backup og meta

ဝတ်မှုန်အဖျားရောဂါ


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝတ်မှုန်အဖျားရောဂါ

    Hay Fever ဆိုတာဘာလဲ။

    Hay Fever ကို allergic rhinitis သို့မဟုတ် ဝတ်မှုန်နဲ့ ဓါတ်မတည့်ခြင်းလို့လည်းခေါ်ကြပါတယ်။ လက္ခဏာတွေကတော့ ရာသီအလိုက်ဖြစ်ကြတာဖြစ်ပြီးဆိုလိုတာက သင့်ကို ဓါတ်မတည့်စေတဲ့ ဝတ်မှုန်တွေက သူတို့ရဲ့ အမြင့်ဆုံး လယ်ဗယ်ကို ရောက်နေတယ်ဆို လက္ခဏာက ပိုဆိုးမှာပါ။

    hay fever ဆိုတာ အဖြစ်အများဆုံးတွေထဲက တစ်ခုပါပဲ။ လူ ၅ယောက်မှာ ၁ယောက်ဖြစ်ပါတယ်။ hay fever ဖြစ်စေတဲ့ အချို့သော ဓါတ်မတည့်စေတဲ့ပစ္စည်းတွေမှာတော့

    တိရစ္ဆာန်အမွေး

    ဖုန်မှုန့်

    မှိုစပိုး

    ဝတ်မှုန်

    မြက် စတာတွေ ပါဝင်ပါတယ်။

    အဖြစ်များတဲ့ လက္ခဏာတွေကဘာတွေလဲ။

    Hay fever ဆိုတာလည်း ဓါတ်မတည့်တာတစ်မျိုးပဲမို့ ဓါတ်မတည့်စေတဲ့ပစ္စည်းနဲ့ထိတွေ့ပြီးမကြာခင်မှာ လက္ခဏာပေါ်တတ်ပါတယ်။ လက္ခဏာတွေက အပျော့စားကနေ အပြင်းစားထိရှိပြီး အောက်ပါလက္ခဏာတွေ ပါဝင်နိုင်ပါတယ်။

    နှာချေခြင်း

    ချောင်းဆိုးခြင်း

    ယားယံခြင်း (အများအားဖြင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊လည်ချောင်းနဲ့ အရည်ပြား)

    နှာစေးခြင်း

    နှာပိတ်ခြင်း

    ခေါင်းကိုက်ခြင်း

    နှာခေါင်းနဲ့ပါးတွေမှာ ဖိအားများအား

    နားလေထွက်ခြင်း၊နားအူခြင်း

    လည်ချောင်းနာခြင်း

    မျက်ရည်ကျခြင်း၊ မျက်လုံးရောင်ခြင်း၊ မျက်လုံးနီရဲနေခြင်း

    မျက်ကွင်းညိုခြင်း

    အနံ့ခံမရခြင်း

    အင်ပြင်ထခြင်း

    Hay fever က အအေးမိတာ ဒါမှမဟုတ် တုပ်ကွေး စတာတွေနဲ့ ဘယ်လိုကွဲပြားလဲ။

    Hay fever က ပိုကြာပါတယ။် (ရက်သတ္တပတ်ပေါင်းများစွာ ကြာပါတယ။်) ပြီးတော့ မဖျားပါဘူး။ နှာခေါင်းပြဿနာကတော့ ကြဲပါးကြည်လင်တဲ့ ရေလို နှာရေတွေစီးကျတာပါ။ အအေးမိတာ တုပ်ကွေးမိတာ စတာတွေရဲ့ နှာခေါင်းပြဿနာကတော့ပိုပြီး ပျစ်ပါတယ်။

    ယားယံခြင်း (အများအားဖြင့် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊လည်ချောင်းနဲ့ အရည်ပြား)တွေဟာ hay ever မှာ အဖြစ်များပြီး အအေးမိတုပ်ကွေးမှာတော့ မဖြစ်ပါဘူး။ နှာချေခြင်းဟာ hay fever မှာ ပိုဖြစ်ပြီး အကြိမ်ရေပိုများပါတယ။်

    ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ။

    တကယ်လို့ လက္ခဏာတွေက သင့်ရဲ့နေ့စဉ်ဘဝမှာ အနှောက်အယှက်ဖြစ်နေပြီဆိုရင်တော့ မိသားစုဆရာဝန်နဲ့ပြပါ။ သူက စစ်ဆေးမှုတွေလုပ်ပြီး လက္ခဏာအကြောင်းတွေ မေးပါလိမ့်မယ်။

    သင့်ရဲ့ လက္ခဏာတွေကို မှတ်တမ်းတစ်ခုလုပ်ပြီး အချိန်တစ်ခုကြာတဲ့ထိသိမ်းထားတာက ဘယ်အရာက သင်နဲ့ဓါတ်မတည့်တာလဲဆိုတာ ဆုံးဖြတ်တဲ့အခါ ဆရာဝန်ကို ကူညီပေးပါလိမ့်မယ်။

    ဘာက ဓါတ်မတည့်မှုတွေကို ဖြစ်စေတာလဲ။

    ဓါတ်မတည့်စေတဲ့ပစ္စည်းတွေနဲ့ထိတွေ့ပြီးတဲ့နောက် သင့်ရဲ့ခုခံအားစနစ်က antibodies တွေကို ဖန်တီးပြီး histamine လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုးကို သွေးကြောတွေထဲကို ထုတ်လွှတ်ပေးပါတယ်။ ဒီ အရာက hay ever လက္ခဏာတွေကို ဖြစ်ပေါ်စေတာပါ။ ဥပမာ- မျက်ရည်ကျတာ၊ နှာချေတာနဲ့ ချောင်းဆိုးတာ တို့လိုပေါ့။

    Hay fever ဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အချို့သူတွေကတော့ rhinitis ဖြစ်နိုင်ဖို့ အခွင့်အလမ်းပိုများနေပါတယ်။ ဒီလိုလူတွေထဲမှာတော့ ရင်ကြပ်ရောဂါရှိသူတွေ၊ ဒါမှမဟုတ် မိသားစုဝင်တွေထဲမှာ ရင်ကြပ် သို့မဟုတ် ဓါတ်မတည့်တဲ့ မျိုးရိုးရှိခဲ့သူတွေ ပါဝင်နေပါတယ။်

    Hay Fever ဆိုတာ ဘယ်လိုသိနိုင်မလဲ။

    မိသားစုဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူက ခွဲခြားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဆရာဝန်တွေက ရောဂါမသတ်မှတ်ခင် သင့်အကြောင်းနဲ့ မိသားစုကျန်းမာရေးရာဇဝင်အကြောင်း တွေ၊ အလုပ်နဲ့ အိမ်ပတ်ဝန်းကျင်တွေအကြောင်း မေးခွန်းတွေ မေးပါလိမ့်မယ်။

    ဒီမေးခွန်းတွေဟာ ဘယ်အရာက ဓါတ်မတည့်မှုကိုဖြစ်စေတာလဲလို့ ဆုံးဖြတ်တဲ့နေရာမှာ သဲလွန်စတွေ ပေးနိုင်ပါလိမ့်မယ်။ စစ်ဆေးမှုတွေကလည်း ရောဂါသတ်မှတ်တဲ့ အစိတ်အပိုင်းတွေထဲက တစ်ခုပါပဲ။

    Hay fever လို့သတ်မှတ်ဖို့အတွက် အသုံးပြုများတဲ့ စစ်ဆေးမှု ၂ခုရှိပါတယ်။

    အရည်ပြားဖောက်စစ်ဆေးခြင်း

    ဓါတ်မတည့်မှုတွေဖြစ်စေနိုင်တဲ့ မတူညီတဲ့ပစ္စည်းတွေကို သင့်အရည်ပြားထဲ ဖောက်ထည့်ပါမယ်။ ဆရာဝန်က ဒီစမ်းသပ်မှုကို နောက်ကျောအပေါ်ပိုင်း ဒါမှမဟုတ် လက်မောင်းမှာလုပ်ပါတယ်။ မိနစ်၂၀ကြာပြီးနောက်မှာတော့ သင့်အရည်ပြားရဲ့ တုံ့ပြန်မှုကို တွက်ချက်နိုင်ပါပြီ။ အင်ပြင်ထခြင်းတွေလည်း အပါပေါ့။

    သွေးစစ်ခြင်း

    အပေါ်ကနည်းလမ်းအလုပ်မဖြစ်တော့တဲ့အခါ ဆရာဝန်က သွေးစစ်တာမျိုးလုပ်ပါလိမ့်မယ်။ သွေးနမူနာကို လက်မောင်းသွေးပြန်ကြောကနေ ဖောက်ပါမယ်။ ဒီအမျိုးအစားကတော့ ပိုပြီးအသေးစိတ်ကျကာ တစ်ကြိမ်မှာ ဓါတ်မတည့်စေတဲ့ပစ္စည်း တစ်မျိုးကိုပဲ စမ်းသပ်လို့ရတာပါ။

    ဘယ်လိုကုသမလဲ။

    လူအများစုကတော့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေကိုရှောင်လိုက်ကြပါတယ်။ ဒါပေမဲ့ အချိန်တိုင်းတော့ အဆင်မပြေနိုင်ပါဘူး။ တကယ်လို့ ဓါတ်မတည့်စေတဲ့အရာတွေကို မရှောင်နိုင်ရင် လက္ခဏာတွေကို ထိန်းချုပ်ဖို့ များစွာသော ကုသမှုတွေရှိပါတယ်။ ဒီထဲမှာတော့ အလွယ်တကူရနိုင်တဲ့ OTC ဆေးတွေတောင် ပါဝင်နေပါသေးတယ။်

    Nasal corticosteroids : ဒါဟာ နှာခေါင်းလမ်းကြောင်းရောင်ယမ်းခြင်းနဲ့ နှာစေးခြင်းကိုလျှော့ချပေးတဲ့ ဆေးပါ။

    Antihistamines : ဒီဆေးက Histamine ကို ပိတ်ဆို့ပေးပါတယ။် ဆေးကောင်တာတွေမှာ အလွယ်တကူရနိုင်သလို ဆရာဝန်ညွှန်ကြားချက်နဲ့လည်း ဝယ်လို့ရပါတယ်။ ဒီဆေးကတော့ နှာစေးနေတာနဲ့ နှာချေနေတာကို ပျောက်ကင်းစေမှာပါ။

    Decongestants : နှာခေါင်းထဲက ရောင်ယမ်းနေတဲ့အမြှေးပါးတွေကိုသေးငယ်စေပြီး နှာခေါင်းပိတ်ခြင်းကို သက်သာစေပါတယ်။

    Corticosteroids သောက်ဆေး : ပြင်းထန်တဲ့ ဓါတ်မတည့်မှုတွေမှာ ဆရာဝန်တွေက ဒီဆေးကို ညွှန်းနိုင်ပါတယ်။ ဥပမာ Prednisone လိုပေါ့။ ဒီဆေးတွေဟာ ဓါတ်မတည့်မှုလက္ခဏာတွေကို ထိရောက်စွာလျှော့ခပေးနိုင်ပေမယ့် ရေရှည်သုံးစွဲမယ်ဆိုရင် ကြွက်သားအားနည်းတာ Osteoporosis နဲ့ cataracts တွေဖြစ်နိုင်ပါတယ။်

    Nasal rinse : Nasal irrigation သို့မဟုတ် saline riseဟာ hay fever အတွက် ထိရောက်တဲ့ကုသမှုတစ်ခုပါ။ ဒီဆေးတွေကို ကောင်တာတွေမှာလည်းရနိုင်ပြီး နှာခေါင်းထဲက ဓါတ်မတည့်တဲ့အရာတွေကို ထုတ်ပေးနိုင်လို့ လက္ခဏာတွေကိုလည်းလျှော့ချပေးနိုင်ပါတယ်။ sinus rinses တွေကို ညွှန်ကြားချက်အတိုင်းသုံးပါ။

    Hay fever ကို ကုသဖို့သုံးတဲ့အခြားဆေးတွေကတော့ cromolyn sodium, leukotriene modifiers, နဲ့ nasal ipratropiumတို့ပါပဲ။

    တစ်ခုတလေမှာ လက္ခဏာတွေဟာ ဘာဆေးသောက်သောက်မပျောက်တာမျိုးရှိပါတယ်။ အဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ allergy shots တွေကို သုံးဖို့ ဆရာဝန်က တိုက်တွန်းပါလိမ့်မယ်။

    ဒီကုထုံးကတော့ သင့်ခန္ဓါကိုယ်က ဓါတ်မတည့်တဲ့တုံ့ပြန်မှုတွေကိုပါ လျှော့ချပေးလိုက်မှာပါ။ လပေါင်းမှားစွာ၊ နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် သင့်ဆရာဝန်က သင့်ခန္ဓါကိုယ်ထဲကို ဓါတ်မတည့်စေတဲ့ပစ္စည်းတွေထိုးထည့်ပေးခဲ့ရင်တောင် သင့်ခန္ဓါကိုယ်က ပြင်းပြင်းထန်ထန်တုံ့ပြန်တာမျိုးတွေလျော့သွားနိုင်ပါတယ်။ ဒီအခြေအနေမှာတော့ သင့်အတွက်ဆေးမလိုတော့ပါဘူး။

    နောက်ဆက်တွဲပြဿနာက ဘာလဲ။

    အပြင်ထွက်လို့ ဓါတ်မတည့်ဘူးဆိုရင် နွေရာသီမှာ အိမ်ထဲမှာနေလို့ရပါတယ်။ အိမ်တွင်းမှာ ဓါတ်မတည့်လို့ နှာချေနေတာ နှာပိတ်နေတာဆိုရင်တော့ ညသန်းခေါင်လည်း နိုးလာမှာပါပဲ။ ဒါ့အပြင် Hay fever က ရင်ကြပ်ခြင်းကိုပိုဆိုးစေပြီး နားတွင်းပိုးဝင်ခြင်းနဲ့ ထိပ်ကပ်နာတွေကို ဖြစ်စေနိုင်ပါတယ်။

    ဘယ်လိုကာကွယ်ရမလဲ၊

    ဝတ်မှုန်များ : အိပ်ရာမဝင်ခင် ဝတ်မှုန်တွေနဲ့ အခြားအရာတွေ သင့်ဆံပင်နဲ့ အရည်ပြားပေါ်ကပ်မနေဖို့ ရေချုးပါ။ အပြင်မထွက်ပါနဲ့ အထူးသဖြင့် နေပူလေတိုက်တဲ့နေ့တွေမှာပေါ့။ ပြူတင်းပေါက်တွေနဲ့ တံခါးတွေကို ပိတ်ထားပါ။ အိမ်ထဲမှာနဲ့ ကားထဲမှာဆို အဲကွန်းသုံးပါ။

    မှို : သင့်အိမ်တွင်းမှာ မှိုရှင်းဖို့ဆိုရင် အိမ်ထဲမှာစိုက်ထားတဲ့အပင်တွေဖယ်ပါ။ ရေချိုးခန်းလိုက်ကာကို မကြာခဏလဲပါ။ ရေချိုးခန်းပြူတင်းပေါက်၊ နံရံ နဲ့ အမှိုက်ပုံးတွေကို သန့်ရှင်းရေး မကြာခဏလုပ်ပါ။ ရေနဲ့ chlorine ချွတ်ဆေးကို သုံးပြီး မှိုသတ်ပါ။

    တံခါးတွေနဲ့ ပြူတင်းပေါက်တွေဖွင့်ပြီး ပန်ကာတွေနဲ့ လေဝင်လေထွက်ကောင်းအောင်လုပ်ပြီး မှိုကို ကာကွယ်ပါ။

    ရေချိုးခန်း သို့မဟုတ် စိုစွတ်တဲ့ အခန်းတွေမှာ ကော်ဇောမခင်းပါနဲ့။ မှိုမတက်တဲ့သုတ်ဆေးကို နံရံကပ်စက္ကူတွေအစားသုံးပါ။ ရေငွေ့ကို ၅၀%လောက်လျှော့ချပါ။ ဒီထက်ပိုနည်းလည်း အဆင်ပြေပါတယ။် သင့်အိမ်ရဲ့ လေထုအရည်အသွေးကို dehumidifier တွေါသုံးခြင်း၊ အပူချိန်ကို ၇၀ဒီဂရီထားခြင်းနဲ့ လေဝင်လေထွက်စနစ်မှာ အမှုန်စစ်တဲ့အရာလေးတွေ ထားပေးခြင်းအားဖြင့် အဆင်ပြေနိုင်ပါတယ်။

    တိရစ္ဆာန်အမွေး : တကယ်လို့ သင့်ရဲ့ဓါတ်မတည့်မှုကပြင်းထန်တယ်ဆိုရင် အိမ်မွေးတိရစ္ဆာန်တွေကို အဝေးမှာထားပါ။ အိမ်ပြင်မှာထားပါ။ ကြောင်တွေ ခွေးတွေရဲ့ dander တွေဟာ ဖုန်မှုန့်နဲ့အတူရောပြီး သေဆုံးဖို့ ၄ပတ်နဲ့အထက် လိုအပ်ပါတယ။်

    ဒါပေမဲ့ သင့်အိမ်ထဲမှာ dander တွေကို လျှော့ချဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ ဓါတ်မတည့်ခြင်းကိုကာကွယ်ပေးတဲ့ ခုတင်၊ အိမ်မွေးတိရစ္ဆာန်ကို မကြာခဏရေချိုးပေးခြင်းနဲ့ air filter တပ်ဆင်ခြင်းက တိရစ္ဆာတွေရဲ့ dander ကိုလည်း လျှော့ချရာရောက်ပါတယ်။

    ဖုန်နဲ့အညစ်အကြေး : သင့်အိမ်က ဖုန်တွေကိုလျှော့ချဖို့ဆို ခန်းစည်းရှည်တွေ၊ ငှက်မွေးခေါင်းဦးတွေ၊ ပရိဘောဂတွေ၊ ဆေးမရတဲ့ ကစားစရာတွေကို ဖယ်ရားပါ။ ကော်ဇောတွေအစား linoleum သို့မဟုတ် သစ်သားကိုသုံးပါ။ ပေါလစ်တိုက်ထားတဲ့ ကြမ်းခင်းကအကောင်းဆုံးပါပဲ။

    ရေစိုဝတ်နဲ့ ကြမ်းတိုက်ပါ။ ပုံမှန်ဖုန်စုပ်စက်နဲ့ ဖုန်စုပ်ပါ။ ဖုန်စုပ်စက်တွေမှာက HEPA filter ပါဝင်တာကို သုံးပါ။ ပရိဘောဂ၊ ခန်းစည်းတွေနဲ့ ကြမ်းပြင်တွေကိုပါ ဖုန်စုပ်ပါ။ လေသန့်စင်တဲ့ အရာကို lectrostatic filter နဲ့ အတူတူထည့်သွင်းပါ။ ကော်ဇော်တွေနဲ့ ကူရျင်တွေကို အထူးသန့်စင်စက်နဲ့ သန့်စင်ပါ။ ဒါမှမဟုတ် tannic acid spray ကိုသုံးပြီးသန့်စင်ပါ။

    အိပ်ရာခင်းတွေအားလုံးကို ရေပူပူ (၁၃၀ဒီဂရီဖာရင်ဟိုက်အထက်) နဲ့ ဆေးကြောပါ။ ဒီလိုမျိုး ၇ရက်မှ ၁၀ရက်ကြာတိုင်းတစ်ခါလုပ်ပေးပါ။ မွေ့ရာတွေကို အသုံးမပြုပါနဲ့။ မွေ့ရာနဲ့ ခေါင်းအုံးဖုံးတွေကို ပလတ်စတစ်အဖုံးတွေနဲ့ ဖုံးထားပါ။ ရေငွေ့ပမာဏကို အိမ်ထဲမှာ dehumidifier သုံးပြီး လျှော့ချပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement