backup og meta

အာသီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အာသီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

    အာသီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ အကြောင်းလေးကို ဗဟုသုတ အနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

    အာသီးဖြတ်ခြင်းနဲ့ ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

    အာသီးခဏခဏရောင်တယ်၊ လည်ချောင်းနာတာ ခဏခဏဖြစ်တယ်။ အာသီးက ကြီးကြီးလာလို့ အသက်ရှူ မရတော့ဘူးစတဲ့ ပြဿနာတွေအတွက် အဓိက ဖြေရှင်းနည်းကတော့ အာသီးဖြတ်ထုတ်တာပဲဖြစ်ပါတယ်။ အာသီးဖြတ်ရတော့မယ်ဆိုရင် လူတိုင်းက ကြောက်သွားတတ်ကြပါတယ်။ အာသီးကြီး ဘာ့ကြောင့်ဖြတ်ရမှာလဲ၊ မဖြတ်ဘဲနေလို့ရော မရဘူးလား။ ဖြတ်လိုက်ရင်ရော ဘာတွေ ဖြစ်သွားမှာလဲဆိုတဲ့မေးခွန်းတွေ တစ်သီတစ်တန်းကြီး ဝင်လာမှာပါ။

    ဒီတော့ အာသီးဆိုတာဘာလဲ။

    အာသီးဖြတ်တယ်ဆိုတာ လျှာအနောက်နားက အာခေါင်မှာရှိတဲ့ အာသီးနှစ်ဘက်ကိုဖြတ်ထုတ်လိုက်တာဖြစ်ပါတယ် ။ ဒီနေရာမှာ uvulaနဲ့ အာသီးကို ရောနေတတ်ကြပါတယ်။ ပါးစပ်ဟပြီးကြည့်လိုက်လို့ တွဲလွဲကျနေတာက uvula ပါ။ အာခေါင်ကနေ  တွဲလောင်းကျနေတဲ့ တစ်ရှူး‌ပျော့လေး ဖြစ်ပါတယ်။

    အာသီးဆိုတာ ဘေးတစ်ဘက်တစ်ချက်စီမှာရှိတဲ့ ဖုသီးနီနီလေးတွေပါ။ ကလေးအသက် ပထမနှစ်တွေမှာ လည်ချောင်းတွင်းကို ဝင်လာတဲ့ ပိုးမွှားတွေကို ဖမ်းယူတဲ့နေရာမှာ အာသီးက ကူညီပေးပါတယ်။

    အာသီးဖြတ်ရတာ ဘာ့ကြောင့်လဲ ။

    ဒီ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖမ်းယူပေးနေတဲ့

    • အာသီးလေး ခဏခဏရောင်တာ၊
    • အာသီးပြည်တည်နေတာ
    • အာသီးပိုးဝင်ပြီး ကိုယ်တွေပူတာ
    • အာသီးကြီးလွန်းတော့ အသက်ရှူရခက်၊ အစာမျိုရခက်တာ စတာတွေကို ဖြေရှင်းဖို့ အာသီးဖြတ်ခွဲစိတ်မှု ပြုလုပ်ရပါတယ်။ ဒီနေ့ခွဲ ဒီနေ့ပဲ ဆေးရုံဆင်းနိုင်တဲ့ ခွဲစိတ်မှု တစ်ခုပါ။

    အာသီးရောင်တဲ့ပြဿနာကို ဖြေရှင်းဖို့ အာသီးဖြတ်မှ ရတာလား။ အခြားဘာတွေရှိသေးလဲ ။

    • များသောအားဖြင့်  အာသီးရောင်တာတွေက သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
    • ဘက်တီးရီးယားပိုးတွေကြောင့်ဆိုရင် ပဋိဇီဝပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ အာသီးရောင်တဲ့ ပြဿနာကို ဖြေရှင်းလို့ရပါတယ်။
    • ဒါပေမယ့် အာသီးကြီးနေပြီဆိုရင်တော့ အာသီးဖြတ်မှကို ရမှာပါ။ မဟုတ်ရင် ဆက်ပြီးပြည်တည်မယ်၊ အစားလို့လည်း မကောင်းတော့တဲ့အပြင် အသက်ရှူလမ်းကြောင်း ပိတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    အာသီးဖြတ်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ။

    • မကြာခဏ အာသီးရောင်တဲ့ ဒုက္ခကနေ ကင်းဝေးသွားမယ်
    • တစ်ခါတစ်ခါ လည်ချောင်းနာတာမျိုး ဖြစ်ပေမယ့် အရင်ကလောက် မစိပ်တော့တဲ့အတွက် နေရထိုင်ရ သက်သောင့်သက်သာရှိလာမယ်၊ အစားစားရတာ အဆင်ပြေလာမယ်။

    အာသီးဖြတ်တာမှာ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလဲ ။

    • ခွဲစိတ်ပြီး ၂ ပတ်လောက်အထိ လည်ချောင်းနာနေတာ၊ သွေးထွက်တာတွေနဲ့ အစာမျိုချရ ခက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
    • နောက်ပြီး ခွဲစိတ်ထားတဲ့အနာပိုးဝင်တာ၊ အာသီးခွဲစိတ်ချိန် သွားတွေကို ထိခိုက်မိတာနဲ့ မေ့ဆေးကြောင့်ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။

    အာသီးဖြတ်ခွဲစိတ်မှု မလုပ်ခင် ဘာတွေ ပြင်ဆင်ရမလဲ။

    • ခွဲစိတ်မှု မလုပ်ခင် ခွဲစိတ်မှုကနေ ရရှိလာမယ့် ကောင်းကျိုး ဆိုးကျိုးများကို သိရှိနားလည်ပါသည်ဆိုတဲ့ သဘောတူစာရွက်မှာ လက်မှတ်ရေးထိုးရမယ့်။
    • ခွဲစိတ်မှုလုပ်ဖို့ သင့်မသ့င် ကျန်းမာရေးစစ်ဆေးမှုတွေ စမ်သးပ်ရမယ်။ မေ့ဆေးသုံးပြီး ခွဲစိတ်မှုလုပ်ရမှာဖြစ်တဲ့အတွက် မခွဲစိတ်ခင် ၆ နာရီအလိုတည်းက အစားစားတာကို ရပ်ထားရမယ်။
    • ဆေးလိပ်သောက်တဲ့သူဆိုရင် ခွဲစိတ်မှု မလုပ်ခင် ၄၈ နာရီ အလိုတည်းက ဆေးလိပ်သောက်တာ ရပ်ထားမယ်။
    • အမျိုးသမီးတွေ မှာဆို ခွဲစိတ်မယ်ဆိုတည်းက ကိုယ်ဝန်ရှိမရှိကိုလည်း တစ်ခါတည်း စမ်းသပ်ထားမယ်။ ဒါမှ မေ့ဆေးက ဗိုက်ထဲက ရင်သွေးလေးကို မထိခိုက်မှာလေ။
    • ခွဲစိတ်ဖို့ ၁ လလောက်အလိုတည်းက ချိန်းထားရင် ကြားထဲမှာ ကွန်ဒုံးသုံးပြီး သန္ဓေတားတာတွေ လုပ်သင့်ပါတယ်။ တကယ်လို မတော်တဆ ကိုယ်ဝန်ရသွားခဲ့ရင် ခွဲစိတ်မှုဖျက်လိုက်မလား ဆက်လုပ်ရမလားဆိုတာ ဆရာဝန်နဲ့ သေချာတိုင်ပင်ရမှာ ဖြစ်ပါတယ်။

    ခွဲစိတ်နေချိန် ဘာတွေကြုံတွေ့ရနိုင်လဲ။

    • ခံတွင်း အတွင်းပိုင်းမှာ ခွဲစိတ် မှုလုပ်ရမှာဖြစ်တဲ့အတွက် မြင်သာတဲ့ အမာရွတ်ကျန်ခဲ့တာမျိုးတွေ ဖြစ်မှာ မဟုတ်ပါဘူး။
    • ခွဲစိတ်မှုက အနည်းဆုံး နာရီဝက်နေ အများဆုံး ၄၅ မိနစ်အထိ ကြာနိုင်ပါတယ်။
    • ခွဲစိတ်ပြီး မေ့ဆေးပြယ်ပြီဆိုတာနဲ့ လူနာခန်းထဲ ပြန်ခေါ်လာမှာ ဖြစိပါတယ်။

    အာသီးဖြတ်ခွဲစိတ်ပြီး ဘယ်အချိန် အိမ်ပြန်လို့ရလဲ။

    အစားလည်းစားနိုင် တံတွေးလည်း မျိုချနိုင်တယ်ဆိုရင် ဒီနေ့ခွဲစိတ် ဒီနေ့တင်ဆေးရုံတန်းဆင်းလို့ရတဲ့ ခွဲစိတ်မှုတစ်ခုပါ။ ဒါပေမယ့် သွေးထွက်လွန်တဲ့ပြဿနာတွေကို စောင့်ကြည့်ဖို့ ဆေးရုံမှာ အနည်းဆုံး ၆ နာရီလောက်တော့ နေရမှာ ဖြစ်ပါတယ်။

    အာသီးဖြတ်ပြီးနောက် ဘာတွေပြင်ဆင်ထားသင့်လဲ။

    • ဆေးရုံကနေ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ၁ ပတ်လောက် အနားယူလိုက်ပါ။
    • မနက်နိုးလာတိုင်း ခွဲထားတဲ့အရှိန်နဲ့ လည်ချောင်းနာတာကို ရက်အနည်းငယ်လောက်ခံစားရမှာပါ။
    • အနာကျက်ဖို့ အနည်းဆုံး ၂ ပတ်လောက်အထိအချိန်ယူရတတ်ပါတယ်။
    • အာသီးကိုသွားတဲ့ အာရုံကြောနဲ့ နားဆီကိုသွားတဲ့ အာရုံကြောက ဆက်နေတဲ့အတွက် တချို့လူနာတွေမှာ ခွဲစိတ်ပြီး နားကိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ ၂ ရက် ၃ ရက်လောက်ကြာတာနဲ့ သက်သာသွားမှာပါ။
    • အစားပျော့ပျော့တွေကို စားပါ။ ပူစပ်တာတွေ၊ ချဉ်တာတွေကို ရှောင်ပါ။ ပိုးဝင်တာကို ကာကွယ်ဖို့ အစားသန့်သန့်စားပါ။ ရေများများသောက်ပါ။ ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ပါ။
    • ဆရာဝန်က ရက်ချိန်းပြန်လာပြခိုင်းရင် မပျက်မကွက် သေချာသွားပြပါ ။ ။

    ရေးသားသူ- Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement