ဓါတ်ကင်ခြင်းကစွမ်းအားမြင့်ဓါတ်ရောင်ခြည်တန်းတွေကိုအသုံးပြုပြီးကင်ဆာဆဲလ်တွေကိုသတ်တာပါ။ တချို့အခြေအနေတွေမှာသင့်ဆရာဝန်ကသင်ခွဲစိတ်မှုပြီးနောက် နောက်ထပ်ကင်ဆာထပ်မဖြစ်အောင်ဓါတ်ကင်ခိုင်းပါလိမ့်မယ်။ တချို့အခြေအနေတွေမှာကျတော့ခွဲစိတ်မှုမပြုလုပ်ခင်ဓါတ်ကင်စေပြီးအကြိတ်ကိုကျုံ့သွားအောင်ဖယ်ရှားရလွယ်ကူအောင်လုပ်ပါတယ်။
တကယ်လို့သင်ကခွဲစိတ်မှုလုပ်ဖို့ထိမကျန်းမာဘူးဆိုရင်ဓါတ်ကင်ခြင်းတစ်ခုဘဲလုပ်နိုင်ပါတယ်။ သာအိမ်ကင်ဆာဖြစ်နေတဲ့အမျိုးသမီးတွေမှာဓါတ်ကင်ခြင်းကကင်ဆာကြောင့်ဖြစ်တဲ့နာကျင်မှုတွေကိုလည်းသက်သာစေပါတယ်။
ဓါတ်ကင်ခြင်းမှာနှစ်မျိုးရှိပါတယ်။
- သင့်ကိုယ်အပြင်ဘက်မှာစက်နဲ့ဓါတ်ကင်ခြင်း၊ဒီဓါတ်ကင်ခြင်းမှာသင်ကခွဲခန်းသုံးခုတင်ပေါ်လှဲအိပ်နေပြီးဓါတ်ရောင်ခြည်စက်ကသင့်ကိုယ်ကကင်ဆာဖြစ်နေတဲ့နေရာကိုချိန်ပြီးဓါတ်ရောင်ခြည်ပစ်ပါလိမ့်မယ်။
- ကိုယ်တွင်းဓါတ်ကင်ခြင်း၊ဒီဓါတ်ကင်ခြင်းမှာ ရေဒီယိုသတိကြွနေတဲ့အရာတွေ၊ဥပမာ – အစေ့သေးသေးလေးတွေ၊ဝိုင်ယာတွေ၊ကိုသင့်မိန်းမကိုယ်ထဲမှာ အချိန်အနည်းငယ်ကြာအောင်ခဏထည့်ထားပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။