ရှင်းရှင်းထားပေးရင် အချိန်တာနဲ့ အနာကျက်သွားမှာပါ။

    ဒါဆို ချက်မကြွေခင် ကလေးချက်ကို ဘယ်လိုဂရုစိုက်ရမလဲ။ ။

    ကြွေသင့်တဲ့အချိန်မှာ ဘာပိုးဝင်ခြင်းမှ မရှိဘဲချက်ကြွေသွားဖို့အတွက် မေမေတို့ဘက်က မကြွေခင် ချက်ကြိုးကို ဂရုစိုက်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။ ။

    • ကလေးချက်ကြိုးအပိုင်းလေးကို သန့်ရှင်းခြောက်သွေ့နေအောင်ထားပါ။
    • ကလေးသေးခံကို ချက်ကြိုးနဲ့ ပေးမထိပါနဲ့။ ကလေးအညစ်အကြေးတွေနဲ့ချက်ကြိုးနဲ့ထိမိသွားရင် ပိုးဝင်သွားတတ်လို့ပါ။
    • ကလေးချက်ကြိုးတန်းလန်းဖြစ်နေတဲ့အချိန်မှာ ရေချိုးပေးမယ့်အစား ရေပတ်ပဲတိုက်ပေးပါ။ ရေပတ်တိုက်ရင်လည်း ချက်ကြိုးကိုရှောင်တိုက်ပါ။
    • လေဝင်လေထွက်ကောင်းတဲ့ အင်္ကျီတွေ ကလေးကို ပေးဝတ်ပါ။ ဒါမှ ချက်ကြိုးနဲ့ ပြင်ပကလေးနဲ့ထိပြီး အောက်ဆီဂျင်လည်းရ ချက်ကြိုးလည်း မြန်မြန်ခြောက်မှာပါ။
    • ကလေးချက်ကြိုးတန်းလန်းဖြစ်နေတာကို အသည်းယားပြီး ချက်ကြိုးကို ညှပ်ထားတဲ့ ကလစ်ကို ဖြုတ်ဖို့ ယောင်လို့တောင် မစဉ်းစားမိပါစေနဲ့။
    • ပိုးဝင်တာကနေ ကာကွယ်ဖို့အတွက် ကလေးချက်ကြိုးထဲကို အရက်ပြန်ထည့်တာမျိုးက လုံးဝမလုပ်သင့်တဲ့ အရာတစ်ခုပါ။ ချက်ဆိုတာ အရက်ပြန်သုတ်မှ မြန်မြန်ကြွေသွားတာ မဟုတ်ပါဘူး။ အပေါ်မှာ ပြောခဲ့သလို သေချာဂရုစိုက်ပေးရင် ဘာပိုးမှ မဝင်ဘဲ ကြွေချိန်တန်ရင် ကြွေသွားတတ်တာမျိုးပါ။

    အခန့်မသင့်လို့ချက်ထဲ ပိုးဝင်သွားရင် ဘယ်လိုလုပ်ရမလဲ။ ။

    ချက်ထဲ ပိုးဝင်တာက တကယ်ကို ရှားတဲ့အရာတစ်ခုပါ။ အခန့်မသင့်ရင်ဖြစ်တတ်တဲ့အတွက်

  • ချက်ပတ်လည်တစ်ဝိုက်မှာ နီရဲနေမယ်။
  • ချက်ကိုထိလိုက်ရင် ကလေးက ငိုမယ်။
  • ကလေးဖျားနေမယ်။
  • ချက်အနာကလည်း ၁ ပတ် ၊ ၂ ပတ်အထိ မကျက်သေးဘဲ ပြည်ထွက်နေမယ်ဆိုရင် ဘာမှ စဉ်းစားမနေဘဲ ဆရာဝန်ဆီပြေးတာသာ အကောင်းဆုံးပါ။ ။
  • ချက်ကြိုးဆိုတာ မွေးစကလေးတစ်ယောက်အတွက် အရမ်းအရေးကြီးလို့ မေမေတို့ သေချာ ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement