သားအိမ်လေးကျန်းမာစေဖို့ ဘာတွေစားမလဲ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ခန္ဓာကိုယ် ဖွဲ့စည်းမှုအရလေဒီလေးတွေသာပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဒီခန္ဓာကိုယ်အစိတ်အပိုင်း ကငယ်စဉ်မှာ သိပ်အရေးမပါဘူးထင်ရပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ သူ့ရဲက အရေးပါမှုက များလာပါတယ်။ လစဉ်ရာသီသွေးဆင်းဖို့ လုပ်ဆောင်ပေးသလို မေမေဖြစ်နိုင်မယ့် အခွင့်အရေးအတွက်လည်း စွမ်းစွမ်းတမံစွမ်းဆောင်ပေးတဲ့ အစိတ်အပိုင်းလေးပါ။

သားအိမ်လေးကျန်းမာနေစေဖို့ ဘာတွေစားမလဲ

အရွယ်ရောက်လာတဲ့ လေဒီတိုင်းအတွက် သားအိမ်လေးကျန်းမာဖို့က မဖြစ်မနေလိုအပ်ပါတယ်။ သားအိမ်ကျန်းမာမှ ကိုယ်နဲ့ကိုယ်ချစ်ရသူအတွက် ကိုယ်ပွားလေးတွေ မွေးပေးနိုင်မှာကိုး။ ဒီတော့ ကျန်းမာတဲ့ သားသားမီးမီးလေးတွေကို မွေးဖွားနိုင်စေဖို့အတွက် ဘာတွေများစားမရမလဲ။ ဆက်ကြည့်လိုက်ရအောင်ပါ။

ကြက်ဥအနှစ်

ကြက်ဥအနှစ်က အာဟာရဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်ခုပါ။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးသလို သားအိမ်လေးကျန်းမာစေဖို့ လိုအပ်တဲ့ ကိုလင်းကိုလည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

သစ်သီးတွေ

ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးတွေဖြစ်ကြတဲ့ လိမ္မော်သီး၊ရှောက်ချိုသီးစဲ့ အချဉ်အရသာပါတဲ့ အသီးလေးတွေကို စားသုံးပေးပါ။ အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီသွေးမှန်စေသလို သားဥအိမ်ကင်ဆာ မဖြစ်အောင်လည်းကာကွယ်ပေးပါတယ်။ ကလေးယူဖို့ အစီအစဉ်ရှိရင် သစ်သီးများများစားပေးပါ။

နို့ထွက်ပစ္စည်းတွေ

ဒိန်ခဲ၊ ချိစ်၊ ဒိန်ချဉ်၊ နွားနို့တို့လိုမျိုး နို့ထွက်ပစ္စည်းတွေက ဗီတာမင် ဒီ နဲ့ ကယ်လ်ဆီယမ်ကြွယ်ဝတာကြောင့် သားအိမ်ကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

ပင်လယ်ငါး

Omega -3 Fatty Acid ကြွယ်ဝတဲ့ မက်ကာရယ်၊ဆယ်လ်မွန်၊ တူနာ၊ဆာဒင်းငါးတွေက လေဒီလေးတိုင်း မျက်နှာလွှဲမထားသင့်တဲ့ အစားအစာတွေပါ။ prostaglandin ပမာဏကို ကျဆင်းစေပြီး သားအိမ်ကို ကျန်းမာစေနိုင်ပါတယ်။

အခွံမာသီးတွေ

Omega -3 Fatty Acid ကြွယ်ဝတာကြောင့် သားအိမ်ကင်ဆာကာကွယ်ပေးသလို လမစေ့ဘဲ ကလေးမွေးဖွားတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးတွင်းကိုလက်စထရောကျဆင်းစေနိုင်သလို၊ ဟော်မုန်းပမာဏထိန်းညှိပေးပြီး သားအိမ်ကျန်းမာစေနိုင်တာကြောင့် သစ်ကြားသီး၊ နှမ်းကြတ်စေ့တို့ကို စားပေးသင့်ပါတယ်။

အခုပြောခဲ့တာလေးတွေ စားပေးလို့ သာအိမ်လေးကို စောင့်ရှောက်လိုက်ပါနော်….လေဒီလေးတို့ရေ……………

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်၊ ရောဂါစစ်ဆေးစမ်းသပ်ချက် (သို့) ကုသမှုများကို မလုပ်ဆောင်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇှနျ 10, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဇှနျ 10, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။