backup og meta

Open Cholecystectomy (ဗိုက်ဖွင့်ပြီးသည်းခြေအိတ်ဖယ်ရှားသော ခွဲစိတ်မှု)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Kyaw Thura Htun မှ ရေးသားသည်။ · 10/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Open cholecystectomyသည်းခြေကျောက်တွေက ယေဘူယျဖြစ်တတ်တဲ့ပြသနာပါ။ ဒီသည်းခြေကျောက်တွေကိုဖယ်ရှားတဲ့ခွဲစိတ်မှုကသင့်ကိုနာကျင်မှုကင်းစေပြီးပုံမှန်စားနိုင်သောက်နိုင်စေပါတယ်။

    သည်းခြေကျောက် တွေဆိုတာဘာတွေလဲ။

    သည်းခြေကျောက်တွေကသင့်ရဲ့သည်းခြေအိတ်ထဲမှာဖြစ်ကြပါတယ်။ ဒါကအဖြစ်များသလိုမျိုးရိုးလိုက်တတ်ပါတယ်။ သင်အသက်ကြီးလာလေလေ၊သင်အဆီပါတဲ့အစာတွေစားတာများလေလေသည်းခြေကျောက်ဖြစ်လာနိုင်ချေများလေပါဘဲ။

    တချို့လူတွေအတွက်သည်းခြေကျောက်တွေကပြင်းထန်တဲ့လက္ခဏာတွေဖြစ်လာစေပါတယ်။ ဗိုက်ဆက်တိုက်နာနေတာမျိုးဖြစ်နိုင်ပါတယ်။

    ဘယ်အချိန်မှာ မှန်ပြောင်းနဲ့ သည်းခြေအိတ်ဖယ်ရှားသောခွဲစိတ်မှုကိုလုပ်ရမလဲ။

    သင့်မှာသည်းခြေကျောက်တွေကြောင့်နာကျင်မှုတွေပြင်း ထန်လာရင်သင့်ရဲ့ သည်းခြေအိတ်ကိုဖယ်ရှားဖို့ခွဲစိတ်မှုလုပ်သင့်ပါတယ်။

    ခွဲစိတ်မှုမလုပ်ခင် သင်ဘာတွေသိထားသင့်လဲ။

    ဒီခွဲစိတ်မှုကခွဲရာအကြီးကြီးတစ်ခုလုပ်မယ့်အစားခွဲရာအသေးလေးတွေနဲ့လုပ်ရတာပါ။ တကယ်လို့သင့်မှာအရင်ကသည်းခြေအိတ် ခွဲစိတ်မှုလုပ်ဖူးတာဘဲဖြစ်ဖြစ်၊သင်သွေးထွက်လွန်တာဘဲဖြစ်ဖြစ်ဒါတွေကသင့်ခွဲစိတ်ဆရာဝန်ကိုသင့် သည်းခြေအိတ်ကိုမြင်နိုင်ဖို့ခက်ခဲစေပါတယ်။ ဒါ့ကြောင့်ထိုအခြေအနေမျိုးမှာ ဗိုက်ဖွင့်ခွဲစိတ်တာကပိုသင့်တော်ပါတယ်။ သင့်ခွဲစိတ်ဆရာဝန်ကသင်ဘယ်လိုခွဲစိတ်မှုနဲ့သင့်တော်လဲဆုံးဖြတ်ပေးပါလိမ့်မယ်။

    မှန်ပြောင်းနှင့် သည်းခြေအိတ်ဖယ်ရှားသော ခွဲစိတ်မှုအစားတခြားကုသလို့ရတဲ့နည်းတွေရှိသေးလား။

    ဒီသည်းခြေကျောက်တွေကိုအရည်ပျော်အောင်၊ကွဲသွားအောင်လုပ်လို့ရတဲ့ ဆေးတွေရှိပေမယ့်ဒီနည်းလမ်းတွေကသက်တောင့်သက်သာမရှိတဲ့အပြင်ကျရှုံးနိုင်ချေလည်းများပါတယ်။ သင့်ရဲ့သည်းခြေအိတ်ကိုရောဂါပိုးကူးစက်ခြင်းမှကာကွယ်ဖို့ပိုးသတ်ဆေးတွေသုံးလို့ရပါတယ်။ အဆီပါမှုနည်းတဲ့အစာတွေစားခြင်းကလည်းနာကျင်မှုသက်သာစေပါတယ်။ ဒါပေမယ့်ဒီနည်းလမ်းတွေကအပြီးတိုင်မပျောက်ကင်းနိုင်သလိုပြန်ဖြစ်လာနိုင်ချေများပါတယ်။

    ခွဲစိတ်မှုမစခင်သင်ဘာလုပ်ရမလဲ။

    ခွဲစိတ်မှုမစခင်ရှစ်နာရီအလိုမှာဘာမှမစားမသောက်ရတော့ပါဘူး။ ဒါ့အပြင်သင်အနေနဲ့ ဆေးတွေဥပမာအကိုက်အခဲပျောက်ဆေး တွေလည်းခွဲစိတ်မယ့်နေ့မှာမသောက်သင့်ပါဘူး။ ဒါပေမယ့်လည်းဆရာဝန်က ဆေးတွေသောက်တာရပ်ဖို့မပြောမချင်းမရပ်ပါနဲ့။ ခွဲစိတ်မှုအတွက်ပြင်ဆင်ခြင်းညွှန်ကြားချက်တွေကိုလိုက်နာဖို့ကလည်း အရေးကြီးပါတယ်။

    ခွဲစိတ်မှုရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကဘာတွေလဲ။

    ခွဲစိတ်မှုကိုမေ့ဆေးပေးပြီးပြုလုပ်မှာဖြစ်ပြီးတစ်နာရီလောက်ကြာပါတယ်။

    ခွဲစိတ်ဆရာဝန်ကသင့်ဗိုက်အပေါ်ပိုင်းမှာခွဲရာလုပ်ပြီးအသက်ရှူလမ်းကြောင်းနဲ့ သွေးလွှတ်ကြောကိုမထိအောင်ခွဲပါမယ်။ သင့်ရဲ့အသည်းကနေ သည်းခြေအိတ်ကိုဖယ်ထုတ်လိုက်ပါမယ်။

    ခွဲစိတ်မှုပြီးရင်သင်ဘာလုပ်ရမလဲ ။

    ခွဲစိတ်ပြီးနှစ်ရက်ကနေ လေးရက်အကြာမှာသင်အိမ်ပြန်နိုင်ပါတယ်။ ခြောက်ပတ်အကြာဆိုခွဲစိတ်မှုနဲ့သင့်အလုပ်အမျိုးအစားပေါ်မူတည်ပြီးအလုပ်သွားနိုင်ပါပြီ။ လေ့ကျင့်ခန်းမှန်မှန်လုပ်ခြင်းကသင့်ကိုပုံမှန်ပြန်ဖြစ်အောင်မြန်နိုင်သမျှအမြန်ဆုံးကူညီပေးပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်သင်ဆရာဝန်ဆီကအကြံတောင်းပါ။

    ခွဲစိတ်မှုကြောင့်နောက်ဆက်တွဲ ဘယ်လိုပြဿနာတွေ ဖြစ်နိုင်သလဲ။

    နောက်ဆက်တွဲ ပြဿနာတွေကတော့ သွေးထွက်ခြင်း၊ရောဂါပိုးဝင်ခြင်း၊သည်းခြေရည်တွေကိုသည်းခြေအိတ်ကနေအစာအိမ်ဆီပို့တဲ့ သည်းခြေပြွန်ထိခိုက်ခြင်းတို့ဖြစ်ပါတယ်။

    ဒါ့အပြင်ခွဲစိတ်မှုလုပ်နေစဉ်အတွင်းခွဲစိတ်ကိရိယာတွေဗိုက်ထဲထည့်တဲ့အခါအစာအိမ်နဲ့အဓိကသွေးကြောတွေကိုထိခိုက်နိုင်ပါတယ်။ ဒါတွေကတော့ဖြစ်တာရှားပါတယ်။

    တခြားဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့

    • သည်းခြေရည်စိမ့်ထွက်ခြင်း
    • သည်းခြေကျောက်တွေကျန်နေခြင်း
    • ဆက်တိုက်နာကျင်ခြင်း
    • ဝမ်းပျက်ခြင်း
    • ဝမ်းဗိုက်အမြှေးပါးရောင်ခြင်း
    • ရင်ဘတ်ရောဂါပိုးကူးခြင်း
    • သည်းခြေရည်ပိုက်ထိခိုက်ခြင်း
    • အူမကြီးထိခိုက်ခြင်း
    • အူမကြီးလုပ်ငန်းစဉ်ရပ်ခြင်း
    • အသည်းကိုအပြင်းအထန်ထိခိုက်ခြင်း

    ဒီဖြစ်လာနိုင်ချေရှိတဲ့ရှုပ်ထွေးမှုတွေကိုခွဲစိတ်မှုပြင်ဆင်ဖို့ဆရာဝန်ညွှန်ကြားချက်တွေအတိုင်းလိုက်နာပြီး လျှော့ချနိုင်ပါတယ်။ဥပမာ – ဘယ်အခိန်စားသောက်တာရပ်ရမလဲ၊ဘယ်ဆေးတွေသောက်တာရပ်ရမလဲဆိုတာမျိုးပေါ့။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Kyaw Thura Htun မှ ရေးသားသည်။ · 10/08/2017 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement