Uterine sarcoma ဆိုတာသားအိမ်​ကြွက်​သား​တွေနဲ့သားအိမ်​ကို​ထောက်​ကူ​ပေးတဲ့တစ်​ရှူး​တွေမှာကင်​ဆာဆဲလ်​​တွေဖြစ်​​စေခြင်းပါ။ Uterine sarcoma ကသားအိမ်​ကြွက်​သားနဲ့အ​ထောက်​အကူတစ်​ရှူး​တွေမှာဖြစ်​တတ်​တဲ့ရှားပါးတဲ့ကင်​ဆာတစ်​မျိုးပါ။

တကယ်​လို့သင့်​မှာ Uterine sarcoma ရှိ​နေပြီဆိုရင်ဆရာဝန်​က ​အောက်​ပါကုသမှု​တွေကို ​ပြောပြပါလိမ့်​မယ်​။

ခွဲစိတ်​ကုသခြင်း

ခွဲစိတ်​ကုသခြင်းက Uterine sarcoma အတွက်​အသုံးများတဲ့ ကုသနည်းပါ။ခွဲစိတ်​ကုသပြီးသင့်​ကိုယ်ထဲကကင်​ဆာဆဲ​တွေဖယ်​ထုတ်​ပြီးသွားရင်​​တောင်​ကျန်​ရှိ​နေတဲ့ကင်​ဆာဆဲလ်​​တွေကိုသတ်​ဖို့အတွက်​ဓာတ်​ကင်​ခြင်း​တွေ​တော့ထပ်​လုပ်​ရင်​လုပ်​ရပါမယ်​။ခွဲစိတ်​မှုကကင်​ဆာအဆင့်​၃လူ​တွေမှာဘဲလုပ်​တာပါ။ခွဲစိတ်​မှုပြီးသွားလို့ ​နောက်​ထပ်​ကင်​ဆာဖြစ်​နိုင်​​ချေကို​လျှော့ချဖို့ ​နောက်​ဆက်​တွဲကုသမှုကို​တော့ adjuvant therapy လို့​ခေါ်ပါတယ်​။ခွဲစိတ်​မှုအပြီး၎ပတ်​က​နေ၈ပတ်​အကြာမှာသင့်​ရဲ့ပုံမှန်​လှုပ်​ရှားမှု​တွေကိုပြုလုပ်​နိုင်​ပါပြီ။တချို့အမျိုးသမီး​တွေက​တော့ဆုံးရှုံးမှု​ကြောင့်​ခက်​ခဲ​နေပါလိမ့်​မယ်​။

ဓာတ်​ကင်​ကုသခြင်း

ဓာတ်​ကင်​ကုသခြင်းကစွမ်းအင်​မြင့်​ X ray ဒါမှမဟုတ်​တခြားဓာတ်​​တွေကိုအသုံးပြုပြီးကင်​ဆာဆဲလ်​​တွေကိုသတ်​ပြီးဖွံ့ဖြိုးမှုရပ်​​စေမှာပါ။ဓာတ်​ကင်​ကုသခြင်းနှစ်​မျိုးရှိပါတယ်​။တစ်​မျိုးကကိုယ်​အပြင်​ဘက်​က​နေစက်​ကိုအသုံးပြုပြီးကိုယ်​ထဲကိုဓာတ်​​ရောင်​ခြည်​လွှတ်​ပြီးဓာတ်​ကင်​ခြင်းဖြစ်​ပြီး​နောက်​တစ်​မျိုးကကိုယ်​အတွင်းထဲကကင်​ဆာဆဲလ်​ရှိတဲ့​နေရာကိုအပ်​ခြည်​​တွေ၊ဝါယာ​တွေနဲ့ပိတ်​ထားတဲ့​ရေဒီယိုသတိကြွအရာတစ်​ခုကိုတိုက်​ရိုက်​ထည့်​လိုက်​ခြင်းနည်းတို့ဘဖြစ်​ပါတယ်​။ဓာတ်​ကင်​ကုသနည်း​တွေကို​တော့ကင်​ဆာအမျိုးအစားနဲ့အဆင့်​​တွေအ​ပေါ်မူတည်​ပြီး​ပေးပါတယ်​။

ဓာတ်​ကင်​ခြင်းကသင့်​ကိုယ်​ထဲက ​သွေးဖြူ​တွေကိုပါ​သေ​စေပါတယ်​။တချို့အမျိုးသမီး​တွေကဝမ်းပျက်​ခြင်းနဲ့ဆီးခဏခဏသွားခြင်းကိုကြုံနိုင်​တဲ့အပြင်​မိန်းမကိုယ်​​ခြောက်​​သွေ့ခြင်း၊ယားယံခြင်း၊တင်းကြပ်​ခြင်းနဲ့စပ်​ခြင်းတို့ဖြစ်​နိုင်​ပါတယ်​။

ဆေးဝါးဖြင့်​ကုသခြင်း

ကင်​ဆာဆဲလ်​​တွေကိုကြီးထွားမှုရပ်​​စေဖို့ ​ဆေး​တွေနဲ့ကုသခြင်းဖြစ်​ပါတယ်​။ဆေးဝါး​တွေနဲ့ကုသခြင်းကကင်​ဆာဆဲလ်​​တွေကို ​သေ​စေတဲ့အပြင်​ပြန့်​ခြင်းကိုလည်းကာကွယ်​​ပေးပါတယ်​။ ​သောက်​​ဆေး​တွေအပြင်​အ​ကြော​ဆေး​တွေပါရှိပါတယ်​။ဆေးကသင့်​ကိုယ်​ထဲ​ရောက်​ပြီးတာနဲ့ ​သွေးလည်​ပတ်​မှုထဲချက်​ချင်း​ရောက်​သွားမှာပါ။

ဆေး​တွေက ​သွေး​ကြောမှတစ်​ဆင့်​ကင်​ဆာဆဲလ်​ရှိတဲ့​နေရာ​တွေဆီ​ရောက်​ပြီးကင်​ဆာဆဲလ်​​တွေကိုအားပြင်းတဲ့ဓာတုပစ္စည်း​တွေနဲ့​ချေမှုန်းပါတယ်​။ဆေးကိုတခြားနည်းနဲ့အသုံးပြုချင်​ရင်​​တော့Cerebrospinal fluid ထဲတိုက်​ရိုက်​ထည့်​ခြင်းဖြစ်​​စေ၊ကိုယ်​အင်္ဂါအစိတ်​အပိုင်းထဲထည့်​ခြင်းဖြစ်​​စေ၊ဥပမာကင်​ဆာဆဲလ်​ရှိ​နေတဲ့ဗိုက်​ထဲထည့်​ခြင်းတို့ဖြစ်​ပါတယ်​။ ​ဆေး​တွေကကင်​ဆာဆဲလ်​ရှိ​နေတဲ့​နေရာတစ်​ဝိုက်​ကိုဘဲသက်​​ရောက်​မှုရှိမှာပါ။ဒီနည်းကိုလည်းသင့်​ကင်​ဆာအမျိုးအစားနဲ့သင့်​ကင်​ဆာအဆင့်​အ​ပေါ်မူတည်​ပြီးသုံးမှာပါ။

ဟော်​မုန်းကုသနည်း

ဟော်​မုန်းကုသနည်းက​ဟော်​မုန်း​တွေကိုဖယ်​ရှားခြင်းနဲ့သူတို့လုပ်​​ဆောင်​မှု​တွေကိုရပ်​တန့်​ခြင်းဖြင့်​ကင်​ဆာကြီးထွားမှုကိုရပ်​​စေပါတယ်​။ဟော်​မုန်း​တွေကိုကိုယ်​ထဲကဂလင်း​တွေကထုတ်​​ပေးပြီး ​သွေးထဲမှာလှည့်​ပတ်​​နေပါတယ်​။တချို့ကင်​ဆာ​တွေက ​ဟော်​မုန်း​ကြောင့်​ဖြစ်​လာတာပါ။တကယ်​လို့စစ်​​ဆေးမှု​တွေအရကင်​ဆာဆဲလ်​​တွေဟာ ​ဟော်​မုန်း​တွေတွယ်​ကပ်​တဲ့​နေရာမှာဖြစ်​​နေတယ်​ဆိုရင်​ ​ဆေးဝါး၊ခွဲစိတ်​ခြင်း၊ဓာတ်​ကင်​ခြင်း​တွေနဲ့​ဟော်​မုန်းထုတ်​လုပ်​မှု​လျော့​စေပြီးသူတို့လုပ်​ငန်းစဉ်​​တွေကိုရပ်​တန့်​​စေပါတယ်​။

Progesterone ကိုသုံးစွဲ​နေတဲ့အမျိုးသမီး​တွေကပင်​ပန်းခြင်း၊အစာစားချင်​စိတ်​မရှိခြင်း၊ကိုယ်​အ​လေးချိန်​​ပြောင်းလဲခြင်းတို့ဖြစ်​နိုင်​ပါတယ်​။ ​သွေးမဆုံး​သေးတဲ့အမျိုးသမီး​တွေကရာသီလာချိန်​​ပြောင်းလဲမှုရှိနိုင်​ပါတယ်​။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Read also:

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။