သင့်ကယ်လိုရီတွေကို ထိန်းညှိပါ။
ကုသမှုအပြီး ကိုယ်အလေးချိန်တက်ခြင်းက သင့်ကိုအဝလွန်စေနိုင်ပြီး တခြားကျန်းမာရေးပြသနာတွေဖြစ်လာစေနိုင်ပါတယ်။ တစ်ဖက်မှာလည်း ကိုယ်အလေးချိန်ကျတာ အရမ်းမြန်ခြင်းက သင့်နာလန်ထူမှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ကယ်လိုရီကို ထိန်းညှိဖို့လိုပါတယ်။ သဘောက အစားအသောက်တွေဆီက သင်စုပ်ယူလိုက်တဲ့စွမ်းအင်ကို ထိန်းညှိတာပါ။ ဒါက အစားအစာတွေကရတဲ့ ကယ်လိုရီတွေကိုတွက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုတွေကြောင့်ပြန်ထွက်သွားတဲ့ ကယ်လိုရီတွက်ခြင်းတို့ ပါဝင်ပါတယ်။
သင့်အနေနဲ့ အစာကောင်းကောင်းစားလို့ရတယ်ဆိုပေမယ့် အများကြီးမစားမိအောင်တော့ ဂရုစိုက်ပါ။ သင်အစာစားနေချိန် အာရုံမလွင့်စေပါနဲ့။ သင်ဘယ်လောက် စားနေသောက်နေတယ်ဆိုတာ သတိထားနေရပါ့မယ်။ ဒါ့အပြင် သင့်အနေနဲ့ အနည်းငယ်သာ စားသင့်ပြီး ကယ်လိုရီနည်းတာတွေကိုရွေးစားသင့်ပါတယ်။ ဒုတိယအနေနဲ့ သင်ကယ်လိုရီဘယ်လောက်လိုနေလဲဆိုတာသိဖို့ အရေးကြီးပါတယ်။
သင့်ဆရာဝန် သို့မဟုတ် အစားအသောက်ကျွမ်းကျင်သူတွေဆီမှာ သင်နဲ့သင့်တော်မယ့် အစားအသောက်ပုံစံကို အကြံတောင်းနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။