backup og meta

စပြေးမည့်သူများအတွက် နည်းလမ်းကောင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စပြေးမည့်သူများအတွက် နည်းလမ်းကောင်းများ

    မင်္ဂလာပါ။ အပြေးလေ့ကျင့်တော့မလို့လား။ ဒါပေမယ့် ဘယ်ကစရမှန်းလဲမသိဘူးလား။ ဒါဆိုစပြေးမယ့်သူတွေအတွက် နည်းလမ်းကောင်းလေးတွေကို ဖတ်ကြည့်လိုက်ပါဦး။

    ပထမဆုံးအနေနဲ့ ပြေးတယ်ဆိုတာဘာလဲ နားလည်အောင် အရင်လုပ်ကြစို့။ လမ်းလျှောက်ခြင်းအပြင် ပြေးတယ်ဆိုတာကလဲ အခြေခံကျတဲ့ လေ့ကျင့်ခန်းပဲ။ အပြေးသမားဆိုတာ လူကြီးတွေရော လူငယ်တွေရော တောကလယ်သမားတွေပါ ပြေးနိုင်တာမျိုးပါ။ လူတိုင်း ပြေးနိုင်ကြပါတယ်။ တနင်္ဂနွေမနက်ကျရင် ပြေးမယ်လို့ သင်တွေးထားမယ်။ ဒါကြောင့် အိမ်ကနေ အပြေးထွက်ခဲ့မယ်ဆိုပါစို့။ တွေးလိုက်ရုံနှင့် စိတ်လှုပ်ရှားစရာကောင်းသလို ပထမတော့ ခက်ခဲနေပါလိမ့်မယ်။

    ဒါပေမယ့် တန်ပြန်သက်ရောက်မှုတွေ ရှိလာနိုင်တယ်။ ဘာလို့ဆိုတော့ သင့်ခန္ဓါကိုယ်ကို ပြေးဖို့အတွက် သင်မပြင်ဆင်ထားဘူး။ ဒီတော့ အလွယ်တကူမောလာမယ်။ ကြွက်သားတွေလဲ နာလာပါလိမ့်မယ်။ အားကစားအဝတ်အစားတွေ ဖိနပ်တွေဝတ်လိုက်ရုံနဲ့ ပြေးဖို့အဆင်သင့်ဖြစ်မသွားပါဘူး။ ပလက်ဖောင်းနဲ့ခလုတ်တိုက်မိတာတို့ ခြေထောက်နာသွားတာတို့ဆိုတာလဲ တစ်ခါတစ်လေ ရှောင်မရပဲ ဖြစ်လာတတ်တာမျိုး။

    ဒါကြောင့် စပြေးတော့မယ်ဆိုရင် သေချာပြင်ဆင်ပါ။ ဒီမှာ နည်းလမ်းကောင်းတစ်ချို့ကို ဖော်ပြပေးထားပါတယ်။

    အားကစားအဝတ်အစားအတွက် ငွေသုံးပါ။ အပြေးဖိနပ်ကောင်းကောင်း တစ်ရံက ပြောသလောက်ဈေးမကြီးပါဘူး။ လပိုင်းလောက်ခံတာမျိုးမဟုတ်ပဲ နှစ်ချီခံမယ့်ဖိနပ်မျိုးကို ဝယ်လိုက်ပါ။ ထို့အပြင် ပြေးသည့်စတိုင်၊ ခြေထောက်ပုံစံတို့ကလည်း တစ်ဦးနဲ့တစ်ဦး မတူကြပါဘူး။ တစ်ပတ်သုံးကြိမ်လောက် ပြေးမယ်ဆိုရင် သူနဲ့သင့်တော်သည့် ဖိနပ်ရှိသလို တစ်ပတ် ငါးကြိမ် ဒါမှမဟုတ် တစ်ပတ်လုံးပြေးမယ်ဆိုလဲ သင့်တော်တဲ့ဖိနပ်တစ်ရံ ရွေးလို့ရပါတယ်။ အပြေးဖိနပ်ကောင်းကောင်းတစ်ရံရှိထားတာက ပြေးတဲ့အခါမှ အဆင်ပြေပြေ သက်တောင့်သက်သာနဲ့ ပြေးနိုင်ပါလိမ့်မယ်။

    သင့်လျော်တဲ့ အချိန်ဇယားကိုဆွဲပါ။ သင်ကြိုက်တဲ့အချိန်ပြေးနိုင်တယ် ဆိုပေမယ့်လည်း သင်ဟာ မာရသွန်သမားမဟူတ်လို့ အချိန်တစ်ခုထားပေးတာက ပိုအကျိုးထူးစေပါလိမ့်မယ်။ အချိန်သတ်မှတ်တာကလဲ သင့်ရဲ့ဇီဝနာရီနဲ့ အံကိုက်ကျအောင် လုပ်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ပြေးမယ့်အချိန်မှတ်ထားတာက သင့်အလုပ် သင့်မိသားစုအတွင် အချိန်ပိုရစေနိုင်ပါတယ်။ အကောင်းဆုံးတာ အစပိုင်းမှာ တစ်ကြိမ်ကို နာရီဝက်လောက်နဲ့ တစ်ပတ် သုံးရက်စတင်တာ အကောင်းဆုံးပါပဲ။ နောက်မှ တဖြည်းဖြည်းချင်း တိုးသွားပေါ့။ ပြေးနေရင်းလည်း လမ်းလျှောက်တာမျိုး လုပ်ပေးတာက အမောသက်သာစေပါလိမ့်မယ်။ နောက်ပိုင်းသက်လုံကောင်းလာတဲ့အခါကျ လမ်းလျှောက်တာကို တဖြည်းဖြည်းလျော့နိုင်ပါတယ်။

    တစ်ခါတစ်လေမှာ ကိုယ့်ကိုယ်ကိုတွန်းအားပေးရပါတယ်။ စပြေးပြေးချင်းတော့ ပင်ပန်းလာသည်အချိန်များရှိလာမည်ဖြစ်ပြီး ဆက်မပြေးနိုင်တော့ဘူးဟု ထင်လာပါလိမ့်မယ်။ ထိုအခါမျိုးမှာ အိမ်ကို ပြန်လာ၊ ဇိမ်ကျတဲ့အိပ်ယာထဲလှဲပြီး သင်ညကမက်ခဲ့တဲ့ အိပ်မက်ကို ဆက်မက်ချင်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒိလိုအချိန်တွေ ရှိကိုရှိလာမှာပါ။ ရှိလာလျှင်လည်း ထိုအတိုင်းသာ လုပ်ချင်နေမှာပါ။ ဒါပေမယ့် မှတ်ထားရမှာပါ အသစ်တစ်ခုစလုပ်ရင် ခက်ခဲတယ်။

    သင်နဲ့အသားကျသွားတာနဲ့ အဆင်ပြေသွားမှာပါ။ ဒါအပြင် အပန်းမကြီးတာမျိုးနဲ့သာ စလုပ်ပါ။ စပြေးတဲ့နေ့မှာပဲ ၅ မိုင်လောက်ပြေးလိုက်ရင် နောက်နေ့လုပ်ချင်စိတ် ပျောက်သွားပါလိမ့်မယ်။ စစချင်း အေးဆေးသာလုပ်ပြီး ကိုယ့်ကိုယ်ကို သက်တောင့်သက်သာရှိအောင် လုပ်ပေးဖို့လိုပါတယ်။

    သွေးပူအောင်လုပ်ခြင်းနှင့် အကြောလျော့ခြင်း။ အဲ့ဒီနှစ်ချက်ကို ကျော်မလုပ်ပါနဲ့။ သူတို့တွေက ပြေးတဲ့နေရာမှာ အရေးကြီးပါတယ်။ သွေးပူအောင်လုပ်တာက သင့်ခန္ဓါကိုယ်ကို ပြေးမယ့်ပုံစံအဖြစ် ရောက်အောင်ကူညီပေးပါတယ်။ နှလုံးခုန်နှုန်းကိုလဲ တစ်ဖြည်းဖြည်း မြန်လာစေပြီး ကြွက်သားများကို နွေးလာစေပါလိမ့်မယ်။ အကြောလျော့တာကတော့ ပြောင်းပြန်ပေါ့။

    အကြောလျော့တာက ပြေးတဲ့အနေအထားကနေထွက်လိုက်ပြီး ပုံမှန်နေ့စဉ်သွားလာမယ့် ခန္ဓါကိုယ်အဖြစ်ပြောင်းလိုက်တာပါပဲ။ ဒါအပြင် သွေးပူအောင်လုပ်ခြင်းနဲ့ အကြောလျော့တာက ကြွက်သားများကို သန်မာစေပြီး ပျော့ပျောင်းစေတဲ့အပြင် ပြေးနိုင်စွမ်းကို တိုးစေပါတယ်။

    စားစရာ သောက်စရာများနဲ့ သင့်ခန္ဓါကိုယ်ကို ပြန်ဖြည့်တင်းပါ။ ဒါကို ရိုးရိုးလေးပဲတွေးကြည့်ပါ။ သင်ပြေးရင် စွမ်းအင်လိုမယ်။ ဒါကြောင့် ကျန်းမာရေးတဲ့ညီတာတွေကို စားသောက်တာမျိုးက လုပ်သင့်တာပေါ့။ ပြေးပြီးတဲ့နောက်မှာ ရေဓါတ်ပြည့်နေအောင် လုပ်ပါ။ ပြေးနေရင်းလဲ ရေဆာရင်သောက်ပေးပါ။ စွမ်းအင်တွေပိုလိုမယ်ထင်ရင်တော့ မပြေးခင် အစာပြေမုန့်စားတာမျိုး လုပ်ပေးနိုင်ပါတယ်။ ပြေးပြီးတဲ့နောက်လဲ ပရိုတင်း၊ ကာဗိုဟိုက်ဒြိုက် စသည့် လိုအပ်သမျှ အာဟာရများကို ဖြည့်ပေးပါ။ ဒါဆိုသင့်အတွက် ပိုမိုတက်ကြွစေပါလိမ့်မယ်။

    ခြုံပြောရမယ်ဆိုရင် ကျင့်သားမရခင်စပ်ကြားတော့ ပြေးတာက ခက်ခဲနေမှာပါ။ အထူးသဖြင့် အကြာကြီးရပ်ထားပြီးမှ ပြန်လုပ်လျှင် ပိုခက်နိုင်ပါတယ်။ ဒါပေမယ့် သင်လျော်တဲ့ပြင်ဆင်မှုတွေလုပ်ထားမယ်ဆိုရင်တော့ ပြေးတာရဲ့ အကျိုးကျေးဇူးတွေ သင်ရလာမှာအမှန်ပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement