backup og meta

သင်သိထားသင့်တဲ့ ပြေးခြင်း၏အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်သိထားသင့်တဲ့ ပြေးခြင်း၏အကျိုးကျေးဇူးများ

    လေ့လာချက်များအရ ပြေးခြင်း ဟာ စိတ်ပိုင်းဆိုင်ရာအတွက်ရော၊ ကိုယ်ခန္ဓါအတွက်ပါ အကျိုးများစွာ ဖြစ်စေပါတယ်။ ပုံမှန် ပြေးခြင်းဖြင့် ရရှိနိုင်သော အကျိုးများကို အောက်တွင် ဖေါ်ပြထားပါတယ်။

    ပျော်ရွှင်မှု

    ကိုယ်လက်လှုပ်ရှားမှု တိုင်းဟာ သင့်ကို တက်ကြွစေပါတယ်။ ပြေးခြင်းဟာ သင့်ခန္ဓါကိုယ်ပေါ် ကြီးမားသော သက်ရောက်မှုရှိသောကြောင့် အခြားအားကစားနည်းများထက် ဟော်မုန်းပမာဏကို ပိုမိုကောင်းမွန်စေပါတယ်။ လေ့လာချက်အရ ပြေးခြင်းဟာ ခန္ဓါကိုယ်အတွင်းမှ endocannabinoid လို့ခေါ်သော ဟော်မုန်းတစ်မျိုးကို ထွက်စေခြင်းဖြင့် စိတ်ကျေနပ် မှုကိုရစေပါတယ်။ ချက်ချင်း စိတ်ဓါတ်ပြန်လည် တက်ကြွစေတဲ့အတွက် စိတ်ဖိစီးမှုခံစားနေရသူများအတွက် သင့်တော်ပါတယ်။

    ကိုယ်ခန္ဓါကြံ့ခိုင်မှု

    ပြေးခြင်းက အဆီများကို လျင်မြန်စွာကျစေပြီး ခန္ဓါကိုယ်ကို ပုံစံကျလှပစေပါတယ်။ ကိုယ်အလေးချိန်လျော့ကျကာ ကယ်လိုရီများ လောင်ကျွမ်းစေပါတယ်။ အရမ်းမြန်မြန်ပြေးစရာမလိုပါ။ အရမ်းမပြင်းထန်သော အားကစားနည်းများက သင့်ခန္ဓါကိုယ်ကို ပို၍ အကျိုးဖြစ်ထွန်းစေပါတယ် ဟု သိပ္ပံပညာအရ တွေ့ရှိထားပါတယ်။

    သို့သော် ပြေးခြင်းက ဆာလောင်ခြင်းကို ဖြစ်စေပါတယ်။ မနက်ဘက် ထပြေးပြီးပါက တစ်နေု့လုံး ကိုယ်စားချင်သလို ကြိုက်သလောက် စားနိုင်သည် ဟူသော အသိကမှားယွင်ပါတယ်။ အစားအသောက်ကို ထိန်းချုပ်မှုမရှိပါက အလားကားအချည်းနှီး ဖြစ်ပါလိမ့်မယ်။

    စိတ်ပိုင်းဆိုင်ရာ စူးရှခြင်း

    အသက်ကြီးလာသည်အမျှ သင့်ဦးနှောက်၏ စွမ်းဆောင်ရည်များ ကျဆင်းလာပါတယ်။ တွေးခေါ်ခြင်းများ နှေးလာပြီး မှတ်ဉာဏ်များ ပျောက်ဆုံးစေပါတယ်။ ပြေးခြင်းက ထို ဆုတ်ယုတ်ခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။ အသက်ကြီးသူများ ပုံမှန် ပြေးပါက မှတ်ဉာဏ်ကောင်းစေပြီး အာရုံစူးစိုက်မှု ပိုကြာစေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရလည်း ပိုမို တိုးတက်ပါတယ်။ လေဖြတ်ပြီးသူများသည် ပုံမှန် အားကစားတစ်ခု လုပ်ပါက ဦးနှောက်စွမ်းဆောင်ရည် ကို ၅၀% ပြန်ကောင်းစေပါတယ်။

    ကျန်းမာသော ခန္ဓါကိုယ်

    ပြေးခြင်းက ရောဂါများကို ပျောက်အောင် မကုသနိုင်သော ရောဂါများကို ကာကွယ်နိုင်ပါတယ်။ ပုံမှန် ပြေးသော အမျိုးသမီးများက ရင်သားကင်ဆာကာကွယ် နိုင်ခြင်း၊ လေဖြတ်နိုင်ချေကို နည်းစေခြင်း တို့ဖြင့် အကျိုးပြုပါတယ်။ ဆရာဝန်အတော်များများက ဆီးချိုနှင့် သွေးတိုးကုသ နေထိုင်နည်းများတွင် ပြေးခြင်းကို ထောက်ခံလေ့ရှိကြသည်။ သင်ကပြေးနေစဉ် သင့်သွေးလွှတ်ကြောများ နှင့် နှလုံးတို့က ပိုသန်စွမ်းလာပြီး ရုတ်တရက်နှလုံးရပ်ခြင်း အန္တရာယ်ကို နည်းစေပါတယ်။ ထို့ပြင် အားကစားပြုလုပ်ပါက ခန္ဓါကိုယ်ထဲရှိ အဆိပ်အတောက်များကို ပြေလျော့စေပါတယ်။ ထို့ကြောင့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ထို့ကြောင့် ပြေးခြင်းက ကိုယ်ခံအားစနစ်ကို မြင့်စေပြီး ကျန်းမာရေးကောင်းမွန်စေပါတယ်။

    အားကစားလုပ်ရန် သီးသန့် အခန်းကျယ်ကြီး မလိုအပ်ပေ။ ပြေးခြင်းက သင့်အား ငွေမကုန်စေပါ။ သင့်အား အကောင်းဆုံး ကျန်းမာရေးအကျိုးများ ပေးနိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr.Nyan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement