အဆုတ်ကင်ဆာဝေဒနာသည် ကလေးငယ်များ ပျင်းရိငြီးငွေ့မှုကို ဖြေရှင်းနည်း

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

အဆုတ်ကင်ဆာဝေဒနာသည်ကလေးများအတွက် ပျင်းရိမှုကို အနိုင်ယူနည်း ၆ သွယ်

အဆုတ်ကင်ဆာခံစားနေရသော ကလေးငယ်သည် အိမ်မှာပဲနေနေ ဆေးရုံပဲတက်နေနေ ရေရှည်ကုသမှုတွေက သူ့ကို ပျင်းရိစေပါတယ်။ စိတ်ပျက်ငြီးငွေ့ခြင်းက မောပန်းနွမ်းနယ်မှုကိုဖြစ်စေပါတယ်။ အဆုတ်ကင်ဆာကုသနေချိန်အတွင်း သင့်ကလေးကိုကြံ့ခိုင်အောင် အားပေးပြောဆိုခြင်းအပြင် အောက်ပါ လက်တွေ့လုပ်ဆောင်နည်းတွေနဲ့ ကလေးငယ် ပျော်ရွှင်အောင်လုပ်ပေးလို့ ရပါတယ်။

အံ့ဖွယ်ပုံလေးများပြုလုပ်ပေးခြင်း

သင့်ကလေးဆေးရုံတက်နေစဉ် သင်နဲ့အခြားကင်ဆာဝေဒနာသည်မိဘတွေနဲ့ ပူးပေါင်းပြီး ကလေးတွေကို အံအားသင့်ရစေတဲ့အဖြစ်လေးတွေ လုပ်ပေးသင့်ပါတယ်။ ဆေးရုံတက်နေရတဲ့ ကလေးတွေခံစားရတဲ့ စိတ်ပျက်ငြီးငွေ့ဖွယ်ရာတွေကို အနိုင်ယူချင်တဲ့ အသက်၁၃နှစ်အရွယ် ကင်ဆာဝေဒနာသည်လေး Gabby Devineရဲ့ အတွေးလေးဖြစ်ပါတယ်။

လက်ဆောင်လေးတွေ ထည့်ထားတဲ့ သေတ္တာလေးတွေ သူတို့လေးတွေရဲ့ ရင်ဆိုင်နိုင်မှု သတ္တိတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ သူရဲကောင်းပုံအထုပ်လေးတွေ ပြုလုပ်ခဲ့ပါတယ်။ သင်နဲ့အခြားမိဘတွေလည်း လုပ်ပေးနိုင်ပါတယ။် သင်တို့ရဲ့ကလေးတွေ သင်တို့ စေတနာကို တကယ် အသိအမှတ်ပြုပါလိမ့်မယ်။

အိမ်စာပြုလုပ်ခိုင်းခြင်း

ဒီကိစ္စမှာ ဘယ်လိုအိမ်စာမျိုးလုပ်ခိုင်းရမှာလဲလို့ သင်စဉ်းစားနေမယ်ဆိုတာကို သိပါတယ်။ သင်ပျင်းနေတဲ့အချိန်မှာ သင့်အတွက် အရာရာတိုင်းက စိတ်ဝင်စားစရာကောင်းနေပါတယ်။ သင့်ကလေးမှာ အဆုတ်ကင်ဆာရှိနေတာတောင်မှ သူရဲ့ကျောင်းစာပညာရေးနဲ့ အဆက်မပြတ်နေဖို့ အရေးကြီးပါတယ်။

သူတို့လေးတွေရဲ့သူငယ်ချင်း

ယနေ့ခေတ်နည်းပညာတွေကိုသုံးပြီးတော့ သင့်ကလေးကို သူ့သူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ပေးနိုင်ပါတယ်။ ကုသမှုခံယူနေစဉ် သူငယ်ချင်းရသွားတာတွေလည်း ရှိနိုင်ပါတယ။် သင့်အနေနဲ့သူငယ်ချင်းတွေဆီကို သွားတာမျိုးတွေကိုလည်း ခွင့်ပြုပေးရပါမယ်။ ဆေးရုံကခွင့်ပြုမယ်ဆိုရင် ကျောင်းကသူငယ်ချင်းတွေကိုပါ အလည်ခေါ်ပေးသင့်ပါတယ်။

လက်မှုအနုပညာဖန်တီးခြင်း

ပန်းချီစတဲ့ အနုပညာတွေ၊ လက်မှုပညာတွေကို ကလေးတွေစိတ်ဝင်စားပါတယ။် သင့်ကလေးနဲ့အတူလုပ်ဆောင်နိုင်မယ့် ပျော်ရွှင်စရာအစီအစဉ်လေးတွေ အများကြီးရှိပါတယ်။ သင့်ကလေးရဲ့အခန်းကိုပြန်လည်ပြင်ဆင်ဖို့ ပန်းချီဆေးခြယ်ခိုင်းခြင်း၊ သင့်ကလေးနှစ်သက်တဲ့ မုန့်အတူတူဖုတ်ခြင်းစတာတွေ လုပ်နိုင်ပါတယ်။ အိုင်ဒီယာကို အင်တာနက်မှာရှာပြီး အကောင်အထည်ဖော်နိုင်ပါတယ်။

အားပေးတဲ့ဟောပြောပွဲတွေ တက်ခြင်း

သင်ပါအတူတက်နိုင်တဲ့အတန်းတွေ ရှိပါတယ်။ ဒီသင်တန်းတွေမှာဆိုရင် အသက်ရှူနည်း၊ ကုသစဉ်အတွင်း အကောင်းမြင်စိတ်ထားနည်း စတဲ့ အဆုတ်ကင်ဆာလက္ခဏာတွေကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာတွေကို သင်ယူနိုင်ပါတယ်။ ဆေးရုံတွေမှာပဲ အများဆုံးကျင်းပလေ့ရှိတဲ့အတွက် သင့်ကလေးအလွယ်တကူပါဝင်နိုင်ပါတယ်။

ကင်ဆာဝေဒနာသည် တစ်ယောက်အတွက် ဘယ်လောက် စိတ်ပျက်ငြီးငွေ့ဖွယ်ကောင်းတယ်ဆိုတာကို သင်သိတဲ့အခါမှာ အရမ်းအံ့အားသင့်သွားပါလိမ့်မယ်။ ကင်ဆာဝေဒနာသည်တစ်ယောက်မှာ ပုံမှန်ခံစားမှုတွေကင်းမဲ့သွားတတ်ပြီး သင့်ကလေးမှာလည်းအလားတူဖြစ်ပါတယ်။ ကုသမှုတွေရဲ့အကျိုးဆက်တွေကို သင့်ကလေးခံနိုင်ရည်ရှိအောင် စိတ်ထားတတ်အောင် အထက်ပါ အချက်တွေကိုကြိုးစားကြည့်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇူလိုင် 29, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 11, 2017

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။