အိမ်ထောင်ပြုခြင်း၊ချိန်းတွေ့ခြင်းနှင့် သားအိမ်ခေါင်းကင်ဆာ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

တခြားကင်​ဆာ​တွေထက်​ သာအိမ်​​ခေါင်းကင်​ဆာက သင့်​အချစ်​​ရေး​ရေးမှာ အ​နှောင့်​အယှက်​တစ်​ခုဖြစ်​လာနိုင်​ပါတယ်​။ သားအိမ်​​ခေါင်းကင်​ဆာဆိုတာ HPV ပိုးသို့မဟုတ်​ လူအချင်းချင်းလိင်​ဆက်​ဆံရာမှကူးစက်​တဲ့ papillomavirus ​ကြောင့်​လည်းဖြစ်​ပါတယ်​။ ဒါကသင့်​ကိုစိတ်​ဖိစီး​စေပါတယ်​။ အထူးသဖြင့်​ ဒီအချက်​​ကြောင့်​ ဆက်​ဆံ​ရေးတစ်​ခုကြားမှာ အစိုင်​အခဲတစ်​ခုဖြစ်​လာရင်​​ပေါ့။

သင့်​လက်​တွဲ​ဖော်​ကို ရင်​ဖွင့်​ခြင်း

သင့်​လက်​တွဲ​ဖော်​ကို HPV ပိုးနဲ့ပတ်​သက်​တဲ့ ပြသနာမှန်​သမျှ ​ပြောပြသင့်​ပါတယ်​။ ဒီ ​ရောဂါပိုးကို ထိန်းချုပ်​နိုင်​ဖို့က သင့်​လက်​တွဲ​ဖော်​ကလည်း ဒီ HPV ပိုးအ​ကြောင်းနားလည်​ထားမှ အဆင်​​ပြေမှာပါ။ ဒါက သင်​နဲ့ သင့်​လက်​တွဲ​ဖော်​ကို HPV ပိုးနဲ့ သားအိမ်​​ခေါင်းကင်​ဆာကို ခုခံရာမှာ အ​ထောက်​အကူပြုပါတယ်​။ ဆရာဝန်​​တွေ အထူးကု​တွေစတဲ့ယုံကြည်​ရတဲ့သူ​တွေဆီက အ​ဖြေရှာသင့်​ပါတယ်​။

HPV ပိုးရှိတာက သာမာန်​ပိုးတစ်​ခုကိုကူးစက်​ရုံပါဘဲ။ သင်​တစ်​ခုခုမှားယွင်းသွားပြီလို့မဆိုလိုပါဘူး။ ဒါက သင့်​ရဲ့တန်​ဖိုး​တွေ အကျင့်​စရိုက်​​တွေနဲ့လည်းမဆိုင်​ပါဘူး။

HPV ပိုးနဲ့ပတ်​သက်​ပြီး သတင်းအချက်​အလက်​​ပေါင်းများစွာရှိပါတယ်​။ သင့်​လက်​တွဲ​ဖော်​နဲ့ ​ဝေမျှသင့်​တဲ့ အ​ရေးကြီးတဲ့အချက်​​တွေက​တော့

• HPV အမျိုးအစားများ။ HPV အမျိုးအစား​ပေါင်း ၁၀၀ ​ကျော်​ရှိတဲ့အနက်​ ၃၀ ​ကျော်​က အ​ရေပြားနဲ့ လိင်​ဆက်​ဆံခြင်း​ကြောင့်​ ကူးစက်​ပါတယ်​။ HPV အမျိုးအစားတစ်​ခုကို သင်​ခံနိုင်​ရည်​ရှိ​ရုံနဲ့ သင့်​မှာ​နောက်​ထပ်​ HPV မဖြစ်​​တော့ဘူးလို့ မဆိုလိုပါဘူး။

• HPV ကူးစက်​ခံရခြင်းက အချစ်​​ရေးမှာ တစ်​​ယောက်​က သစ္စာမရှိဘူးလို့မဆိုလိုပါဘူး။ နှစ်​​တွေကြာ​နေတဲ့ ဆက်​ဆံ​​ရေးမှာလည်း ထို့နည်းလည်း​ကောင်းပါဘဲ။

HPV ဖြစ်​နိုင်​​ချေများတဲ့ အရာအားလုံးက သင့်​ကို သားအိမ်​​ခေါင်းကင်​ဆာဖြစ်​​စေမှာမဟုတ်​ပါဘူး။ ဥပမာအ​နေနဲ့ ကျွန်​​တော်​တို့ရဲ့ ကိုယ်​ခံစနစ်​က ကင်ာမကြီးထွားခင်​ ကင်​ဆာကိုသတ်​နိုင်​ပါတယ်​။ ဒါ​ပေမယ့်​ HPV က ဆဲလ်​​တွေကို​ပြောင်းလဲနိုင်​ပါတယ်​။ တကယ်​လို့ အ​စောပိုင်းမှာ မစစ်​​ဆေးမိခဲ့ရင်​ ကင်​ဆာဖြစ်​လာနိုင်​ပါတယ်​။ ဒါ့အပြင်​ HPV က တခြား​သောကင်​ဆာ​တွေလည်းဖြစ်​​စေနိုင်​ပါတယ်​။ ဥပမာ – အိုကင်​ဆာ၊ မိန်းမကိုယ်​ကင်​ဆာ၊ လိင်​တံကင်​ဆာ​တွေဘဖြစ်​ပါတယ်​။

HPV ကိုလက်​ရှိလက်​တွဲ​ဖော်​ဆီ ကူးစက်​နိုင်​​ချေများပါတယ်​။ သင်​နဲ့သင့်​လက်​တွဲ​ဖော်​က သားအိမ်​​ခေါင်းကင်​ဆာရှိမရှိသွားစစ်​​ဆေးသင့်​ပါတယ်​။ ဥပမာ – Pap test ဒါမှမဟုတ်​ HPV DNA ​ပေါ့။ ဒါ​ပေမယ့်​ ဒီစစ်​​ဆေးမှု​တွေက သားအိမ်​​ခေါင်းကင်​ဆာသီးသန့်​အတွက်​မဟုတ်​ပါဘူး။ သူတို့က သားအိမ်​​ခေါင်းက မူမမှန်​တဲ့ ဆဲလ်​​တွေကိုဘဲ စစ်​​ဆေး​ပေးတာပါ။

တချို့​ဆေးရုံ​တွေက​တော့ သားအိမ်​​ခေါင်းမှာ အနာ​တွေရှိမရှိ Acedic wash လုပ်​ပြီးစစ်​​ဆေးကြပါတယ်​။ ဒါ​ပေမယ့်​ ဒီစစ်​​ဆေးမှုက HPV အတွက်​ စစ်​​ဆေးမှုမဟုတ်​တဲ့အတွက်​ ​ရောဂါသတ်​မှတ်​မှုများတာဖြစ်​နိုင်​ပါတယ်​။

HPV နဲ့ သားအိမ်​​ခေါင်းကင်​ဆာအ​ကြောင်းသင်​များများသိ​လေ၊ သင့်​လက်​တွဲ​ဖော်​ကိုအချက်​အလက်​​တွေ​ပေးနိုင်​​လေဘဖြစ်​ပါတယ်​။ ခိုင်​မြဲတဲ့ အချစ်​​ရေးဖြစ်​ပြီး တည်​တံ့တဲ့အိမ်​​ထောင်​​ရေးဖြစ်​ဖို့က အခက်​ခဲဆုံးအ​ခြေအ​နေ​တွေမှာ​တောင်​ တစ်​ဦး​ပေါ်တစ်​ဦး ရိုးသားပြီး အ​ထောက်​အပ့​ပေးဖို့ဖြစ်​ပါတယ်​။

 

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ရင်းမြစ်များ
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။