backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Corrective Jaw Surgery (မေးရိုးပြုပြင် ခွဲစိတ်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

မေးရိုးပြုပြင်ခွဲစိတ်ခြင်းဆိုတာ ဘာလဲ။

sagittal split osteotomy ကို များသောအားဖြင့် မေးရိုးပြုပြင်ခွဲစိတ်ခြင်း သို့မဟုတ် orthognathic surgery ဟုလည်းခေါ်၏။ သင်၏အောက်မေးရိုးကို အနေအထေားပြောင်းခြင်းများ သွားများအထက်အောက် ညီညာစေမည့် ခွဲစိတ်ခြင်းဖြစ်သည်။

သွားပြုပြင်ဆရာဝန်သည် သင့်သွားများညီစေမည့် Brace များသုံးရာတွင် အကန့်အသတ်များရှိပါသည်။ တစ်ခါတစ်ရံ၌ အောက်မေးရိုးကို မပြုပြင်ပါပဲနှင့် သွားများအထက်အောက်ညီအောင်လုပ်ရန် လုံးဝမဖြစ်ပါ။

မေးရိုးခွဲစိတ်ခြင်းသည် ကြီးထွားဖွံဖြိုးမှုရပ်ချိန် ၁၃ ၊၁၅ နှစ်ဝန်းကျင် အမျိုးသမီးများ နှင့် ၁၆ ၊၁၈ နှစ်ဝန်းကျင် အမျိုးသားများတွင် ပြုလုပ်နိုင်၏။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

မေးရိုးပြုပြင်ခွဲစိတ်ခြင်းကို ဘာကြောင့်လုပ်ရသလဲ။

သွားပြုပြင်ရုံနှင့် မရနိုင်သည့်ပြဿနာများ သင့်၌ရှိနေလျှင် မေးရိုးခွဲစိတ်ခြင်းကို ရွေးချယ်ရပါမည်။ သင်၏သွားပြုပြင်ဆရာဝန်မှ သွားများအထက်အောက် ညီစေရန်ညှိပေးနိုင်မှသာ ရေရှည်တွင်း ဝါးရပြုရ အကောင်းဆုံးဖြစ်ပါမည်။ ထို့အပြင် မျက်နှာသွင်ပြင်ပါ လှပလာနိုင်ပါသေးသည်။

ဤကုံးထုံးအပြင် တခြားရွေးချယ်စရာ ကုထုံးများကိုလည်း သိထားသင့်သည်။ သွားပြုပြင်ဆရာဝန်မှ တစ်ခါတစ်ရံတွင် သွားများဖြောင့်သွားစေရန် Brace များကိုသာ တပ်ပေးထားနိုင်သည်။ သို့သော် ထိုသို့လုပ်ရုံဖြင့် ကောင်းကောင်းဝါးနိုင်မည်ကို အာမမခံနိုင်ပါ။ သွားများနေသားတကျဖြစ်နေစေရန် သွားကျောဖက်မှ ဝါယာဖြင့်ကုပ်တွယ်ထားမှုကို တစ်သက်လုံးလုပ်ထားရန်လည်း လိုကောင်းလိုပါလိမ့်မည်။

ဖြစ်နိုင်သည့်အန္တရာယ်များ

မေးရိုးပြုပြင် ခွဲစိတ်ခြင်းရဲ့ အန္တရာယ်တွေက ဘာတွေလဲ။

သင့်ခွဲဟိတ်ဆရာဝန်နှင့် ဆွေးနွေးမှုလုပ်ခြင်းဖြင့် ခွဲစိတ်ပုံအကျဉ်းချုပ်ကို သင်သိနိုင်ပါသည်။ ပေးထားသော အချက်အလက်များသည် သိရှိစေရန်အတွက်သာဖြစ်ပြီး ခြောက်လန့်ဖို့မဟုတ်ပါ။ ဆေးအမျိုး ကုသမှုအမျိုးမျိုးတို့နှင့် ဆက်စပ်သော နောက်ဆက်တွဲများသည် အလွန်များသောကြောင့် ဒီဆောင်းပါးတစ်ခုတည်းနှင့် မလုံလောက်ပါ။ ထို့ကြောင့် ဆေးရုံတွင် သင်နှင့်တွေ့ဆုံမည့် မေ့ဆေးဆရာဝန်နှင့် မခွဲစိတ်ခင် ဆွေးနွေးကြည့်ပါ။

ဘယ်ခွဲစိတ်မှုမျိုးမဆို ဖြစ်တတ်သည့် ယေဘုယျ နောက်ဆက်တွဲပြဿနာများမှာ-

  • နာခြင်း
  • သွေးထွက်ခြင်း
  • ခွဲစိတ်ဒဏ်ရာ ပိုးဝင်ခြင်း
  • မြင်မကောင်းသည့် အမာရွတ်ထင်ခြင်း
  • အူကျွံခြင်း
  • သွေးခဲခြင်း
  • ဆီးသွားရခက်ခြင်း

ဤခွဲစိတ်မှုကြောင့် ဖြစ်တတ်သည်များမှာ –

  • နှုတ်ခမ်းဖျားများ ထုံခြင်း
  • စီစဉ်ထားသလို ဖြစ်မလာပဲ မေးရိုးမဟနိုင်ခြင်း
  • ပါးစပ်ကို အပြည့်အ၀ မဟနိုင်ခြင်းနှင့် မေးရိုးခိုင်ခြင်း
  • ပလိပ်ပြားများ ဝက်အူများမှ ပိုးဝင်ခြင်း
  • လျှာဘေးတစ်ဖက် သို့ နှစ်ဖက်လုံးထုံခြင်း

ခွဲစိတ်မှုကိုမလုပ်ခင် အန္တရာယ်နှင့် နောက်ဆက်တွဲ ပြဿနာများကို သိထားရန် အရေးကြီး၏။ မေးချင်သည်များရှိပါက ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

ကြိုတင်ပြင်ဆင်ခြင်း

Crohn’s disease ခွဲစိတ်ခြင်းအတွက် ဘာတွေပြင်ထားရမလဲ။

ခွဲစိတ်မှုကို မေ့ဆေးသုံးပြီး ပြုလုပ်ပါမည်။ သင်လက်ရှိသုံးနေသည့်ဆေး၊ ဓါတ်မတည့်သည်များ သို့မဟုတ် ကျန်းမာရေးအခြေအနေများကို ဆရာဝန်နှင့် ဆွေးနွေးတိုင်ပါ။ ခွဲစိတ်မှုမလုပ်ခင် မေ့ဆေးဆရာဝန်နှင့် မေ့ဆေးအတွက် အတူပြင်ဆင်ရပါမည်။ မခွဲစိတ်ခင် အစားအသောက်ရပ်ရန် ညွှန်းကြားသည့်အချိန်ကို အတိအကျလိုက်နာရန် အရေးကြီးပါသည်။

ခွဲစိတ်ကုသခြင်း

Crohn’s disease ခွဲစိတ်နေစဉ် ဘာဖြစ်နိုင်မလဲ။

ခွဲစိတ်မှုသည် တစ်နာရီခန့်ကြာတတ်၏။ ခွဲစိတ်ဆရာဝန်မှ ခံတွင်းအတွင်း ခွဲရသလို ပါးကိုလည်း ခွဲနိုင်ပါသည်။ အောက်မေးရိုးကို ခွဲပေးမည့် ကိရိယာများကို အသုံးပြုပါမည်။ ခွဲစိတ်ဆရာဝန်မှ မေးရိုးကိုရွေ့ပြီး သင့်လျော်သည့်ပုံစံရောက်ပါက ပလိတ်ပြားများ ဝက်အူများသုံးပြီး ပြုပြင်ပါလိမ့်မည်။

စိတ်ပူသည်များ မေးချင်သည်များရှိပါက သင်၏ဆရာဝန် သို့မဟုတ် ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါသည်။

ခွဲစိတ်ပြီးနောက် အခြေအနေ

Crohn’s disease ခွဲစိတ်ပြီးနောက် ဘာဖြစ်နိုင်မလဲ။

တစ်ရက်မှ ၃ ရက်အတွင် အိမ်ပြန်နိုင်ပါသည်။

ရောင်ခြင်း အညိုအမည်းစွဲခြင်းများကတော့ များသောအားဖြင့် သုံးပတ်လောက်မှ ပျောက်သွားပါမည်။

ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းက သင့်နေ့စဉ်လုပ်ငန်းများကို မြန်မြန်လုပ်လာနိုင်ရန် အထောက်အကူပြုပါသည်။ လေ့ကျင့်ခန်းမလုပ်ခင် ကျန်းမာရေးအဖွဲ့၊ ဆေးခန်းများတွင် မေးမြန်းပါ။

ပျော့သသည့်အစာများကို ၄-၆ ပတ်အထိ စားပါ။ သက်တောင့်သက်သာ ဝါးနိုင်ပြီဆိုမှ တဖြည်းဖြည်းချင်း အစာမာကို စားပါ။

သင်လုပ်ငန်းအမျိုးအစားပေါ်မူတည်ပြီး ၂-၄ ပတ်ကြာလျှင် အလုပ်ပြန်လုပ်နိုင်မည်ဖြစ်သည်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 26/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement