backup og meta

ပေါင်ခြံနေရာတဝိုက် အူကျွံခြင်း


Arkar Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပေါင်ခြံနေရာတဝိုက် အူကျွံခြင်း

    အူကျွံခြင်းဆိုတာ ဘာကို ပြောတာပါလဲဆရာ။

    အူကျွံခြင်း (hernia) ဆိုသည်မှာခန္ဓာကိုယ်တွင်းရှိ အူ သို့မဟုတ် ကလီစာ တစ်ခုခုသည် ထို ကလီစာရှိနေသည့် ခန္ဓာကိုယ် နံရံ မှ တဆင့် ကျွံထွက်လာခြင်းဖြစ်သည်။

    အူကျွံခြင်း သည် ခန္ဓာကိုယ် ၏ အစိတ်အပိုင်း နေရာများတွင် အမျိုမျိုးဖြစ် နိုင်သော်လည်း ပေါင်ခြံ တဝိုက်နေရာတွင် အူကျွံခြင်း မှာ အဖြစ်များဆုံးဖြစ်သည်။

    ပေါင်ခြံတဝိုက် နေရာတွင် အူကျွံခြင်း မှာ ပေါင်ခြံ အထက်နှင့် အောက် (Inguinal and Femoral hernia) ဟူ၍ ၂ မျိုး ရှိပေသည်။

    ထို ၂မျိုး လုံးတွင် ပုံတွင်ပြထားသည့်အတိုင်း ဖောင်းနေသည့်နေရာ များသို့ အူသော်လည်းကောင်း ဝမ်းတွင်းအဆီပြင် (omentum) သော်လည်းကောင်း ကျွံဝင်နေနိုင်ပါသည်။ သို့ရာတွင်မြန်မာစကားအနေနှင့် မည်သည့်အမျိုးအစားကို မဆို အူကျွံခြင်း ဟုသာ ပြောဆိုကြပေသည်။

    အူကျွံခြင်း ဖြစ်လျှင်ဘယ်လိုလက္ခဏာများ ဖြစ်တတ်ပါသလဲ ဆရာ

    အူကျွံခြင်း၏ လက္ခဏာများမှာ

    ၁။ ပေါင်ခြံ တဝိုက် တင်းနေ ခြင်း သို့မဟုတ် လေးလံနေခြင်း

    ၂။ ပေါင်ခြံ တဝိုက် ဖောင်းလာခြင်း နှင့် လှဲအိပ်သည့် အခါ ထိုဖောင်းနေသည့်လျော့သွားတတ်ခြင်း

    ၃။ အလေးအပင်မခြင်း၊ ချောင်းဆိုးခြင်း စသည့် အချိန်များ တွင် ပေါင်ခြံ နားတွင် ဖောင်းလာခြင်း သို့မဟုတ် ဖောင်းသည့် အရွယ်အစား ပိုကြီးလာခြင်း

    ဆရာရေ အူကျွံတာနဲ့ပတ်သက်ပြီးကော ဘယ်လိုအန္တရာယ်တွေ ဖြစ်တတ်ပါသလဲ ဆရာ

    အူကျွံခြင်း တွင် အောက်ပုံ အတိုင်း ဖောင်းနေသည့်နေရာ သို့ ဝင်နေသည့် အူများ ညပ်နေတတ်ပြီး သူ့အလိုအလျောက် ပြန်ထည့်၍ မရဖြစ်တတ် ပါသည်။ ထိုအချိန် တွင်ပြင်းထန်စွာနာ နိုင်ပါသည်။ ထို့ပြင် အူသို့သွားနေသည့် သွေးကြောများ ပါ ညပ်၍ ပိတ်ဆို့ သွားပါ က အူပုပ် သည်အထိဖြစ်တတ် ပြီး သွေးဆိပ် တက်ကာ အသက်သေဆုံးနိုင်ပါသည်။

    ထိုအခါများတွင် အရေးပေါ် ခွဲစိတ်မှု ခံရနိုင်ပြီး လိုအပ်ပါက အူများ ဖြတ်ဆက်ရခြင်းဖြစ်နိုင်သဖြင့် နောက်ဆက်တွဲ အန္တရာယ်များစွာ ဖြစ်ပေါ်နိုင်ပါသည်။

    သို့ကြောင့်အူကျွံခြင်း ဖြစ်ပါက ဆရာဝန်နှင့် စောလျင်စွာပြသပြီး ထိရောက်သည့်ကုသမှုကို ခံယူသင့် ပါသည်။

    အူကျွံခြင်းဖြစ်ခဲ့လျှင် ကုသမှုခံ ဘယ်လိုခံယူရနိုင်မလဲ ဆရာ

    အူကျွံခြင်းသည် ထိုနေရာရှိ ခန္ဓါကိုယ် အစိတ်အပိုင်း ယိုယွင်းမှုကြောင့် ဖြစ်သဖြင့် ခွဲစိတ်ကုသမှု ခံယူမှသာ ပျောက်ကင်းနိုင်ပေသည်။ ခွဲစိတ်မှု မှာ

    ၁။ သမားရိုးကျခွဲစိတ်မှု နှင့်

    ၂။ ကိုယ်တွင်းမှန်ပြောင်းဖြင့် ခွဲစိတ်မှု ဟူ၍ ၂မျိုး ရှိပြီး

    ထို၂မျိုး လုံးတွင် Mesh ခေါ် ဇကာခံ၍ ခွဲစိတ် ကုသခြင်း အထိရောက်ဆုံး ကုသမှု ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Arkar Hein မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement