backup og meta

အာသီးဖြတ်ပြီးနောက်ပိုင်း ဘယ်လိုပြုမူနေထိုင်သင့်သလဲ ။။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာသီးဖြတ်ပြီးနောက်ပိုင်း ဘယ်လိုပြုမူနေထိုင်သင့်သလဲ ။။

    ခဏခဏ အာသီးရောင်လည်ချောင်းနာ၊ အာသီးကြီးနေလို့ဆိုပြီး အာသီးဖြတ်ထုတ်လိုက်ရတဲ့သူတွေရှိမှာပါ။ အာသီးဆိုတာ လည်ချောင်းထဲကို ဝင်လာတဲ့ရောဂါပိုးတွေကို ဖမ်းပေးတဲ့အရာဖြစ်ပေမယ့် သူက ကျန်းမာရေးကို မကြာခဏ ဒုက္ခပေးနေတဲ့အခါ ကုသမှု အနေနဲ့ အာသီးဖြတ်ထုတ်လိုက်ရတာမျိုးတွေရှိတတ်ပါတယ်။ ခုပြောပြပေးမှာက အာသီးဖြတ်ထုတ်ပြီးနောက်ပိုင်းသိသင့်တဲ့ ကျန်းမာရေးတွေ၊ လိုက်နာရမယ့် ပုံစံတွေ အကြောင်းပဲ ဖြစ်ပါတယ်။

    အာသီးဖြတ်ပြီးနောက်ပိုင်း ဘာတွေဆက်လုပ်ရမလဲ။

    အာသီးဖြတ်ြပီးနောက်ပိုင်း ဆရာဝန်က သင့်ကို ပေးတဲ့ဆေးတွေထဲမှာ

    • အနာသက်သာဆေး – အနာသက်သာဆေးကို အစားမစားခင်တည်းက ကြိုသောက်ထားပါ။ ဒါမှ အစားစားတဲ့အချိန်ကျ နာကျင်မှုဝေဒနာသက်သာအောင်လို့ပါ။ ပြီးမှ အစားစားပါ။ အနာသက်သာဆေးတွေထဲကမှ aspirinကို ရှောင်ပါ။ aspirinဟာ အကိုက်အခဲသက်သာစေတယ်ဆိုပေမယ့် သွေးထွက်လွန်တဲ့ဘေးထွက်ဆိုးကျိုးရှိတတ်တာကြောင့် ခွဲထားတဲ့ အရာကနေ သွေးပြန်ထွက်တတ်ပါတယ်။
    • ပဋိဇီဝပိုးသတ်ဆေး – အစားစားတဲ့လမ်းကြောင်းဆိုတာ ပြင်ပကပိုးတွေ အများဆုံးဝင်နိုင်တာဖြစ်လို့ အနာပိုးမဝင်အောင် ပိုးသတ်ဆေးတွေ သောက်ခိုင်းတာ ဖြစ်ပါတယ်။

    အာသီးဖြတ်ပြီးနောက်ပိုင်း သေးွထွက်ခြင်း။

    အာသီးဖြတ်တယ်ဆိုတာ ခွဲစိတ်မှုတစ်ခု လုပ်ရတာဖြစ်တဲ့အတွက် ခွဲပြီး ၁ပတ် ၁၀ ရက်လောက်မှာတော့ခွဲထားတဲ့နေရာက သွေးထွက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အများဆုံး ၃ ပတ်လောက်အထိ သွေးဆက်ထွက်နေတတ်ပါတယ်။ သွေးတိတ်တာကို သက်သာစေချင်ရင်တော့

    • သွေးနည်းနည်းပဲထွက်ရင် – ရေခဲေရသောက်လိုက်ပါ။ ခဏလောက် ထိုင်ပြီးအနားယူလိုက်ပါ။
    • သွေးထွက်တာများတယ် ၊တော်တော်နဲ့လည်း ပြန်မတိတ်တော့ဘူးဆို – ဆေးခန်းပြန်သွားပြပါ။

    သွေးအများကြီး စိမ့်ထွက်တာကို ကာကွယ်ချင်ရင်တော့

    • အာသီးဖြတ်ခွဲစိတ်ပြီးနောက် ဆေးလိပ်သောက်တဲ့သူဆို ေဆးလိပ်ဖြတ်ပါ။ ဆေးလိပ်မသောက်တဲ့သူဆိုရင် ဆေးလိပ်သောက်တဲ့သူကိုရှောင်ပါ။
    • ပုဝါထဲ ရေခဲတုံတွေထည့်ပြီးလည်ပင်းမှာ ကပ်ပေးပါ။
    • ပူစပ်တဲ့ အစားအစာတွေကို ရှောင်ပါ။
    • ပလုတ်ကျင်းဆေးရည်တွေ၊ အပူပြင်းတဲ့ သွားတိုက်ဆေးတွေကို ရှောင်ပါ။
    • ခွဲစိတ်ပြီးခါစ ရက်ပိုင်းတွေမှာ ချောင်းဆိုးချင်တာ၊နှာချေချင်တာ နဲ့ နှပ်ညှစ်ချင်တာတွေကိ ု အတတ်နိုင်ဆုံးထိန်းပါ။

    စားသောက်မှုပုံစံ ။ ။

    • ရေများများသောက်ြဖစ်ဖို့က အရေးအကြီးဆုံးပါ။ လည်ချောင်းထဲက ပိုးတွေ ရှင်းပြီးသားဖြစ်သလို သွေးထွက်တာကနေ ဆုံးရှုံးသွားတဲ့ရေဓါတ်ကိုလည်း ပြန်ဖြည့်ပေးရာ ရောက်ပါတယ်။
    • ခွဲပြီးပြီးချင်း ရက်အနည်းငယ်လောက် စွတ်ပြုတ်၊ ဆန်ပြုတ်လိုမျိုး အစာပျော့ပျော့တွေပဲ စားပေးပါ။
    • ချဉ်တဲ့၊ အက်ဆစ်ဓါတ်ပြင်းတဲ့ အစားအစာတွေကို ရှောင်ပါ။
    • အေးတဲ့အစားအစာ၊ ရေအေးတွေက ခွဲထားလို့ နာတဲ့အနာကို သက်သာစေမှာပါ။
    • နို့နဲ့ နို့ထွက်ပစ္စည်းတွေ အခြားချွဲကြပ် စေတဲ့ အစားအစာတွေကိုရှောင်ပါ။

    ကိုယ့်ဘာသာ ဂရုစိုက်သင့်တာတွေကတော့

    • လည်ချောင်းခြောက်ထဲပြဿနာကို ဖြေရှင်းဖို့ ရေငွေ့ပေးစက် အခန်းထဲမှာ ဖွင့်ထားပါ။
    • ခွဲစိတ်ပြီး အာသီဖြတ်ပြီး ၁ပတ် ၁၀ ရက် လောက်အထိ လှုပ်ရှားမှု တွေ အများကြီးမလုပ်သေးဘဲအနားယူပါ။
    • တုပ်ကွေးမိ နေတဲ့သူတွေ၊ လည်ချောင်းနာနေတဲ့သူတွေနဲ့ နီးနီးကပ်ကပ်မနေပါနဲ့။
    • ဘယ်အချိန် ကားပြန်မောင်းလို့ရမှာလဲ၊ အလုပ်ပြန်လုပ်လို့ရမှာလဲ စတာတွေက ကိုယ့်ကိုခွဲပေးတဲ့ ဆရာဝန်ကို တစ်ခါတည်း မေးကြည့်သင့်တဲ့ အရာတွေပါ။
    • ဆရာဝန် ပြောထားတဲ့ရက်ချိန်းအတိုင်း မပျက်ကွက်ဘဲသွားပြဖို့ ၊ကြားထဲ ကိုယ်ခံစားနေရတဲ့ ဝေဒနာတွေချရေးထားဖို့၊ သောက်နေတဲ့ဆေးတွေ ရက်ချိန်းပြန်ပြရင် ယူသွားပြဖို့ကလည်း မမေ့သင့်တဲ့ အချက်တွေပါ။

    ဘယ်လိုအခါမျိုးဆို ဆရာဝန်ဆီ ပြန်ပြသင့်လဲ။

    အာသီးဖြတ်ခွဲစိတ်မှုလုပ်ပြီး

    • လည်ချောင်းနာတာ ပိုဆိုးလာမယ်၊ နားတွေလည်း ကိုက်နေမယ်
    • ကိုယ်ပူပြီးအဖျားတက်နေမယ်
    • လည်ပင်းနဲ့ မျက်နှာတွေလည် ရောင်ပြီးနီနေမယ်
    • လည်ပင်းကြီးကတောင့်နေမယ်
    • လည်ချောင်းက မခံမရပ်နိုင်အောင်နာနေပြီး သွားရည်တွေလည်းကျနေကာ အသံတွေလည်း ပြောင်းနေမယ်
    • အသက်ရှူရခက်ပြီး အစားမျိုချရတာလည်းခက်နေမယ်
    • ထင်ထားထက်ပိုပြီး သွေးတွေ အများကြီးထွက်နေမယ်
    • ကိုယ်သောက်တဲ့ ဆေးတစ်ချို့နဲ့ ဓါတ်မတည့်တာကြောင့် အသားအရေတွေ နီရဲပြီးယားယံနေမယ်။ ဆိုရင် ဆရာဝန်ဆီ ချက်ချင်းပြန်သွားသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement