အမျိုးအစား ၁ ဆီးချိုဖြစ်နေတဲ့သူတွေအတွက် မျှတတဲ့ အစားအသောက်

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

လူတိုင်းရဲ့ဘဝမှာ ကျန်းမာတဲ့ စား​သောကမှု ​နေထိုင်​မှုပုံစံက အ​ရေးကီးတဲ့အစိတ်​အပိုင်းတစ်​ခုကပါဝင်​ပါတယ်​။ အထူးသဖြင့်​ type 1 ဆီးချို ဖြစ်​​နေတဲ့သူ​တွေမှာ​ပေါ့။ တကယ်​လို့သင်​က type 1 ဆီးချိုရှိ​နေပြီး ဘာစားရမှန်းမသိရင်​ ဒီ​ဆောင်းပါးက​ပြောပြသွားမှာပါ။

ဘာစားသင့်​လဲ ?

လူ​တွေက ဆီးချို Type 1 ရှိ​နေတဲ့အခါ သူတို့ပထမဆုံးသိချင်​​နေတာက သူတို့​သွေးချိုကိုထိန်းချုပ်​ဖို့ ဘာစားရမလဲဆိုတာပါဘဲ ? အ့သြစရာ​ကောင်း​လောက်​​အောင်​ကိုဘဲ သင်​ဘာအစားမှ​ရှောင်​​နေစရာမလိုပါဘူး။ သင်​ကသာန်​လူ​တွေလိုဘဲစားနိုင်​ပါတယ်​။ တကယ်​လို့ စားတဲ့ပမာဏ၊ သကြား၊ ကယ်​လိုရီနဲ့ ကာဘိုဟိုက်​ဒရိတ်​ပါဝင်​မှုကို ဂရုစိုက်​​နေမယ်​ဆိုရင်​​ပေါ့။ အရင်​တုန်းကဆိုရင်​ ဆီးချိုရှိသူ​တွေက ကျန်းမာ​ရေးကိုထိန်းသိမ်းဖို့အတွက်​ အစား​ရှောင်​ပြီး တင်းကြပ်​တဲ့အစားအ​သောက်​ပုံစံ​တွေစားခဲ့ကြပါတယ်​။ ဒါ​ပေမယ့်​ အခု​ခေတ်​လို အင်​ဆူလင်​အလွယ်​တကူရ​နေတဲ့အချိန်​မှာ “စားလို့ရ” “စားလို့မရ” ဆိဲု့ ကန့်​သတ်​ချက်​​တွေ မရှိ​တော့ပါဘူး။

ရှောင်​သင့်​တာ​တွေရှိလား ?

ကိုကာကိုလာကို​ဝေး​ဝေး​ရှောင်​ပါ။ အသင့်​လုပ်​အချိုရည်​​တွေ ဂက်​စ်​ပါတဲ့အချိုရည်​​တွေကိုလည်း​ရှောင်​ပါ။ ဒါမှသာသင့်​​သွေးချိုက မတက်​မှာပါ။ ဒီလိုအချိုရည်​​တွေက သင့်​​သွေးချိုကိုရုတ်​ချည်းမင့်​တက်​​စေမှာပါ။ ဒါ​ကြောင့်​လည်းသူတို့က ​သွေးကျခြင်းကိုကုသတဲ့​နေရာမှာသုံးပါတယ်​။ တကယ်​လို့ အရမ်း​သောက်​ချင်​တယ်​ဆိုရင်​​တော့ သိပ်​မချိုတဲ့အချိုရည်​​တွေ​သောက်​ပါ။ ဖြစ်​နိုင်​ရင်​ လက်​ဘက်​ရည်​နဲ့ ​ကော်​ဖီ​သောက်​ပါ။

 ကာဘိုဟိုက်​ဒရိတ်​ သုံး​ဆောင်​မှုကို သတိထား​နေပါ

ကာဘိုဟိုက်​ဒရိတ်​အစားအစာ​တွေက GI (glycemic index) ပါဝင်​မှုနည်းပြီး အစာ​ချေ​နှေးပြီး ​သွေးထဲကသကြားဓာတ်​ကိုမြင့်​​စေတဲ့အတွက်​ ​သွေးထဲမှာ သကြားဓာတ်​​တွေ ထိန်းထား​စေပါတယ်​။

GI ပါဝင်​မှုနည်းတဲ့ အစားအစာ​တွေက

• Whole grain ​ပေါင်​မုန့်

• wholegrain cereals

• ပါစတာ

• ထမင်း

• ပဲ​တောင့်​ရှည်​၊ ပဲ​ခြောက်​၊ ပဲသီး၊ နွားနို့၊ ဒိန်​ချဉ်

• သစ်​သီးများ – ပန်းသီး၊ တရုတ်​ဇီးသီး၊ ငှက်​​ပျောသီး၊ သရက်​သီး၊ လိ​မော်​သီး၊ သစ်​​တော်​သီး၊ ဇီးသီး

• ဟင်းသီးဟင်းရွက်​များ – ​ပြောင်းဖူး၊ ငှက်​​ပျောစိမ်း၊ ပိန်းဥ၊ ​မျောက်​ဥ

ကျွန်​​တော့ရဲ့သကြားစားသုံးမှုကို​ရောဘယ်​လိုလုပ်​ရမလဲ ?

သကြားပါဝင်​မှုများတဲ့အစားအစာအများစက အာဟာရနည်းနည်းဘဲရပြီး အဆီနဲ့ကာဘိုဟိုက်​ဒရိတ်​များစွာပါပါတယ်​။ ဒါကသင့်​​သွေးချိုကိုမြင့်​​စေပါမယ်​။

သကြားဓာတ်​ပါဝင်​မှုများတဲ့ အစားအစာ​တွေက

သကာရည်​၊ ပျာရည်​၊ စည်​သွတ်​ဘူးအသီးများ၊ ကိတ်​များ၊ ပူတင်းများ၊ ဘီစကွတ်​အချိုများ၊ နို့အချို၊ ​ချောကလက်​၊ ​ရေခဲမုန့်​၊ အချိုရည်​၊ သစ်​သီး​ဖျော်​ရည်​၊ ဘီယာ၊ ဝိုင်​အချိုနဲ့ အစားအစာ​တွေမှာပါတဲ့သကြား​တွေပါ။

သကြာမပါတဲ့ ဘီစကွတ်​နဲ့ ​ချောကလက်​​တွေလိုမျိုးကို​တော့ထည်​မတွက်​ပါဘူး။ သူတို့က ပုံမှန်​အားဖြင့်​ အဆီများပြီး ​ဈေးကြီးပါတယ်​။

ယမကာ​သောက်​သုံးမှုကိုကန့်​သတ်​ပါ။

သိထားရမှာတစ်​ခုက ယမကာ​တွေမှာကယ်​လိုရီပါဝင်​ပြီး သင့်​​ဆေး​တွေကို​နှောင့်​ယှက်​ပါမယ်​။ ဆီးချိုရှိတဲ့အမျိုးသမီး​တွေက​တော့ တစ်​ရက်​တစ်​ခွက်​ဘဲ​သောက်​သင့်​ပြီး ဆီးချိုရှိတဲ့အမျိုးသား​တွေက​တော့ တစ်​​နေ့နှစ်​ခွက်​ဘဲ​သောက်​သင့်​ပါတယ်​။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။