backup og meta

သင်ဘယ်လောက်အကြာမှာ ဘယ်နှစ်ကြိမ်လောက် ပြေးသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ဘယ်လောက်အကြာမှာ ဘယ်နှစ်ကြိမ်လောက် ပြေးသင့်သလဲ

    လေ့ကျင့်ခန်းလို့ဆိုလိုက်ရင်ပဲ ဘယ်နှစ်ကြိမ်လုပ်သင့်တယ်ဆိုတာက အရေးကြီးလွန်းလှပါတယ်။ ပြေးခြင်းမှာလည်း ခြွင်းချက်မရှိပါဘူး။ တစ်ပတ်အတွင်းမှာ ဘယ်လောက်ပြေးရမယ်ဆိုတဲ့ အချိန်နဲ့ အကြိမ်အကန့်အသတ်ဟာ ထိရောက်မှုရှိစေပါတယ်။

    သင်ဘယ်နှစ်ကြိမ်ပြေးသင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သင်ပြေးရခြင်းရဲ့ ရည်ရွယ်ချက်ကို အရင်သိဖို့လိုမှာပါ။ ဘာလို့ ပြေးတာလဲ။ ပြေးရခြင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ကျန်းမာရေးဆိုင်ရာ ရည်ရွယ်ချက်တွေ၊ အလေးချိန်ချချင်တာတွေ ဒါမှမဟုတ် သင့်ကောင်မလေးက သင်ညဘက် သူငယ်ချင်းတွေနဲ့ ညလုံးပေါက် အပြင်ထွက်တာမျိုး၊ အရက်သောက်တဲ့ အကျင့်မျိုးတွေထက်ပိုကောင်းတဲ့ အလေ့အထကို ရစေချင်လို့ ဆိုတာလည်း ပါမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တကယ်လို့များသင်က ပြေးဖို့ဆုံးဖြတ်လိုက်ပြီး သေချာပေါက်လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိနေရင်တော့ တစ်ပတ်မှာ ၃ရက်ပြေးတာက သင့်လျော်ပါလိမ့်မယ်။

    တစ်ပတ်သုံးရက် အချိန်ဇယား

    ဘာကြောင့် တစ်ပတ်မှာ ၃ရက်တည်း ပြေးရမှာလဲ။ တစ်ပတ်မှာ ၇ရက်လုံးပြေးချင်လဲရပါတယ်။ သင်က ခုမှ ပြန်ပြီးပြေးတာဖြစ်နိုင်သလို ခုမှ စပြီးပြေးမယ့်သူလည်း ဖြစ်နိုင်ပါတယ။် တစ်ပတ်မှာ ၃ရက်ပြေးတာက အရေးအကြီးဆုံးဖြစ်တဲ့ အနားယူဖို့အချိန်၊ ပြန်လည်ကောင်းမွန်မယ့်အချိန်တွေကို ပေးစွမ်းနိုင်ပါတယ်။

    ဒီနေ့ခေတ်ကြီးမှာ လူတိုင်းက အလုပ်များကြတာကြောင့် တစ်ပတ်မှာ ၅ရက်ကနေ ၆ရက်ပြေးတာက များလွန်းပါတယ်။ ဒါမှမဟုတ်လည်း တွန်းအားတွေနဲ့ဖြစ်နေပါလိမ့်မယ်။ အထူးသဖြင့် သင်က ခုမှ စပြေးတဲ့သူဆိုရင်ပေါ့။ ဒီလို ကြပ်မတ်တဲ့ အချိန်ဇယားနဲ့ဆိုရင် သင့်ကိုယ်သင် ထိခိုက်စေနိုင်မယ့် အန္တရာယ်တော့ ရှိပါတယ်။

    ဘာကြောင့်လဲဆိုတော့ သင့်ခန္ဓါကိုယ်က ဒီလုပ်ငန်းစဉ်ကြီးကို လက်မခံနိုင်သေးဘူးလေ။ တစ်ပတ်မှာ ၂ရက်ပြေးတာကျပြန်တော့လည်း ၂ရက်လုံး အားသွန်ခွန်စိုက်ပြေးမယ်ဆိုရင်တောင် ထိရောက်မှု သိပ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ပတ်လုံးရဲ့ ကျန်တဲ့အချိန်တွေမှာ ဘာတွေလုပ်နေမှာလဲ။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ တိုးတက်လာဖို့အတွက် မှန်ကန်တဲ့ ကြားပိုင်း၊ ကြားချိန်တွေ လိုအပ်ပါတယ်။

    တစ်ပတ် ၂ရက်ပြေးခြင်းက တိုးတက်လာစေဖို့အတွက်တော့ ခက်ခဲကြန့်ကြာစေပါလိမ့်မယ်။ တကယ်လို့များ ကြာကြာစောင့်ကြည့်မယ်ဆိုရင် နောက်တစ်ခေါက်ထပ်ပြေးဖို့အတွက် ပြေးလိုစိတ်လည်းရှိတော့မှာမဟုတ်သလို ပြေးနိုင်ဖို့ ခွန်အားသတ္တိတွေလည်း ကုန်ခမ်းသွားပါလိမ့်မယ်။ ကျွန်တော်တို့က တစ်ပတ် တစ်ရက်ပြေးတာကိုတော့ စကားထဲ ထည့်ပြောနေမှာမဟုတ်ပါဘူး။

    ဘာကြောင့်လဲဆိုတော့ ဒါကို ပြေးတယ်လို့တောင် မဆိုနိုင်ဘူးလေ။ ဒါကြောင့် တစ်ပတ်ကို ၃ရက် ဒါမှမဟုတ် ၄ရက်ပြေးတာက အကောင်းဆုံးပါပဲ။ သင့်မှာ ဖြည်းဖြည်းချင်းစဖို့နဲ့ သင့်ခွန်အားတွေကို နောက်ပိုင်းမှာ ကြာကြာပြေးနိုင်ဖို့ သက်လုံကောင်းဖို့အတွက် အချိန်ယူဖို့ လိုအပ်ပါတယ။် ပြီးတော့ ဒီအချိန်ဇယားဟာ ကြပ်မတ်နေတဲ့ အချိန်ဇယားမဟုတ်တာကြောင့် ပြေးဖို့ အချိန်ယူရတဲ့နေရာမှာ ပိုပြီးလွယ်ကူစေပါတယ်။

    ထပ်ပြောစရာရှိတာကတော့ တစ်ပတ် ၃ရက် အချိန်ဇယားမှာ သင့်လိုအပ်ချက်တွေအတွက် အချိန်ပိုယူချင်တာမျိုးတွေ ရှိကောင်းရှိနိုင်ပါတယ်။ အကောင်းဆုံး ရလဒ်တွေအတွက်တော့ ပြေးခြင်းနဲ့အတူ လေ့ကျင့်ခန်းလုပ်တာတွေ၊ cross-training တွေ တွဲလုပ်တာက ပိုကောင်းပါလိမ့်မယ်။ ဆိုကြပါစို့။ သင်က တစ်ပတ် ၃ရက်ပြေးတယ်ဆိုရင် cross-training အတွက် ၂ရက် ဒါမှမဟုတ် ၂ရက်ထက်ပိုယူတာက အဆင်ပြေပါတယ။်

    cross-training က သက်လုံနဲ့ အဓိကခွန်အား(core-strength) ကို တိုးတက်စေတာကြောင့် ပိုပြီးပြေးနိုင်တာမျိုး ပိုပြီးဝေးဝေးပြေးနိုင်တာမျိုးတွေကို ဖြစ်စေပါတယ်။ Cross-training တွေအများကြီးရှိပါတယ်။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ၊ အလေးမတာ ဒါမှမဟုတ် ရေကူးတာ စသဖြင့်ပေါ့။ တစ်ခုချင်းစီမှာတော့ ပြေးခြင်းနဲ့တွဲလိုက်မယ်ဆိုရင် ရနိုင်တဲ့ ကောင်းကျိုး တစ်ခုစီရှိကြပါတယ်။ ဒါကြောင့် တစ်ခုခုကို ရွေးချယ်ပြီး သင့်အတွက် ဘာက အဆင်အပြေဆုံးဖြစ်မလဲဆိုတာ ကြည့်ကြရအောင်။

    အရာအားလုံးကတော့ သင်ဘယ်လိုပြေးတယ်ဆိုတာနဲ့ ဘာရည်ရွယ်ချက်နဲ့ ပြေးတယ်ဆိုတဲ့အပေါ် မူတည်နေဆဲပါပဲ။ တကယ်လို့ သင်က မာရသွန်အတွက် လေ့ကျင့်မယ်ဆိုရင် အဆင့်မြင့်တန်းဖြစ်တဲ့ တစ်ပတ်ကို ၄ကြိမ်ကနေ ၆ကြိမ်ပြေးပြီး မကြာခဏ လေ့ကျင့်ခန်းလုပ်ပေးမယ်ဆို လုံလောက်ပါပြီ။

    ကိုယ်အလေးချိန်ကြောင့်ပြေးတဲ့ weight jogging ဆိုရင်တော့ အလေးချိန်လျော့ကျဖို့အတွက် လိုအပ်တဲ့ ပုံမှန်အကွာအဝေးတစ်ခုလိုအပ်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးချယ်မှုတွေ အားလုံးကတော့ သင့်သဘောပါပဲ။ သင့်အတွက် သင့်လျော်မယ့် တစ်ခုကို ရွေးချယ်ပြီး လေ့ကျင့်မှုအတွက် ရည်မှန်းချက် ပန်းတိုင်တစ်ခုကို ဆွတ်ခူးလိုက်ပါ။

    ပြေးခြင်းကို ဈာန်ဝင်သွားတဲ့ အခါမှာတော့ သင့်ရဲ့ လေ့ကျင့်မှုပုံစံ အစီအစဉ်က ပြောင်းလဲသွားပါလိမ့်မယ်။ သင့်ရဲ့ တိုးတက်မှု အခြေအနေပေါ်မူတည်ပြီး အလျှော့အတင်းလုပ်နိုင်ပါတယ်။ ဒါကြောင့် အလျင်မလိုပါနဲ့။ အေးဆေးလုပ်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement