ဆီးချိုရောဂါနောက်ဆက်တွဲများ –  သွေးတွင်း အင်ဆူလင်ဓာတ်မြင့်မားခြင်းဟာ ဆီးချိုရောဂါနှင့် ဆက်စပ်ပါသလား။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ဆီးချိုရောဂါနောက်ဆက်တွဲများ

သွေးအတွင်းအင်ဆူလင်ဓာတ်မြင့်မားခြင်းဟာဆီးချိုရောဂါနှင့် ဆက်စပ်ပါသလား။

သင့်ရဲ့သွေးအတွင်း အင်ဆူလင်ဓာတ်မြင့်တက်လာခြင်းကို hyperinsulinemia လို့ခေါ်ပါတယ်။ ၄င်းဟာ အမျိုးအစား (၂) ဆီးချိုနဲ့ ဆက်စပ်မှုရှိပေမယ့် ဆီးချိုရောဂါလည်း မဟုတ်သလို ဆီးချိုရဲ့ လက္ခဏာလည်း မဟုတ်ပါဘူး။

အဲဒီအရာကဘာဖြစ်ပါသလဲ

Hyperinsulinemia ဆိုတာ သွေးအတွင်းမှာရှိတဲ့ အင်ဆူလင်ဓာတ်ဟာဆဲလ်တခုရဲ့ ပုံမှန်လိုအပ်ချက်ထက် ကျော်လွန်မြင့်တက်နေတာကို ဆိုလိုပါတယ်။ သူ့ချည်းသက်သက်ဆိုရင် ဆီးချိုမဟုတ်ပေမယ့် ရံဖန်ရံခါမှာ အမျိုးအစား (၂) ဆီးချိုနဲ့ ဆက်စပ်နေပါတယ်။

Hyperinsulinemiaရှိနေပြီဆိုရင် သင့်အနေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရ ခက်နေပါလိမ့်မယ်။ သင့် ပန်ကရိယ (Pancreas) ဟာသွေးတွင်းသကြားဓာတ်ကိုပုံမှန်ထိန်းပေးနိုင်တဲ့ အင်ဆူလင်ကိုပိုမိုထုတ်လုပ်နေပြီလို့ ဆိုလိုပါတယ်။

ဘာကြောင့် Hyperinsulinemia ဖြစ်ပွားရသလဲ

အင်ဆူလင်ရဲ့ သက်ရောက်မှုတွေက သင့်ကိုယ်ခန္ဓာက ခုခံတွန်းလှန်တဲ့အခြေအနေဟာ Hyperinsulinemiaကို အဓိကဖြစ်စေတဲ့ အရာပါပဲ။ ဆဲလ်တွေဟာအင်ဆူလင်ကို မမှတ်မိတော့တာကြောင့် သွေးအတွင်းမှာသကြားဓာတ်ရော အင်ဆူလင်ပါ ဆက်လက်တည်ရှိနေပါတယ်။ တချိန်တည်းမှာပဲပန်ကရိယကိုအင်ဆူလင် ပိုထုတ်စေပါတယ်။  ဒီလို အင်ဆူလင်ဆန့်ကျင်ခြင်း အမျိုးအစားဟာ အမျိုးအစား (၂) ဆီးချိုကို ဖြစ်လာစေပါတယ်။ အဲဒီအခါမှာတော့ သွေးတွင်းသကြားဓာတ်ကိုပုံမှန်ထိန်းပေးဖို့ လိုအပ်တဲ့ အင်ဆူလင်ကို ဆက်မထုတ်နိုင်တော့ပါဘူး။ ရလာဒ်အနေနဲ့ သွေးတွင်းသကြားဓာတ်လွန်ကဲမှုနဲ့ သွေးတွင်း အင်ဆူလင်လွန်ကဲမှုကို ဖြစ်လာစေပါတယ်။

တချို့ရှားပါးတဲ့ကိစ္စတွေမှာ Insulinomaလို့ ခေါ်တဲ့ ပန်ခရိယက အင်ဆူလင်ထုတ်တဲ့ ဆဲလ်တွေကဖြစ်တဲ့ အကျိတ်

Nesidioblastosis လို့ခေါ်တဲ့ အင်ဆူလင်ထုတ်တဲ့ဆဲလ်တွေ အရေအတွက်များလာတဲ့ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။

Hyperinsulinemia ရှိမရှိ ဘယ်လိုသိနိုင်ပါသလဲ

Hyperinsulinemia ဖြစ်ခြင်းကိုတိတိပပညွှန်ပြနိုင်တဲ့ အချက်တွေ နည်းပါးပေမယ့် ဖော်ပြပါ လက္ခဏာတွေ သင့်ဆီမှာရှိကောင်းရှိနေနိုင်ပါတယ်။

  • ကိုယ်အလေးချိန်တက်လာခြင်း
  • သကြားတောင်းလာခြင်း
  • အလွန်အမင်းဆာလောင်ခြင်း
  • မကြာခဏဆာတတ်ခြင်း
  • အာရုံစူးစိုက်ရန် ခက်ခဲခြင်း
  • စိုးရိမ်ကြောက်ရွံ့နေတတ်ခြင်း
  • စိတ်ဓာတ်စုစည်းမှု စိတ်အားထက်သန်မှုမရှိခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • စိတ်မကြည် ဒေါသထွက်လွယ်ခြင်း၊ ပူပန်ခြင်း၊ အာရုံစိုက်အားနည်းခြင်းစတဲ့ ပြဿနာတွေလည်းရှိနိုင်ပါတယ်။

Hyperinsulinemia ဟာ ကျန်းမာရေးကို မည်သို့မည်ပုံ ဖြစ်စေပါသလဲ

သွေးအတွင်းမှာ အင်ဆူလင်များနေခြင်းဟာ ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းတိုင်းကို ရောင်ရမ်းစေပြီးဆိုးရွားတဲ့ ရောင်ရမ်းရောဂါတွေဖြစ်တဲ့ Crohnရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ နာတာရှည်မောပန်းနွမ်းနယ်ခြင်း၊ Alzheimer နဲ့ Parkinson ကဲ့သို့  ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

ဆီးချီုရောဂါ ပြသနာတွေကိုတော့ သွေးတွင်းသကြားဓာတ်တွေ မြင့်တက်ခြင်းဖြင့် ဖြစ်ပွားစေပါတယ်။ သင့်ရဲ့ သွေးအတွင်းမှာသကြားဓာတ်မြင့်တက်ခြင်းဟာသွေးကြောတွေကိုပျက်စီးစေပြီးသွေးစီးကြောင်းတလျှောက်ကို Candida ပိုးကူးစက်စေပါတယ်။

Hyperinsulinemia  ဖြစ်နိုင်ခြေရှိတဲ့ အန္တရယ်များကတော့

  • Triglyceride အဆီ ပါဝင်နှုန်းမြင့်လာခြင်း
  • Uric acid မြင့်တက်ခြင်း
  • သွေးလွှတ်ကြောများမာကြောလာခြင်း
  • ကိုယ်အလေးချိန်တက်ခြင်း
  • သွေးတိုးခြင်းစတာတွေ ပါဝင်ပါတယ်။

Hyperinsulinemiaရှိနေပြီလို့ သိရတာနဲ့ ဆီးချီုရောဂါဖြစ်လာဖို့ နိးစပ်တာမို့ ဖော်ပြပါ အန္တရာယ်ရှိအခြေအနေတွေကိုအမြန်ဆုံးလျှော့ချပေးရပါမယ်။

Hyperinsulinemia ကိုဘယ်လိုကုသသင့်သလဲ

ဆီးချိုရောဂါကုထုံးဟာHyperinsulinemiaကိုသက်သာစေပါတယ်။

ဒါပေမယ့် အဓိကအကြောင်းရင်းဖြစ်တဲ့ ကိုယ်တွင်းဇီဝဖြစ်ပျက်မှု ဖောက်ပြန်တာကိုမကုသရင် အခြေအနေမတိုးတက်နိုင်ပါဘူး။

အဓိကမှတ်သားရမှာက ကိုယ်တွင်းဇီဝဖြစ်ပျက်မှုဖောက်ပြန်ခြင်းမှာအောက်ပါအချက်တွေ ပါဝင်နေပါတယ်။

  • Triglyceride မြင့်ပြီးမကောင်းသောကိုလက်စထရော မြင့်တက်နေခြင်း
  • သွေးတိုးခြင်း
  • အထိုင်များခြင်း
  • ကိုယ်အင်္ဂါအစိတ်အပိုင်းများအဆီစုကာ ကြွက်သားများသိမ်ပြီး အ၀လွန်ခြင်း

ကြွက်သားများသေးသိမ်ပြီးအဆီများလာတာဟာကိုယ်လက်လှုပ်ရှားမှုမရှိခြင်းရဲ့ အကျိုးဆက်များပါပဲ။ သကြားဓာတ်နဲ့ အဆီဓာတ်များလွန်းတဲ့ အသင့်သုံးစားစရာတွေကိုစားသောက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အစားအသောက် အနေအထိုင်နဲ့ လူနေမှုပုံစံပြောင်းခြင်းဟာဆီးချိုရောဂါနဲ့ သွေးတွင်းအင်ဆူလင်များတဲ့ ပြသနာကိုကောင်းစွာကုသနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ အောကျတိုဘာ 17, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း အောကျတိုဘာ 17, 2017

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။