backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Inguinal Hernia Repair For Men By Open Procedure (အမျိုးသားများ အူကျခြင်းအားခွဲစိတ်ကုသခြင်း)


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အမျိုးသားများ အူကျခြင်းအားခွဲစိတ်ကုသခြင်း

အူကျခြင်းဟာ အဖြစ်များတဲ့ ပြသနာဖြစ်ပြီး ပေါင်ခြံအနီးက ဝမ်းဗိုက်နံရံကြွက်သား အားနည်းတဲ့အတွက် ဖြစ်ပေါ်ရခြင်း ဖြစ်ပါတယ်။ မကုသဘဲထားရင် ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်ပွားနိုင်ပါတယ်။

အူကျခြင်းဆိုတာ ဘာလဲ

ဝမ်းဗိုက်ကြွက်သားနံရံရဲ့ တနေရာရာမှာ အားနည်းလာတဲ့အခါ ဝမ်းဗိုက်ထဲက အရာတွေကို အဲဒီနေရာကတဆင့် တွန်းထုတ်သလိုဖြစ်တတ်ပါတယ်။ အဲဒီနေရာမှာ အဖုံအလုံးဖြစ်နေတတ်ပြီး အူကျခြင်းလို့ ခေါ်ပါတယ်။

ပေါင်ခြံပိုင်းအူကျခြင်းဟာ ပေါင်ခြံလမ်းကြောင်းမှာ ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီနေရာဟာ ဝမ်းဗိုက်နံရံကို သွေးကြောတွေ ဖြတ်သန်းသွားတဲ့ ကျဉ်းမြောင်းတဲ့ နေရာလေး ဖြစ်ပါတယ်။

အူကျခြင်းကြောင့် အူနဲ့တခြားအစိတ်အပိုင်းတွေဟာ ညှစ်မိထားသလိုဖြစ်ပြီး သွေးစီးဆင်းမှု ရပ်တန့်နိုင်တာကြောင့် အန္တရာယ်ရှိပါတယ်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

ခွဲစိတ်ကုသခြင်းဟာ ဘယ်လိုအကျိုးရှိလဲ

အူကျရောဂါ ပျောက်သွားပါလိမ့်မယ်။ အူကျခြင်းကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲပြသနာတွေကို ခွဲစိတ်ခြင်းက ကာကွယ်နိုင်ပါတယ်။

ခွဲစိတ်ကုသမှု ဘယ်အချိန်မှာ ခံယူသင့်သလဲ

အူကျခြင်းကြောင့် နာကျင်ခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်ပေါ်လာတဲ့အခါ ခွဲစိတ်မှုကို ခံယူသင့်ပါတယ်။ ကလေးများမှာ အူကျခြင်းဖြစ်ရင် ခွဲစိတ်မှုခံယူဖို့ လိုအပ်ပါတယ်။ မွေးကင်းစကလေးများပါ အပါအဝင် ကလေးများကို ခွဲစိတ်ကုသနိုင်ပါတယ်။

အူကျခြင်းအား ခွဲစိတ်ကုသခြင်း မပြုခင် ဘာတွေ သိသင့်သလဲ

သေးငယ်လှတဲ့ သော့ပေါက်ခွဲစိတ်မှုနဲ့ ကုသနိုင်ပါတယ်။

တခါတရံမှာ အူကျခြင်းအတွက် အထူးပြုလုပ်ထားတဲ့ ခါးပတ်ပတ်ခြင်းအားဖြင့် ထိန်းချုပ်နိုင်ပါတယ်။ မခွဲစိတ်ဘဲနဲ့တော့ လုံးဝပြန်မကောင်းနိုင်ပါဘူး။

ကြိုတင်ပြင်ဆင်ခြင်း

အူကျခြင်းအား ခွဲစိတ်ကုသခြင်းမပြုမီ ဘာတွေလုပ်ရမလဲ

သင့်အနေနဲ့ မကြာသေးမီက ဘာဆေးတွေ သောက်နေသလဲ၊ ဓါတ်မတည့်ခြင်း ဘာရှိလဲ၊ လက်ရှိ ကျန်းမာရေး အခြေအနေ စတဲ့ကိစ္စတွေကို ဆရာဝန်နဲ့ ဆွေးနွေးရပါမယ်။ မခွဲစိတ်ခင်မှာ မေ့ဆေးဆရာဝန်နဲ့ တွေ့ဆုံရပါမယ်။ မခွဲစိတ်ခင် ဘယ်ချိန်မှာ စားသောက်ခြင်းကို ရပ်တန့်ရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ အရေးကြီးပါတယ်။ ရှင်းလင်းတဲ့ညွှန်ကြားချက်တွေကို သိရှိဖို့ လိုပါတယ်။

များသောအားဖြင့် မခွဲစိတ်ခင် ၆နာရီအလိုလောက်ကစပြီး စားသောက်ခြင်း ရပ်တန့်ရပါမယ်။ မခွဲစိတ်ခင် နာရီအနည်းငယ်အထိ အရည်တမျီုးမျီုး သောက်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်း နှင့် ကုသခြင်း

ကုသမှုအစီအစဉ်တွေက ဘာတွေလဲ

မေ့ဆေးထုံဆေးနည်းလမ်း အမျိုးမျိုး ရှိပါတယ်။

ခွဲစိတ်မှုဟာ ၄၅ မိနစ်လောက် ကြာနိုင်ပါတယ်။ ဆရာဝန်ဟာ ပေါင်ခြံမှာ ခွဲစိတ်ပြီး အူကျွံတဲ့နေရာကို ဖယ်၇ှားပါလိမ့်မယ်။ ကြွက်သားအလွှာတွေကို ချုပ်ပေးပြီး ခိုင်ခန့်စေပါလိမ့်မယ်။ အထူးပြုလုပ်ထားတဲ့ ဆန်ကာလွှာကို အားနည်းတဲ့နေရာမှာ ဖုံးထားလိုက်ပြီးရင် အရေပြားကို ပြန်ပိတ်လိုက်ပါလိမ့်မယ်။

ခွဲစိတ်ကုသခြင်း လုပ်ဆောင်ပြီးချိန်မှာ ဘာလုပ်ရမလဲ

ခွဲတဲ့နေ့မှာပဲ အိမ်ပြန်နိုင်ပါတယ်။

ရက်အနည်းငယ်အတွင်း လမ်းလျှောက်လာနိုင်ပါလိမ့်မယ်။

ခွဲစိတ်မှုအမျိုးအစားနဲ့ အလုပ်သဘောသဘာဝပေါ် မူတည်ပြီး ၂ပတ်ကနေ ၄ပတ်ထိ ကြာရင် လုပ်ငန်းခွင် ပြန်ဝင်နိုင်ပါတယ်။

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ပုံမှန်လှုပ်၇ှား သွားလာနိုင်တဲ့ အနေအထားကို မြန်မြန် ရောက်နိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ ဆရာဝန်နဲ့ တိုင်ပင်ပါ။

နောက်ဆက်တွဲပြသနာများ

နောက်ဆက်တွဲပြသနာတွေက ဘာတွေလဲ

အောက်ပါ ဖြစ်နိုင်ခြေ အန္တရာယ်တွေ တွေ့နိုင်ပါတယ်။

  • မေ့ဆေးမတည့်ခြင်း
  • ခွဲသည့်နေရာတွင် ပိုးဝင်ခြင်း၊ သွေးထွက်ခြင်း
  • အာရုံကြောထိခိုက်ခြင်း၊ အရေပြားထုံခြင်း၊ ကပ္ပယ်အိတ်နှင့် ဝှေးစေ့ကို သွေးစီးဆင်းမှု နည်းသွားပြီး ဝှေးစေ့သေးငယ်လာခြင်း
  • ဝှေးစေ့မှ လိင်တံသို့သွားသော သုတ်ပို့ပြွန်ကို ထိခိုက်ပြီး ကလေးမရနိုင်ခြင်း
  • ပေါင်သွေးကြောများကို ထိခိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။

မခွဲစိတ်ခင်မှာ ဆရာဝန်တွေ ညွှန်ကြားတာကို ဂရုတစိုက် လိုက်နာပြီး နောက်ဆက်တွဲပြသနာ ဖြစ်နိုင်ခြေတွေကို လျှော့ချနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement