backup og meta

ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး

    ရင်သားတွဲကျတာ နဲ့ပတ်သက်ပြီး တချို့တွေက မျိုးရိုးဗီဇကို အပြစ်ဖို့တယ်။ တချို့တွေက ကမ္ဘာ့ဆွဲအားကို ရမယ်ရှာတယ်။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ရင်သားတွဲကျတာ က အမျိုးသမီးတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာပါ။

    ဒါပေမယ့် မပူပါနဲ့။ သိပ္ပံနဲ့နည်းပညာတွေ တိုးတက်ထွန်းကားလာတာနဲ့အမျှ ဆေးပညာဟာလည်း ကျွဲကူးရေပါဆိုသလို ခမ်းနားဖွံ့ဖြိုးလာတာမို့ ဒီကိစ္စဟာ ပြဿနာမဟုတ်တော့ပါဘူး။ ကျွန်မတို့အမျိုးသမီးတွေအားလုံးဟာ ပြည့်ဖြိုးပြီးတင်းတင်းရင်းရင်းရှိတဲ့ရင်သားကို အလိုရှိကြတာမို့ ရင်သားကို ပြန်လည်ပင့်တင်ပေးတဲ့ခွဲစိတ်မှုအပါအဝင် တခြားခွဲစိတ်မှုတွေဟာ အလွန်ပဲခေတ်စားလာပါပြီ။

    ဒီခွဲစိတ်မှုနဲ့ပတ်သက်ပြီး ပိုမိုသိရှိစေနိုင်ဖို့အတွက် အောက်ပါဆောင်းပါးကို ဖတ်ရှုပေးပါဦး။

    ရင်သားတွဲကျခြင်းအတွက် ရင်သားပင့်တင့်သောကုထုံး

    ဒီလိုမျိုး ရင်သားတွဲကျခြင်းအတွက် ရင်သားကို ပင့်တင်ပေးတဲ့ခွဲစိတ်မှုကို ဆေးပညာစာလုံးနဲ့ Mastoplexy လို့ ခေါ်ပြီး သူ့ရဲ့အဓိကရည်ရွယ်ချက်က သင့်ရဲ့ရင်သားတွေကို ရှိသင့်တဲ့နေရာ ဒါမှမဟုတ် ပိုပြီးတင်းတင်းရင်းရင်းနဲ့ အပေါ်ရောက်နေအောင်(ငယ်ငယ်တုန်းကလိုပေါ့) နေရာပြန်ချတာပဲ ဖြစ်ပါတယ်။

    ဘာလို့ ဒီခွဲစိတ်မှုကို ပြုလုပ်ကြတာလဲ။

    အမျိုးသမီးတွေ ကိုယ်ဝန်ရှိလာတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ကနေ နို့ရည်တွေကို ထုတ်လုပ်တာ၊ သိုလှောင်တာတွေ ပြုလုပ်လာတဲ့အတွက် ပွားများလာတဲ့ နို့ရည်ပို့ပြွန်တွေကို နေရာပေးနိုင်ဖို့အတွက် ရင်သားက ပုံမှန်ထက်အများကြီး ပိုကြီးလာပါတယ်။ အချိန်တစ်ခုကြာတဲ့အခါ ရင်သားက စတင်ကျုံ့လာပြီး တွဲကျလာပါတယ်။ တချို့ကလည်း အသက်ကြီးလာပြီး ရင်သားတစ်ရှူးတွေ လျော့ရဲလာတာကြောင့် ရင်သားတွဲကျလာ ပါတယ်။

    ဒီခွဲစိတ်မှုက ဆေးပညာအရလုပ်ကိုလုပ်ရမယ့် လိုအပ်မှုမဟုတ်ဘဲ အလှအပအတွက်မျှသာ ဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေက ဒါကို ပြဿနာတစ်ခုလို့မသတ်မှတ်ပေမယ့် တချို့ကျပြန်တော့လည်း အဆင်မပြေဖူးလို့ခံစားရတာကြောင့် ရင်သားပင့်တင်တဲ့ခွဲစိတ်မှုကို ခံယူလိုကြပါတယ်။

    ဘယ်သူတွေ ခွဲစိတ်မှုခံယူသင့်သလဲ။

    အထက်မှာ ဖော်ပြခဲ့သလိုပဲ ဒီခွဲစိတ်မှုခံယူလိုရတဲ့ အကြောင်းရင်းတွေ အများကြီးရှိနိုင်ပါတယ်။ ဆန္ဒရှိလို့လုပ်တယ်။ ဒီမွေးရာပါ ရင်သားပုံစံကို မကြိုက်လို့၊ အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန်အများကြီးကျသွားပြီး ရင်သားတွဲလာလို့၊ ကိုယ်ဝန်အကြိမ်များများဆောင်ဖူးလို့ ဒါမှမဟုတ် မိမိကိုယ်ကိုယုံကြည်မှုရှိစေဖို့အတွက်လုပ်တယ် စသဖြင့် အစုံပါပဲ။

    အများစုကတော့ ဒီအချက်တွေကြောင့် ခွဲစိတ်မှုလုပ်ကြပါတယ်။

    • ရင်သားတွေက တွဲကျပုံပျက်နေတယ်။ တင်းတင်းရင်းရင်းမရှိဘူး။
    • ကိုယ်ဝန်အကြိမ်များများဆောင်ထားဖူးတယ်။
    • ကိုယ်အလေးချိန် အတက်အကျများတယ်။ မြန်တယ်။
    • နို့သီးခေါင်းလေးတွေက ရှေ့တည့်တည့်ကို ထိုးထွက်မနေတော့ဘဲ အောက်ကိုစိုက်နေတယ်။
    • အသက်ကြီးလာလို့ ရင်သားတွဲကျလာတယ်။

    ဘယ်လိုအမျိုးသမီးတွေအနေနဲ့ ခွဲစိတ်မှု မခံယူသင့်ဘူးလဲ။

    ရင်သားပင့်တင်တဲ့ခွဲစိတ်မှုက အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားကိုသာမက ယုံကြည်မှုကိုပါ မြှင့်တင်ပေးပါတယ်။ တချို့အမျိုးသမီးတွေက ကိုယ့်အရှိအတိုင်းကိုပဲ သဘောကျကျေနပ်ပြီး ဘာခွဲစိတ်မှုမှ ခံယူဖို့မလိုအပ်ပေမယ့် တချို့ကျပြန်တော့လည်း ပိုပြီးလှချင်တာကြောင့် ဒီခွဲစိတ်မှုကို ပြုလုပ်လိုကြပါတယ်။

    ဆရာဝန်က ကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်မှု မခံယူသင့်ဘူးလို့ အကြံပေးတာကလွဲရင် ခွဲစိတ်လို့ ရပါတယ်။ ဒါပေမယ့် ငွေကုန်ကြေးကျများနိုင်တဲ့အပြင် ခွဲရစိတ်ရတဲ့ အလုပ်လည်း ဖြစ်တာကြောင့် မိမိအဆင်ပြေပါ့မလားဆိုတာကိုလည်း ထပ်စဉ်းစားသင့်ပါတယ်။

    ခွဲစိတ်မှုမပြုလုပ်ခင် ဘာတွေ ပြင်ဆင်ရမလဲ။

    သင့်ရင်သား ပြီးပြည့်စုံစွာ လုံးဝဖွံ့ဖြိုးပြီးတဲ့အချိန်မှ ဒီခွဲစိတ်မှုကို ပြုလုပ်နိုင်တယ်ဆိုတာ သိထားရပါမယ်။

    ခွဲစိတ်ပြီးတဲ့အခါ သင်ဖြစ်စေချင်တဲ့၊ လိုချင်တဲ့ရင်သားရဲ့ အရွယ်အစားနဲ့ ပုံစံကို ကျွမ်းကျင်တဲ့ခွဲစိတ်ဆရာဝန်နဲ့ အသေအချာတိုင်ပင်ဆွေးနွေးပါ။ သင့်အတွက်အကောင်းဆုံး ဖြစ်မယ့် ခွဲစိတ်မှု ပုံစံကို သိရှိနိုင်စေဖို့အတွက် သင့်ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြပါ။

    ခွဲစိတ်မှု ပြုလုပ်ပြီး တစ်လကနေ တစ်လခွဲလောက်အတွင်းမှာ သင့်အနေနဲ့ရှောင်ကြဉ်ရမှာတွေ အများကြီး ရှိတာမို့ ဒါတွေနဲ့ပတ်သက်ပြီး မခွဲစိတ်ခင်အချိန်ကတည်းက အသေအချာအစီအစဉ်ဆွဲပါ။ ခွဲစိတ်မှုခံယူမယ့် လူနာအနေနဲ့ ဆေးလိပ် သောက်တတ်ရင် ဖြတ်ထားဖို့၊ ခွဲပြီးရင် အလေးအပင် မမဖို့နဲ့ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပိုးဝင်တာကို ရှောင်ရှားနိုင်ဖို့အတွက် ပဋိဇီဝပိုးသတ်ဆေးတွေကို ညွှန်ကြားလေ့ ရှိပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement