အာသးီဖြတ်ခြင်းနဲ့ ပက်သက်ပြီး အမေးများတဲ့ မေးခွန်းတွေ ။ ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အာသီးခဏခဏရောင်တယ်၊ လည်ချောင်းနာတာ ခဏခဏဖြစ်တယ်ဈ၊ အာသီးက ကြီးကြီးလာလို့ အသက်ရှူ မရတော့ဘူးစတဲ့ ပြဿနာတွေအတွက် အဓိက ဖြေရှင်းနည်းကတော့ အာသီးဖြတ်ထုတ်တာပဲဖြစ်ပါတယ်။ အာသီးဖြတ်ရတော့မယ်ဆိုရင် လူတိုင်းက ကြောက်သွားတတ်ကြပါတယ်။ အာသီးကြီးဘာ့ကြောင့်ဖြတ်ရမှာလဲ၊ မဖြတ်ဘဲနေလို့ရော မရဘူးလား။ ဖြတ်လိုက်ရင်ရော ဘာတွေ ဖြစ်သွားမှာလဲဆိုတဲ့မေးခွန်းတွေ တစ်သီတစ်တန်းကြီး ဝင်လာမှာပါ။

ဒီတော့ အာသီးဆိုတာဘာလဲ။

အာသီးဖြတ်တယ်ဆိုတာ လျှာအနောက်နားက အာခေါင်မှာရှိတဲ့ အာသီးနှစ်ဘက်ကိုဖြတ်ထုတ်လိုက်တာဖြစ်ပါတယ် ။ ဒီနေရာမှာ လျှာခင်နဲ့ အာသီးကို ရောနေတတ်ကြပါတယ်။ ပါးစပ်ဟပြီးကြည့်လိုက်လို့ တွဲလွဲကျနေတာက လျှာခင်ပါ။ အာသီးကတော့ ဘေးတစ်ဘက်တစ်ချက်စီမှာရှိတဲ့ ဖုသီးနီနီလေးတွေပါ။ ကလေးအသက် ပထမနှစ်တွေမှာ လည်ချောင်းတွင်းကို ဝင်လာတဲ့ ပိုးမွှားတွေကို ဖမ်းယူတဲ့နေရာမှာ အာသီးက ကူညီပေးပါတယ်။

အာသီးဖြတ်ရတာ ဘာ့ကြောင့်လဲ ။

ဒီ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ဖမ်းယူပေးနေတဲ့

  • အာသီးလေး ခဏခဏရောင်တာ၊
  • အာသီးပြည်တည်နေတာ
  • အာသီးပိုးဝင်ပြီး ကိုယ်တွေပူတာ
  • အာသီးကြီးလွန်းတော့ အသက်ရှူရခက်၊ အစာမျိုရခက်တာ စတာတွေကို ဖြေရှင်းဖို့ အာသီးဖြတ်ခွဲစိတ်မှု ပြုလုပ်ရပါတယ်။ ဒီနေ့ခွဲ ဒီနေ့ပဲ ဆေးရုံဆင်းနိုင်တဲ့ ခွဲစိတ်မှု တစ်ခုပါ။

အာသီးရောင်တဲ့ပြဿနာကို ဖြေရှင်းဖို့ အာသီးဖြတ်မှ ရတာလား။ အခြားဘာတွေရှိသေးလဲ ။

  • ပဋိဇီဝပိုးသတ်ဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေနဲ့ အာသီးရောင်တဲ့ ပြဿနာကို ဖြေရှင်းလို့ရပါတယ်။ ဒါပေမယ့် အာသီးကြီးနေပြီဆိုရင်တော့ အာသီးဖြတ်မှကို ရမှာပါ။ မဟုတ်ရင် ဆက်ပြီးပြည်တည်မယ်၊ အစားလို့လည်း မကောင်းတော့တဲ့အပြင် သွေးလေးဘက်နာရောဂါတောင်ဆက်ဖြစ်နိုင်ပါတယ်။

အာသီးဖြတ်ခြင်းကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သလဲ။

  • မကြာခဏ အာသီးရောင်တဲ့ ဒုက္ခကနေ ကင်းဝေးသွားမယ်
  • တစ်ခါတစ်ခါ လည်ချောင်းနာတာမျိုး ဖြစ်ပေမယ့် အရင်ကလောက် မစိပ်တော့တဲ့အတွက် နေရထိုင်ရ သက်တောင့်သက်သာရှိလာမယ်၊ အစားစားရတာ အဆင်ပြေလာမယ်။

အာသီးဖြတ်တာမှာ ဘယ်လို ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်သလဲ ။

  • ခွဲစိတ်ပြီး ၂ ပတ်လောက်အထိ လည်ချောင်းနာနေတာ၊ သွေးထွက်တာတွေနဲ့ အစာမျိုချရ ခ က်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။
  • နောက်ပြီး ခွဲစိတ်ထားတဲ့အနာပိုးဝင်တာ၊ အာသီးခွဲစိတ်ချိန် သွားတွေကို ထိခိုက်မိတာနဲ့ မေ့ဆေးကြောင့်ရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါသေးတယ်။

အာသီးဖြတ်ခွဲစိတ်မှု မလုပ်ခင် ဘာတွေ ပြင်ဆင်ရမလဲ။

  • ခွဲစိတ်မှု မလုပ်ခင် ခွဲစိတ်မှုကနေ ရရှိလာမယ့် ကောင်းကျိုး ဆိုးကျိုးများကို သိရှိနားလည်ပါသည်ဆိုတဲ့ သဘောတူစာရွက်မှာ လက်မှတ်ရေးထိုးရမယ့်။
  • ခွဲစိတ်မှုလုပ်ဖို့ သင့်မသ့င် ကျန်းမာရေးစစ်ဆေးမှုတွေ စမ်သးပ်ရမယ်။ မေ့ဆေးသုံးပြီးခွဲစိတ်မှုလုပ်ရမှာဖြစ်တဲ့အတွက် မခွဲစိတ်ခင် ၆ နာရီအလိုတည်းက အစားစားတာကို ရပ်ထားရမယ်။
  • ဆေးလိပ်သောက်တဲ့သူဆိုရင် ခွဲစိတ်မှု မလုပ်ခင် ၄၈ နာရီ အလိုတည်းက ဆေးလိပ်သောက်တာ ရပ်ထားမယ်။
  • အမျိုးသမီးတွေ မှာဆို ခွဲစိတ်မယ်ဆိုတည်းက ကိုယ်ဝန်ရှိမရှိကိုလည်း တစ်ခါတည်း စမ်းသပ်ထားမယ်။ ဒါမှ မေ့ဆေးက ဗိုက်ထဲက ရင်သွေးလေးကို မထိခိုက်မှာလေ။
  • ခွဲစိတ်ဖို့ ၁ လလောက်အလိုတည်းက ချိန်းထားရင် ကြားထဲမှာ ကွန်ဒုံးသုံးပြီး သန္ဓေတားတာ၊ တွေ လုပ်သင့်ပါတယ်။ တကယ်လို မတော်တဆ ကိုယ်ဝန်ရသွားခဲ့ရင် ခွဲစိတ်မှုဖျက်လိုက်မလား ဆက်လုပ်ရမလားဆိုတာ ဆရာဝန်နဲပ သေချာတိုင်ပင်၇မှာ ဖြစ်ပါတယ်။

ခွဲစိတ်နေချိန် ဘာတွေကြုံတွေ့ရနိုင်လဲ။

  • ခံတွင်း အတွင်းပိုင်းမှာ ခွဲစိတ် မှုလုပ်ရမှာဖြစ်တဲ့အတွက် မြင်သာတဲ့ အမာရွတ်ကျန်ခဲ့တာမျိုးတွေ ဖြစ်မှာ မဟုတ်ပါဘူး။
  • ခွဲစိတ်မှုက အနည်းဆုံး နာရီဝက်နေ အများဆုံး ၄၅ မိနစ်အထိ ကြာနိုင်ပါတယ်။
  • ခွဲစိတ်ပြီး မေ့ဆေးပြယ်ပြီဆိုတာနဲ့ လူနာခန်းထဲ ပြန်ခေါ်လာမှာ ဖြစိပါတယ်။

အာသီးဖြတ်ခွဲစိတ်ပြီး ဘယ်အချိန် အိမ်ပြန်လို့ရလဲ။

အစားလည်းစားနိုင် တံတွေးလည်း မျိုချနိုင်တယ်ဆိုရင် ဒီနေ့ခွဲစိတ် ဒီနေ့တင်ဆေးရုံတန်းဆင်းလို့ရတဲ့ ခွဲစိတ်မှုတစ်ခုပါ။ ဒါပေမယ့် သွေးထွက်လွန်တဲ့ပြဿနာတွေကို စောင့်ကြည့်ဖို့ ဆေးရုံမှာ အနည်းဆုံး ၆ နာရီလောက်တော့ နေရမှာ ဖြစ်ပါတယ်။

အာသီးဖြတ်ပြီးနောက် ဘာတွေပြင်ဆင်ထားသင့်လဲ။

  • ဆေးရုံကနေ အိမ်ပြန်ရောက်ပြီဆိုတာနဲ့ ၁ ပတ်လောက် အနားယူလိုက်ပါ။
  • မနက်နိုးလာတိုင်း ခွဲထားတဲ့အရှိန်နဲ့ လည်ချောင်းနာတာကို ရက်အနည်းငယ်လောက်ခံစားရမှာပါ။
  • အနာကျက်ဖို့ အနည်းဆုံး ၂ ပတ်လောက်အထိအချိန်ယူရတတ်ပါတယ်။
  • အာသီးကိုသွားတဲ့ အာရုံကြောနဲ့ နားဆီကိုသွားတဲ့ အာရုံကြောက ဆက်နေတဲ့အတွက် တစ်ချို့လူနာတွေမှာ ခွဲစိတ်ပြီး နားကိုက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ ၂ ရက် ၃ ရက်လောက်ကြာတာနဲ့ သက်သာသွားမှာပါ။
  • အစားပျော့ပျော့တွေကို စားပါ။ ပူစပ်တာတွေ၊ ချဉ်တာတွေကို ရှောင်ပါ။ ပိုးဝင်တာကို ကာကွယ်ဖို့ အစားသန့်သန့်စားပါ။ ရေများများသောက်ပါ။ ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ပါ။
  • ဆရာဝန်က ရက်ချိန်းပြန်လာပြခိုင်းရင် မပျက်မကွက် သေချာသွားပြပါ ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဩဂုတ် 13, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဩဂုတ် 13, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။