တခြားနာတာရှည်​​ရောဂါ​တွေလိုဘဲ ဆီးချိုဟာလည်း လူနာရဲ ရုပ်​ပိုင်းဆိုင်​ရာကိုသာမက သိတ်​ပိုင်းဆိုင်​ရာကိုလည်း သက်​​ရောက်​မှုရှိပါတယ်​။ ဆီးချိုရှိတဲ့သူ​တော်​​တော်​များများဟာ သူတို့စိတ်​ခံစးချက်​​တွေ​ပြောင်းလဲလာတာကြုံရမှာပါ။

ဥပမာ – စိတ်​ဓာတ်​ကျခြင်း၊ စိတ်​ဖိစီးခြင်း၊ စိုးရိမ်​​ကြောင့်​ကြခြင်းနဲ့ တခြားစိတ်​ခံစားမှု​တွေခံစားရနိုင်​ပါတယ်​။ ​သွေးချိုကို ပုံမှန်​​ရောက်​​အောင်​ထိန်းချုပ်​ခြင်းနဲ့အတူ စိတ်​ပိုင်းဆိုင်​ရာ​ပြောင်းလဲမှုကိုထိန်းချုပ်​ဖိုဆိုတာ ခက်​​တောခက်​ခဲနိုင်​ပါတယ်​။

ဆီးချို type1 နဲ့ type2 ရှိတဲ့လူတိုင်းက စိတ်​ပိုင်းဆိုင်​ရာ​ပြောင်းလဲမှု​တွေကိုကြုံရတတ်​ပါတယ်​။ အချိန်​​တွေကြာလာတာနဲ့အမျှ မထိန်းချုပ်​ဘဲထားခဲ့ရင်​ ဆီးချိုကိုထိန်းချုပ်​ဖို့ပါ ခက်​လာလိမ့်​မယ်​။ ​လေ့လာမှုတစ်​ခုအရ ​သွေးထဲမှာ သကြားဓာတ်​အလွန်​အမင်းများခြင်းက စိတ်​အ​ခြေအ​နေကို​ပြောင်းလဲနိုင်​တယ်​လို့ဆိုပါတယ်​။ ဒီလို​သွေးထဲကသကြားဓာတ်​တက်​လိုက်​ကျလိုက်​ဖြစ်​ခြင်းက လူနာရဲ့စိတ်​ခံစားမှု​တွေက်ု​ပြောင်း​စေပါတယ်​။

ယေဘူယျအကျဆုံး ဆီးချို​ကြောင့်​ဖြစ်​တဲ့ စိတ်​ခံစားမှုက စိတ်​ဓာတ်​ကျခြင်းဖြစ်​ပါတယ်​။ ​လေ့လာသူ​တွေကလည်း စိတ်​ဓာတ်​ကျခြင်းက ဆီးချိုတက်​​စေတာလား ဒါမှမဟုတ်​ ဆီးချိုက စိတ်​ဓာတ်​ကျ​စေတာလား ​လေ့လာဆဲပါ။ မကြာ​သေးခင်​​လေ့လာမှု​တွေအရ ဆီးချို tye 1 ရှိတဲ့သူ​တွေက စိတ်​ဓာတ်​ကျ​စေတဲ့ ​ဟော်​မုန်းတစ်​မျိုးကို ထုတ်​တယ်​လို့ဆိုပါတယ်​။

အ​ကြောင်းက ဆီးချို type 1 ရှိတဲ့လူ​တေမှာ အင်​ဆူလင်​ လုံးဝမထုတ်​နိုင်​​တော့ပါဘူး။ ဆီးချို type 2 လူနာ​တွေက​တော့ အင်​ဆူလင်​မလုံ​လောက်​မှုကို အင်ူလင်​ကုသမှု​တွေကိုလိုက်​နာရပါတယ်​။ ဒါကသူတိုကို အင်​အားမဲ့သလို၊ ပင်​ပန်း​နေသလို၊ နွမ်းလျ​နေသလို ခံစားရ​စေပါတယ်​။

ဆီးချို​ကြောင့်​ အထူးသဖြင့်​ ဆီးချို type 2 ​ကြောင့်​​ပြောင်းလဲတဲ့ စိတ်​ခံစားမှု​တွေက မိမိကိုယ်​ကိုအပြစ်​တင်​ခြင်းဖြစ်​ပါတယ်​။ ဆီးချိုဖြစ်​တဲ့သူ​တော်​​တော်​များများက အဝလွန်​သူ​တွေ၊ အထိုင်​များသူ​တွေဖြစ်​ကြပါတယ်​။ ဆီးချိုဖြစ်​လာတဲ့အခါမှာ သူတို့အရင်​က​နေထိုင်​မှုပုံစံကို​နောင်​တရပြီး ဝမ်းနည်းပါလိမ့်​မယ်​။ ဘယ်​လိုဘဲဖြစ်​ဖြစ်​ အဝလွန်​တာတစ်​ခုတည်းက ဆီးချိုမဖြစ်​​စေပါဘူး။

ဆီးချို type 1 က အစားအ​သောက်​ ဒါမှမဟုတ်​ ​လေ့ကျင့်​ခန်းမလုပ်​တာ​ကြောင့်​ ဖြစ်​တဲ့​ရောဂါမဟုတ်​ပါဘူး။ တစ်​ဖက်​မှာလည်း ဆီးချို type 2 ဖြစ်​​နေတဲ့သူ​တွေက သူတို့စား​သောက်​မှုပုံစံကို အပြစ်​တင်​ကြပါတယ်​။ မျိုးရိုးဗီဇ​ကြောင့်​လည်း ကင်​ဆာဖြစ်​နိုင်​ပါတယ်​။

ဆီးချိုက ဆက်​ဆံ​ရေး​တွေမှာလည်း ရှုပ်​​ထွေးမှု​တွေဖြစ်​​စေပါတယ်​။ ဆီးချို​ကြောင့်​ စိတ်​ကျပြီး စိုးရိမ်​​နေသူ​တွေက လူမှု​ရေးလှုပ်​ရှားမှု​တွေက​နေထွက်​ပြီး သူတို့ရဲ့အ​တွေး​တွေကိုဘယ်​သူနဲ့မှ မမျှ​ဝေ​ပေး​တော့ပါဘူး။ ဒါ့အပြင်​ဆီးချိုက လူနာ​တွေကို သူတို့​ရောဂါအ​ကြောင်းလူ​တွေကို​ပြောပြဖို့စိုးရိမ်​​စေပါတယ်​။

ဆီးချိုက တစ်​သက်​လုံးစာ​ရောဂါဖြစ်​တဲ့အတွက်​ ဘဝတစ်​ခုလုံးဆီးချိုနဲ့ရင်​ဆိုင်​ရမယ့်​သူ​တွေအတွက်​ ခက်​ခဲ​စေပါတယ်​။ ဆီးချို​ကြောင့်​ဖြစ်​လာနိုင်​တဲ့ အမြင်​အာရုံချို့ယွင်းမှု၊ နှလုံး​ရောဂါနဲ့ ​ခြေလက်​ဖြတ်​ရခြင်​ကို ဆီးချိုရှိသူတိုင်းစိုးရိမ်​ကြပါတယ်​။ ဒါ​တွေက စိတ်​ဖိစည်းပြီး ​မောပန်းတဲ့ခံစားချက်​ကိုပါဖြစ်​​စေပါတယ်​။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ရင်းမြစ်များ
ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။