ကုသမှု အနေနဲ့ကတော့ သွေးကြောနေရာတွေကို တီဗီ scan မှာ ပေါ်နေအောင် ဆေးတစ်မျိုးထိုးမယ်။ လေလျှော့ထားတဲ့ ပူဖောင်း အသေးလေးပါ ပြွန်ငယ်တစ်ခုကို အထိန်းဝါယာရဲ့ အကူအညီနဲ့ လက်ကောက်ဝတ် (သို့) လက်မောင်းရင်း (သို့) ပေါင်ရင်းမှာရှိတဲ့ သွေးကြောကနေတစ်ဆင့် ပိတ်နေတဲ့နှလုံး သွေးလွှတ်ကြောထဲ ထည့်ပါလိမ့်မယ်။ သွေးခဲ တွေ စုပုံနေတဲ့ နေရာအတိအကျကို ရောက်တာနဲ့တပြိုင်နက် ပူဖောင်းလေးကို အပြင်ကနေ လေသွင်းလိုက်တော့ သွေးလွှတ်ကြောနံရံကနေ အဲဒီ သွေးခဲ ကွာကျစေပြီး သွေးစီးဆင်းဖို့ လမ်းကြောင်း ဖြစ်စေပါတယ်။ ကုသရာမှာသုံးတဲ့ ပြွန်လေးကိုတော့ ဆေးဘက်ဆိုင်ရာသုံး ကိုးလ်ဘတ် သတ္တုစပ်နဲ့ ပြုလုပ်ထားတာပါ။
ပြွန်ရဲ့ ကိုယ်ထည်က စကာကွက်အသေးလေးဖြစ်ပြီး သွေးလွှတ်ကြောကိုပွင့်နေအောင် တာရှည် ထိန်းထားဖို့ ထည့်ထားခဲ့လို့ရပါတယ်။ ပြွန်ရဲ့ကိုယ်ထည်ကို သွေးကြောခွဲစိတ်ပြုပြင်ပြီးနောက် ဒဏ်မဖြစ်စေဖို့ ဆေးတစ်မျိုး သုတ်လိမ်းထားပါတယ်။ ခွဲစိတ်မှုက နာရီနဲ့ချီကြာနိုင်ပြီး နောက်နေ့ အိမ်ပြန်ခွင့်ပေးပါတယ်။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် ပင်ပင်ပန်းပန်း မလုပ်ဖို့နဲ့ ကောင်းကောင်း အနားယူဖို့ လိုပါတယ်။ အများစုအနေနဲ့ ခွဲစိတ်ပြီးနောက် တစ်ပတ်ကြာရင် အလုပ်ခွင် ပြန်ဝင်လို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။