ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ထိန်းထားပါ – ခန္ဓါကိုယ်ရဲ့ အလေးချိန်က လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ်မှာတော်တော်လေးသက်ရောက်နေတာပါ။ အစားတွေကို စားကောင်းတိုင်း အများကြီးစားနေမယ်ဆိုရင် ကိုယ်တွင်းမှာ အဆီပိုတွေများလာပြီး မလိုလားအပ်တဲ့ရောဂါတွေဝင်ရောက်လာနိုင်ပါတယ်။ ကိုယ်တွင်းမှာ အဆီပိုတွေများလာရင်ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါကို ခံစားရနိုင်တာပါ။ အဝလွန်တဲ့သူတွေ ပုံမှန်ထက် ကိုယ်အလေးချိန်များနေသူတွေက အရက်ကြောင့်မဟုတ်တဲ့ အသည်းအဆီဖုံးရောဂါ ခံစားရနိုင်ခြေများတာကြောင့် ကိုယ်အလေးချိန်မများလာအောင် ထိန်းသိမ်းပါ။
တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ –တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်တာက မသန့်ရှင်းမှုကနေတဆင့်ကူးစက်တတ်တဲ့ အသည်းရောင် အသားဝါရောဂါပိုးတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အိမ်သာကဆင်းတဲ့အခါ၊ ကလေးကိုသေးခံလဲပေးပြီးချိန်၊ အစားမစားခင်၊ အစားအသောက်တွေကိုမပြင်ဆင်ခင်၊ ညစ်ပေတဲ့အရာတွေကို ထိတွေ့ပြီးချိန်တိုင်းမှာ လက်ကိုသေချာသန့်စင်အောင်ဆေးကြောပေးပါ။
ရေများများသောက်ပေးပါ -ရေကအသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာတော်တော်လေးထိရောက်မှုရှိစေတဲ့အရာပါ။ သင့်အနေနဲ့ရေသောက်နည်းနေမယ်ဆိုရင်သွေးတွေပျစ်လာပြီး အသည်းက သန့်စင်စစ်ထုတ်မှုလုပ်ဆောင်ရာမှာ ပိုမိုခက်ခဲစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်ရေကိုလုံလောက်အောင်သောက်ပေးပါ။နေ့စဉ်ရေကို ၆ ခွက်ကနေ ၈ခွက်လောက်တော့သောက်ပေးပါ။ရေသောက်တဲ့အခါရေရဲ့ သန့်ရှင်းမှုကိုသေချာဂရုစိုက်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။