ဓာတ်မတည့်ခြင်းတွေဟာ အထိခိုက်လုံးဝမခံနိုင်တဲ့သူတွေမှာ မလိုလားအပ်တဲ့အရာတွေ အပေါ် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အလိုအလျောက်တုံ့ပြန်တဲ့အခါ ဖြစ်ပေါ်လာပါတယ်။ ဓာတ်မတည့်ခြင်းတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ခေါင်းကိုက်ခြင်း နဲ့ အသားအရည် နာကျင်ရောင်ယမ်းခြင်းတွေဖြစ်စေပါတယ်။

ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းတွေက ဓာတ်မတည့်မှုဖြစ်နိုင်ချေအများဆုံးလဲဆိုတော့…

မျက်လုံးတွေ၊ နှာခေါင်း၊ အဆုတ်၊ အရည်ပြားနဲ့ အစာအိမ်တို့ပါ။ ဓာတ်မတည့်မှုတွေကတော့ အများကြီးပါပဲ။ ဥပမာ- အစားအသောက်နဲ့ဓာတ်မတည့်ခြင်း၊ anaphylaxis (ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း)၊ အင်းဆက်ဓာတ်မတည့်ခြင်း၊ ၀တ်မှုန်နဲ့ ဓာတ်မတည့်ခြင်း၊ ဆေးမတည့်ခြင်း၊ အဖု(အပြင်လိုက်)ထခြင်း၊ ဖောခြင်း ၊ ရောင်ခြင်း စတာတွေဟာ ကိုယ်နဲ့ ဓာတ်မတည့်တဲ့အရာနဲ့ ထိတွေ့ရုံလောက်နဲ့တောင် ဖြစ်ပွားနိုင်ပါတယ်။

အစားအသောက်ဓာတ်မတည့်ခြင်း

အစားအသောက်ဓာတ်မတည့်တဲ့ လက္ခဏာဟာ အများအားဖြင့်တော့စားပြီး မိနစ်ပိုင်းကနေ တစ်နာရီအတွင်းမှာ ဖြစ်တတ်ပါတယ်။ အခြားအရာတွေထက် ဒီတုံ့ပြန်မှုက ပိုပြင်းထန်ပြီး အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။

ဝတ်မှုံနှင့် ဓာတ်မတည့်ခြင်း

သစ်ပင်တွေနဲ့ မြက်တွေကထွက်တဲ့ အမှုန့်လေးတွေဟာ လေထဲမှာပြန့်လွင့်နေပြီး သူတို့ကို ၀တ်မှုန်တွေလို့ ခေါ်ပါတယ်။ ဒီဝတ်မှုန်တွေကို ရှူရှိုက်ခြင်းအားဖြင့် လူနာတွေဟာ နှာချေတာ၊ ခေါင်းကိုက်တာနဲ့ လည်ချောင်းနာတာတွေ ဖြစ်တတ်ပါတယ်။

မီးခိုးနှင့်ဓာတ်မတည့်ခြင်း

စီးကရက်မီးခိုးဟာ အိမ်တွင်းလေထုညစ်ညမ်းရခြင်းရဲ့ အဓိက တရားခံပါ။ စီးကရက်မီးခိုးနဲ့ ထိတွေ့ခြင်းဟာ ဆက်တိုက်နှာချေခြင်း၊ ရင်ကြပ် သို့မဟုတ် ခေါင်းကိုက်ခြင်းတွေဖြစ်စေပါတယ်။

ဖိနပ်နှင့်ဓာတ်မတည့်ခြင်း

တကယ်လို့ လူနာတွေက သားရေဖိနပ်တွေ သို့မဟုတ် အခြားအမျိုးအစားဖိနပ်တွေနဲ့ ထိတွေ့တဲ့အခါ အရည်ပြားယားယံခြင်း၊ နာကျင်ခြင်း၊ အင်ပျဉ်ထခြင်း၊ ရည်ကြည်ဖုဖြစ်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

ရေစိုဝတ်နဲ့ဖြစ်စေ၊ ခရင်မ်တွေ သို့မဟုတ် Lotion တွေ လိမ်းခြင်းနဲ့ဖြစ်စေ အမြန်ထိန်းချုပ်နိုင်ပါတယ်။

အလှကုန် ဓာတ်မတည့်ခြင်း

အလှကုန်ပစ္စည်းတွေ ဥပမာ- အစိုဓာတ်ထိန်းလိမ်းဆေး (Moisturizer) တွေ၊ ခေါင်းလျှော်ရည်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေဟာ အရည်ပြားမှာ စေးကပ်နေတဲ့အနာတွေဖြစ်တတ်ပြီး ယားယံတာ ၊ခြောက်သွေ့တာနဲ့ နာကျင်တာတွေဖြစ်နိုင်ပါတယ်။

ရာသီဥတုအကူးအပြောင်းမှာ ဓာတ်မတည့်ခြင်း

ကမ္ဘာကြီးပူနွေးလာတာနဲ့အမျှ ရာသီဥတုတွေရဲ့ အပူချိန်တွေပြောင်းလဲမှုနှုန်းများလာပါတယ်။ ဒါတွေကပဲ ဖျားနာခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ အေးစိမ့်ခြင်းတွေဖြစ်စေနိုင်ပါတယ်။

လေအေးနဲ့ ဓာတ်မတည့်ခြင်း

ဒီဓာတ်မတည့်တဲ့ဖြစ်စဉ်ကတော့ ခန္ဓာကိုယ်က လေအေးနဲ့ထိတဲ့အခါမှာ အင်ပျဉ်ထတာတွေ၊ ဖုထတာတွေဖြစ်စေပြီး ပိုပြီးပြင်းထန်တဲ့အခါ သတိလစ်တာ shock ရတာနဲ့ သေတဲ့ထိတောင်ဖြစ်စေနိုင်ပါတယ် ဒါကြောင့် ဓာတ်မတည့်ခြင်းကို ရှောင်ဖို့ အတွက် သင့်ခန္ဓာကိုယ်ကို အမြဲနွေးနေအောင်ထားပါ။ ဆောင်းတွင်းမှာ အအေးနဲ့ထိတွေ့တာမျိုးကိုရှောင်ပါ။

နေရောင်နဲ့ဓာတ်မတည့်ခြင်း

နေရောင်နဲ့ ဓာတ်မတည့်သူတွေဟာ အရည်ပြားတွေယားယံလာတတ်ပြီး နေရာအနည်းငယ်မှာ ဘုထတာမျိုးဖြစ်နိုင်ပါတယ်။ အရည်ပြားရောင်ယမ်းခြင်းတွေလည်းဖြစ်တတ်ပြီး ဒါကတော့ နေရောင်နဲ့ထိတွေ့ပြီး ၁ရက်မှ ၄ရက်အကြာမှာ ဖြစ်တတ်တာပါ။ အရည်ပြားပျက်စီးခြင်းကို ရှောင်ကြဉ်ဖို့ နေရောင်ကာလိမ်းဆေးသုံးပါ။

အနံ့နဲ့ ဓာတ်မတည့်ခြင်း

ရေမွှေးတွေက အချို့သောသူတွေအတွက် မသင့်လျော်ပါဘူး။ ဒါကြောင့် ရေမွှေးရွေးချယ်တဲ့အခါ ဖုမထတာ၊ မနာတာနဲ့ မနီစေတာမျိုးကို သတိထားရွေးချယ်ပါ။

အင်းဆက်နဲ့ ဓာတ်မတည့်ခြင်း

ဒီ ဓာတ်မတည့်ခြင်းကတော့ အရည်ပြားမှာ ဖုပေါက်တာ (အပြင်လိုက်) နဲ့ ရင်ကြပ်တာတို့ကို ဖြစ်စေနိုင်ပါတယ်။

အခွံမာငါး(ပင်လယ်စာ)နဲ့ ဓာတ်မတည့်ခြင်း

ပုစွန်၊ ဂဏန်းတို့လို အခွံမာပါတာတွေ စားသုံးတဲ့အခါ  အနီပြင်ဖြစ်တာ၊ နှုတ်ခမ်းတွေ၊ မျက်နှာတွေ ရောင်လာတာ သို့မဟုတ် လည်ချောင်းရောင်လာပြီး အသက်ရှူရခက်တာနဲ့ အော့အန်တာတွေဖြစ်စေတတ်ပါတယ်။

ဆေးမတည့်ခြင်း

အချို့သောဆေးတွေဟာ လူနည်းစုအတွက်တော့ သင့်လျော်တဲ့ဆေးတွေမဟုတ်ပါဘူး။ ဒါဟာ သင့်ဆရာဝန်နဲ့ မတိုင်ပင်ဘဲ သုံးချင်ရာ သုံးလိုက်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ ဖြစ်ပြီဆိုရင်တော့ လည်ချောင်းနာတာ၊ အရည်ပြားဖောင်းလာတာ (ဖုထရောင်ယမ်းလာတာ) နဲ့ ၀မ်းပျက်ခြင်းတွေကိုဖြစ်စေပါတယ်။

မှိုနဲ့ဓာတ်မတည့်ခြင်း

မှို (Mould) ဆိုတာကတော့ စိုစွတ်တဲ့ ပတ်ဝန်းကျင်မှာပေါက်တဲ့ မှို(Fungus) တစ်မျိုးပါ။ ပူပြင်းပြီးလေတိုက်တဲ့နွေနေ့လည်တွေမှာ မှိုရဲ့အပေါ်ယံလွှာ (Mildew)တွေဟာ အိပ်စက်နေတဲ့ အနေအထားမှာရှိပြီး ဒါဟာ စပိုးတွေကို လေထဲထုတ်လွှင့်ပေးတဲ့အချိန်ပါပဲ။ ဒီစပိုးတွေကိုလူတွေက ရှူရှိုက်မိနိုင်ပါတယ်။

မှိုနဲ့ ဓာတ်မတည့်တဲ့ လက္ခဏာတွေထဲမှာ နှာစေးခြင်း၊ နှာပိတ်ခြင်း၊ နှာခေါင်းနဲ့ မျက်စိယားခြင်း စတာတွေဖြစ်တတ်ပါတယ်။ မှိုစပိုးတွေက အဆုတ်ထဲကျူးကျော်သွားပြီဆိုရင်တော့ ရင်ကြပ်တာမျိုးဖြစ်တတ်ပါတယ်။

ရာဘာစေးနဲ့ ဓာတ်မတည့်ခြင်း

ဒါကတော့ ရာဘာပင်တွေရဲ့ အစေးတွေမှာ တွေ့ရတတ်တဲ့ ပရိုတိန်းတစ်မျိုးကြောင့်ဖြစ်ရတာပါ။ ပလတ်စတစ်တွေနဲ့ ဓာတ်မတည့်ခြင်းဟာ ခန္ဓာကိုယ်က ပလတ်စတစ်ကို ဒုက္ခပေးနိုင်မယ့် အရာလို့ ယူဆထားလို့ပါ။ ပလတ်စတစ်နဲ့ ဓာတ်မတည့်ခြင်းဟာ အရည်ပြားဓာတ်မတည့်ခြင်းတွေ၊ ဖုတွေနဲ့ ရင်ကြပ်ခြင်းတွေထိ အမျိုးမျိုးပြောင်းလဲစေနိုင်ပါတယ်။ ပြင်းထန်တဲ့ ဓာတ်မတည့်ခြင်း (Anaphylaxis) တွေကတော့ အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

ဓာတ်မတည့်ခြင်းတွေဟာ ခန္ဓာကိုယ်အနှံ့အပြားမှာရှိတဲ့ ဆဲလ်စုပေါင်းမှုတွေ၊ ဓာတုပစ္စည်းတွေနဲ့ တစ်သျှူးတွေပါဝင်တဲ့ ရှုပ်ထွေးတဲ့ဖြစ်စဉ်ကွင်းဆက်တစ်ခုပါ။ တကယ်လို့ ဓာတ်မတည့်မှုတွေအတွက် လုံးဝပျောက်ကင်းစေနိုင်မယ့် ကုသနည်းမရှိဘူးဆိုရင်တော့ လက္ခဏာတွေ သက်သာစေသမယ့် နည်းတွေ အများကြီးရှိပါတယ်။

တကယ်လို့သင်က ဓာတ်မတည့်တာဖြစ်နေတယ်ဆိုရင် အထူးကုနဲ့တိုင်ပင်သင့်ပြီး အကြောင်းရင်းကိုရှာကာ သင့်အတွက်အကောင်းဆုံး ကုသနည်းကို အဖြေရှာပါ။ ဓာတ်မတည့်ခြင်းတုံ့ပြန်မှုတွေအတွက် ပိုကောင်းတဲ့ အရာတွေ ကြံဆပေးနိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ရင်းမြစ်များ
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။