သင်ကိုယ်အလေးချိန်လျှော့ရာမှာ ယောဂက ဘယ်လိုအထောက်အကူဖြစ်သလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

ယောဂဟာ ကျန်းမာရေးအတွက် အထောက်အကူပြုလွန်းတဲ့အချက်ကြောင့် လူသိများလာတာ နှစ်ကာလ ကြာမြင့်နေပါပြီ။ ဒါပေမဲ့ ယောဂသင်တန်းတွေနဲ့ ဂျာနယ်တွေကတော့ သာမန်ပိန်ရုံလောက်တင်မဟုတ်ဘဲ အရိုးသာသာပိန်နေတဲ့ မော်ဒယ်လ်တွေကို လုပ်ဖို့ခက်ခဲပြီး မဖြစ်နိုင်လောက်တဲ့ ပို့စ်တွေကိုလုပ်ခိုင်းပြီး ကြော်ငြာနေကြဆဲပါ။ လူအများစုကတော့ ယောဂဟာ လူငယ်တွေ၊ ပိန်ပါးပြီး အကြောပျော့တဲ့ မိန်းကလေးတွေအတွက်လို့ ထင်ကြပါတယ်။ တကယ်တမ်းမှာတော့ အဝလွန်နေတဲ့သူတွေတောင်မှ ယောဂရဲ့ အကျိုးကျေးဇူးတွေကို အများကြီးခံစားကြရပါသေးတယ်။

၁။ ယောဂနဲ့ အလေးချိန်လျှော့ခြင်းရဲ့ ဆက်စပ်မှုကို လေ့လာခြင်း

သင်က ကိုယ်အလေးချိန်မြင့်နေပြီး ပြုတ်ကျသွားတဲ့ ပစ္စည်းတွေကိုတောင် ကောက်ဖို့ ခက်ခဲနေပါသလား။ ဒါဆိုရင်တော့ ယောဂလေ့ကျင့်လို့ဖြစ်ပါ့မလားလို့ စိုးရိမ်နေတာက ဖြစ်သင့်ပါတယ်။ ယောဂဟာ သင့်ခန္ဓာကိုယ်က ပိုလျှံနေတဲ့ အလေးချိန်တွေကို ဖယ်ထုတ်ပစ်ဖို့ ကူညီပေးနိုင်ပါတယ်။ National Cancer Institute က ကူညီပေးထားတဲ့ လေ့လာမှုတစ်ခုကတော့ ယောဂလေ့ကျင့်ခြင်းနဲ့ ကိုယ်အလေးချိန်ကျခြင်း ကြားမှာ ဆက်စပ်မှုရှိနေတာကို တွေ့ခဲ့ပါတယ်။ ဒီလေ့လာမှုအရဆိုရင်တော့ ယောဂလေ့ကျင့်တဲ့ အဝလွန်နေသူတွေဟာ ခန့်မှန်းချေ ၅ပေါင်လောက်လျော့သွားတယ်ဆိုပါတယ်။ ဒီအချိန်ကာလအတွင်းမှာပဲ ယောဂမလေ့ကျင့်သူတွေကတော့ ၁၄ပေါင်တိုးလာပါတယ်တဲ့။

၂။ ဘယ်လိုကြောင့်လဲ။

ယောဂက သင့်ကို ပိန်အောင်ဘယ်လိုလုပ်ပေးသလဲဆိုတဲ့ မေးခွန်းအတွက် သိပ္ပံနည်းကျဖြေစရာ အဖြေမရှိပါဘူး။ ဖြစ်စဉ်ကြီးက ရှင်းတော့မရှင်းလင်းပေမယ့် စိတ်နဲ့ခန္ဓာကိုယ်ဆက်စပ်နေခြင်းနဲ့ ဆက်နွယ်နေတာဖြစ်နိုင်ပါတယ်။ ယောဂဟာ ပုံမှန်လေ့ကျင့်ခန်းလုပ်သလို၊ ပြေးသလို အဆီတွေကို သိသိသာသာမလောင်ကျွမ်းပေးစေနိုင်ပါဘူး။ ဒါဟာ သင့်ရဲ့စိတ်ကိုပဲ လွှမ်းမိုးနိုင်ပြီး စိတ်နဲ့ ခန္ဓာကြားက ဟာမိုနီကို ဖန်တီးပေးတာပါ။ ဖြည်းဖြည်းချင်းနဲ့ သင့်ရဲ့ ဘဝနေထိုင်မှုအလေ့အထတွေ၊ စားသောက်မှုပုံစံတွေပေါ်ပါ လွှမ်းမိုးလာပါတယ်။ ယောဂက သင့်ရဲ့အစားစားပုံအပေါ်ပိုပြီး ထိန်းချုပ်ပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ သင်စားနေကျပုံစံတွေကနေ သတိမပြုမိဘဲ ကွဲထွက်လာမှာဖြစ်ပြီး အစာအိမ်ကလည်း ဗိုက်ဝပြီလို့ ဆုံးဖြတ်တဲ့နေရာမှာလည်း ပြောင်းလဲလာပါလိမ့်မယ်။

၃။ သင့်အတွက် ယောဂက အကျိုးရှိအောင်လုပ်နိုင်မည့် အချက်များ

မှန်ရှေ့မှာ မလေ့ကျင့်ပါနဲ့။ သင့်ကိုယ်ဟန်အနေအထားမှန်မမှန်ဆိုတာကိုပဲ အာရုံစိုက်မိနေတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ယောဂနည်းပြတွေကတော့ ယောဂဟာ သင့်ရဲ့ အတွင်းသဏ္ဍာန်ကို ပိုပြီးအာရုံစိုက်ရင် ပိုအလုပ်ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ရှုပ်ထွေးတဲ့ပုံစံတွေနဲ့ သင့်ကိုယ်သင်စိန်ခေါ်တာက ကောင်းပါတယ်။ ဒါပေမဲ့ သင်ပင်ပန်းလာတဲ့အခါ အဲ့ဒီနေရာမှာတင် ခဏနားလိုက်ပါ။ ပြင်းပြင်းထန်ထန် တွန်းတိုက်လုပ်တာမျိုး ကို ရှောင်ပါ။ မဟုတ်ရင်တော့ အပင်ပန်းလွန်ပြီး လက်လျှော့ချင်စိတ်တွေ ဖြစ်လာပါလိမ့်မယ။် နောက်ဆုံးမှာတော့ အချိန်ဇယားဆွဲပြီး အချိန်ဇယားအတိုင်း မှန်မှန်ကန်ကန်လုပ်ပါ။ သင်တန်းပဲသွားသွား၊ အိမ်မှာပဲလေ့ကျင့်ကျင့် အချိန်မှန် ပုံမှန်လုပ်ဖို့ လိုပါတယ်။

တကယ်လို့များသင့်မှာ အဆီပိုတွေရှိနေသေးပြီး ယောဂက သင့်အတွက်တော့ အဆင်မပြေနိုင်ဘူးထင်နေရင် ပြန်စဉ်းစားပါ။ တစ်ပတ်ကို ယောဂသင်တန်းနှစ်ချိန်တက်ခြင်းဟာ သင့်ကိုပြောင်းလဲစေနိုင်ပါတယ်။ ဒါပေမဲ့ ပိုပြီးမြန်မြန်ဆန်ဆန်ပြောင်းလဲချင်တယ်ဆိုရင်တော့ ယောဂက သိပ်ပြီးအကျိုးရှိမှာမဟုတ်ပါဘူး။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဖေ‌ဖော်ဝါရီ 20, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း ဖေ‌ဖော်ဝါရီ 20, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။