ရာသီလာချိန်မှာ လေဒီတို့ခံစားရနိုင်တဲ့ ပြဿနာတွေ

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကြည့်ရတာ မလန်းမဆန်းနဲ့။နေမကောင်းတာလား။ မဟုတ်ဘူး။ ကြည့်ရတာပင်ပန်းနေသလိုပဲနော်။ ဟုတ်တယ်။ လစဉ်ကြုံနေကျ ကိစ္စလေးဖြစ်နေလို့ပါ။ ဒီအချိန်မှာလေဒီလေးတွေက ရာသီသွေးဆင်းနေတာကိုပဲ ခံစားရတာမဟုတ်ဘဲ အခြားပြဿနာတွေကို ပါခံစားနေရတာပါ။ ဒါကြောင့်လေဒီတော်တော်များများက ဒီအခိုက်အတန့်လေးမှာနေရတာပင်ပန်းနေသလိုဖြစ်နေရတာပါ။ ဒီတစ်ခေါက်တော့လေဒီလေးတွေရာသီလာချိန်မှာခံစားရနိုင်တဲ့ဝေဒနာလေးတွေအကြောင်းပြောပြပေးပါရစေနော်။

ရာသီလာချိန်မှာလေဒီလေးတွေ ဒီလက္ခဏာတွေခံစားရနိုင်ပါတယ်

မအီမသာဖြစ်တာ

ခန္ဓါကိုယ်တစ်ခုလုံးက ကိုင်ရိုက်ထားသလို နာနေမယ်။နေရတာပင်ပန်းနုံးချိနေမယ်။ အန်ချင်သလိုလိုဖြစ်နေမယ်။ခေါင်းထဲကမူးသလိုလိုဖြစ်နေမယ်။ ဝမ်းသွားမယ် စတဲ့လက္ခဏာတွေခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်ရတာက ရာသီလာချိန်မှာဟော်မုန်းတွေထွက်ရှိလာတာကြောင့်ပါ။ ဒီဟော်မုန်းတွေကသွေးကြောထဲကိုရောက်ရှိတာကြောင့် အခုလိုဖြစ်ရတာပါ။

သွေးဆုံးရှုံးမယ်၊သွေးခဲတွေဆင်းမယ်

ရာသီလာချိန်မှာလေဒီလေးတို့အနေနဲ့ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကနေ ၄ ဇွန်းလောက်အထိဆုံးရှုံးနိုင်ပါတယ်။သွေးအများကြီးဆင်းတာ၊သွေးခဲတွေဆင်းတာက ပုံမှန်ပါပဲ။ အများကြီးမဟုတ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။လေဒီအချို့ကသွေးခဲတွေဆင်းတာ၊သွေးအများကြီးဆင်းတာမျိုးဆိုရင်စိုးရိမ်တတ်ကြပါတယ်။

ဗိုက်အောင့်ခြင်း

သားအိမ်တွင်းကသွေးတွေ ခန္ဓါကိုယ်ပြင်ပကို စီးဆင်းရောက်ရှိရတာဖြစ်တာကြောင့် ကြွက်သားတွေ တင်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဗိုက်အောက်ဘက်နားကအောင့်တာမျိုးခံစားရနိုင်ပါတယ်။ ရာသီမလာစဉ်ကတည်းကစအောင့်တတ်ကြသလို ရာသီလာနေစဉ်တလျှောက်လုံးလည်းအောင့်နိုင်ပါတယ်နော်။

စိတ်ခံစားမှုမကောင်းတာ

ရာသီလာချိန်မှာ ကိုယ်တွင်းကဟော်မုန်းတွေ မညီမျှတာမျိုးဖြစ်နိုင်ပါတယ်။ဟော်မုန်းအတက်အကျကိုလိုက်ပြီး စိတ်ခံစားမှုကပြောင်းလဲနိုင်တာကြောင့်ပါ။ ဒါကြောင့် စိတ်တိုစိတ်ဆတ်လါယ်တယ်ဆိုတာကလည်းလေဒီလေးတွေ ရာသီလာချိန်မှာ ခံစားရနိုင်တဲ့ အခြေအနေတစ်ခုပါ။ စိတ်ဓါတ်ကျတာမျိုးတောင်ဖြစ်နိုင်ပါတယ်နော်။

ရာသီလာစဉ်နာကျင်ကိုက်ခဲမှုဝေဒနာ

ရာသီလာစဉ်မှာ ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ပေါင်တွေကိုက်ခဲတာ၊ခြေသလုံးနဲ့ ခါး ထဲကနာကျင်တာ၊ခြေလက်တွေကိုက်ခဲတာ၊ ဆီးစပ်ကိုက်တာမျိုးတွေခံစားရနိုင်ပါတယ်။ ရာသီသွေးဆင်းဖို့အတွက် သားအိမ်အကျုံအဆန့်လုပ်ရတာကြောင့် နာကျင်ကိုက်ခဲရတာပါ။ အရမ်းမပြင်းထန်ဘူးဆိုရင်တော့ နားနားနေနေနေပေးရင်သက်သွားမှာပါ။ အရမ်းပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသကြည့်ပါ။

ရာသီထိန်ခြင်း

တစ်ခါတလေမှာ ရာသီသွေးမဆင်းတာမျိုးဖြစ်နိုင်ပါတယ်။ ရာသီသွေးစဆင်းတဲ့အခါမျိုးမှာ ကြုံတွေ့ရနိုင်သလိုနေ့စဉ်လုပ်ဆောင်နေတဲ့ အပြုအမူ နဲ့ စားသောက်မှုပုံစံတွေကြောင့်ဖြစ်နိုင်ပါတယ်နော်။ တကယ်လို့ ရာသီသွေးထိန်တာက ၆ လထက်ကျော်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်ဖို့ တိုက်တွန်းပါရစေနော်။

ရာသီလာချိန်မှာ ဒီပြဿနာတွေက ခံစားရတာက ပုံမှန်ပဲမို့လေဒီလေးတို့ကို အရမ်းကြီးမစိုးရိမ်ကြဖို့ပြောပါရစေနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ မတ် 11, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း မတ် 11, 2019

ရင်းမြစ်များ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။