backup og meta

ဆီးချိုနဲ့ကျောက်ကပ်ရောဂါရှိသူတွေအတွက်အထောက်အကူပြုပေးမယ့် ကျန်းမာရေးစောင့်ရှောက်မှု ဖေ့ဘွတ်ဂရု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုနဲ့ကျောက်ကပ်ရောဂါရှိသူတွေအတွက်အထောက်အကူပြုပေးမယ့် ကျန်းမာရေးစောင့်ရှောက်မှု ဖေ့ဘွတ်ဂရု

    ရောဂါတစ်ခုခုဖြစ်လာရင် သက်တမ်းစေ့နေနိုင်ဖို့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ အသက်ရှည်ရှည်ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့အတွက်က ကိုယ်တိုင်ကရော မိသားစုဝင်တွေကပါသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်တဲ့အခါနားလည်တတ်ကျွမ်းသူတွေ နဲ့ မိသားစုဝင်တွေအတူတူတိုင်တိုင်ပင်ပင်နဲ့ ဂရုစိုက်တာက ပိုပြီး အထောက်အပံ့ဖြစ်နိုင်ပါတယ်။ ဆီးချိုသွေးတိုး၊ နှလုံး၊ကျောက်ကပ်ရောဂါတို့လိုမျိုး နာတာရှည်ရောဂါသမားတွေအတွက်ဆိုရင် ဒီလိုဂရုစိုက်မှုမျိုးနဲ့ မျှဝေပြောဆိုခြင်းတွေက ပိုပြီး လိုအပ်မှာပါ။

    ရောဂါအကြောင်းတတ်သိနားလည်သူတွေနဲ့ အမြဲမပြတ်ထိတွေ့နေမှုကနေ ဒီလိုကောင်းကျိုးတွေရရှိခံစားရနိုင်ပါတယ်

    ဆီးချိုရောဂါ၊ကျောက်ကပ်ရောဂါတွေက တစ်ခဏတာပဲခံစားရတာမဟုတ်သလို ကုသလိုက်ရုံနဲ့ ချက်ချင်းပျောက်ကင်းသွားတာတော့လည်း မဟုတ်ပါဘူး။ နာတာရှည်ရောဂါဆိုတာက အခါမလပ်သေချာလေးဂရုစိုက်ပေးနိုင်မှတော်ကာကျတာပါ။ ဒါကြောင့် ကိုယ်တိုင်ရော မိသားစုဝင်တွေအပြင်ရောဂါအကြောင်းတတ်သိနားလည်သူတွေ ပါဝင်နေတဲ့ အဝန်းအဝိုင်းအတွင်းမှာနေတာက တိုင်ပင်ဖော်ရသလို လိုအပ်တဲ့စောင့်ရှောက်မှုတွေနဲ့ လိုက်နာကျင့်ကြံရမယ့် အကြံဉာဏ်ကောင်းတွေကိုပါ ရရှိနိုင်မှာပါ။

    အရေးပေါ်အခြေအနေမှာ အကြံဉာဏ်ကောင်းတွေရနိုင်တယ်

    နောက်တစ်ချက်က ဆီးချိုရှိသူတွေအနေနဲ့သွေးချိုအတက်အကျမှာ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ကြီးမားတဲ့ ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။သွေးချိုတက်တယ်၊ကျတယ်ဆိုတာက မကြုံဖူးတဲ့သူတွေအဖို့ အရမ်းထိတ်လန့်စရာကောင်းတဲ့အခြေအနေပါ။ ဒီအခြေအနေမျိုးမှာ တတ်သိနားလည်သူတွေရဲ့ အကူအညီကို လိုအပ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ချစ်ခင်ရသူကိုအကောင်းဆုံးစောင့်ရှောက်မှုပေးနိုင်ဖို့ဆိုရင် ရောဂါအကြောင်း တတ်သိနားလည်သူတွေ ပါဝင်နေတဲ့ ဖေ့ဘွတ်ဂရုလေးထဲမှာ ပါဝင်ထားတာက အထောက်အကူအများကြီးဖြစ်ပါလိမ့်မယ်။

    လိုအပ်တဲ့ကျန်းမာရေးဗဟုသုတကို အမြဲမပြတ်ရရှိနိုင်တယ်

    ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါရှိသူတွေဟာ အမြဲမပြတ် အနေအထိုင် အစားအသောက်ကို ဂရုစိုက်နေဖို့လိုပါတယ်။ အတိမ်းအစောင်းမခံတဲ့ ရောဂါတွေကြောင့် မမျှော်လင့်ထားတဲ့ အခြေအနေတွေကြုံတွေ့ရတဲ့အခါ ဘာကြောင့်ဖြစ်တာလဲဆိုတာကို သိနိုင်ဖို့ဆိုရင် ဒီရောဂါတွေနဲ့ပတ်သက်လို့ သိနားလည်ထားတဲ့သူတွေနဲ့ ဆွေးနွေးနိင်မယ့် နည်းလမ်းတွေရှိနေဖို့လိုပါမယ်။ ဒါကြောင့် ဆီးချို၊ကျောက်ကပ်နဲ့ နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါရှိသူတွေအနေနဲ့ လိုအပ်မယ့်ကျန်းမာရေး ဗဟုသုတတွေကို ရရှိနိုင်မယ့် ဂရုထဲဝင်ထားမယ်ဆိုရင် ကိုယ်တိုင်အတွက် အကူအညီဖြစ်နိုင်သလို ကိုယ့်ရဲ့ အတွေ့အကြုံတွေကိုဝေမျှပေးရင်း အခြားသူတွေကိုလည်း တတ်နိုင်တဲ့ဖက်က ကူညီပေးနိုင်မှာပါ။

    ဥပမာပြောပြရရင် ဆီးချိုရှိတယ်။ချွေးတွေအရမ်းထွက်နေတယ်၊ဘာကြောင့်ဖြစ်ရတာလဲဆိုတာကို သိနိုင်ဖို့ပေါ့။ ဆီးချိုရှိတယ်ချွေးတွေအရမ်းထွက်ပြီးခြေလက်တွေပါတုန်နေမယ်ဆိုရင်တော့သွေတွင်းသကြားဓါတ်ကျဆင်းနေတာဖြစ်တာကြောင့် သဘာဝအချိုလေးတစ်ခုခုကို စားဖို့လိုနေတာပါ။ ဒီလိုအခြေအနေမှာ ရုတ်တရက်သွေးတွင်းသကြားဓါတ်များနေတယ်ထင်ပြီး အင်ဆူလင်ထိုးမိမယ်ဆိုရင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီလိုပါပဲ။ခြေလက်တွေရောင်နေတယ်။တော်တော်နဲ့ကို အရောင်မကျဘူးဆိုတာမျိုးပေါ့။ ဒါကကျောက်ကပ်ရောဂါကြောင့်ဖြစ်နိုင်ပါတယ်။နောက်တစ်ချက်ကနေ့ခင်းနေ့လယ်တွေမှာ တအားအိပ်နေတယ်။ အိပ်ရေးလည်း ဝပါတယ်ဆိုတာမျိုးပေါ့။ ဒါကကျောက်ကပ်ထိခိုက်တာကြောင့်သွေးဆိပ်တွေများနေတဲ့အတွက်ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး ကိုယ်ဖြစ်နေတာက ဘာကြောင့်များဖြစ်နေရတာလဲဆိုတာကို သိချင်တယ်ဆိုရင်ဒီရောဂါနဲ့ပတ်သက်လို့ ဗဟုသုတရနိုင်မယ့် ဂရုထဲမှာရှိနေတာက အဆင်ပြေဆုံးဖြစ်မှာပါ။

    ဒီလိုရှိနေခြင်းက မဖြစ်ခင်ကြိုတင်သတိထားဖို့အတွက်ရော၊ဖြစ်လာတဲ့အခြေအနေကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံးကျော်လွှားနိုင်ဖို့အတွက်ပါ အထောက်အကူပြုေပေးနိုင်မှာကြောင့်ပါ။ ကဲ…..နာတာရှည်ရောဂါဖြစ်ရင်လည်း လုံလောက်တဲ့ အသိပညာရှိနေမယ်ဆိုရင်နေ့ရက်တိုင်းကို ကျန်းမာစွာကျော်ဖြတ်လို့ သက်တမ်းစေ့စေ့နေနိုင်မှာဖြစ်ပါတယ်။

    ပုံမှန်ကျန်းမာရေးစစ်ဆေးမှုလုပ်သင့်လား……

    ဆီးချိုရောဂါ၊ နှလုံးရောဂါ နဲ့သွေးတိုးရောဂါလိုမျိုး နာတာရှည်ရောဂါတွေကို ခံစားနေရသူတွေအနေနဲ့နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်နေနိုင်ဖို့အတွက် ပုံမှန်ကျန်းမာရေးစစ်ဆေးတာမျိုးကို လုပ်သင့်ပါ။နေ့စဉ်ပုံမှန်သွေးတွင်းသကြားဓါတ်ကို စစ်ဆေးတာကနေစလို့ ကိုယ်တွင်းအင်္ဂါတွေကျန်းမာရဲ့လားဆိုတာကို စစ်ဆေးတာတွေကိုပါလုပ်သင့်ပါတယ်။

    အသက်ကိုဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း လိုအပ်မယ့် ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူလို့ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ဂရုစိုက်လိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement