backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Home Pregnancy Tests (အိမ်တွင်း ကိုယ်ဝန်စစ်နည်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Home Pregnancy Tests (အိမ်တွင်း ကိုယ်ဝန်စစ်နည်း)

Home Pregnancy Tests (အိမ်တွင်း ကိုယ်ဝန်စစ်နည်း) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Home Pregnancy Tests (အိမ်တွင်း ကိုယ်ဝန်စစ်နည်း) ကဘာလဲ။

Home Pregnancy Tests တွေဟာ ကိုယ်ဝန်ရှိစဉ် ထွက်တဲ့ ဟော်မုန်း (human chorionic gonadotrophin, သို့ hCG) တွေကို ဆီးအတွင်းမှာ စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အိမ်မှာ စစ်ဆေးတဲ့ စစ်ဆေးမှုတွေဟာ သေချာလိုက်နာမယ်ဆိုရင် ဆရာဝန် ရုံးခန်းမှာ စစ်ဆေးတဲ့ စစ်ဆေးမှုတွေနဲ့ အဖြေတူ ထွက်မှာ ဖြစ်ပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် မျိုးဥဟာ fallopian tube အတွင်းမှာ သုက်ပိုးနဲ့ မျိုးစပ်တာ ဖြစ်ပါတယ်။ မျိုးအောင်ပြီး ၉ ရက်အတွင်းမှာ မျိုးဥဟာ fallopian tube တစ်လျှောက်ဆင်းလာပြီး သားအိမ်နဲ့ နံရံကို ကပ်သွားမှာ ဖြစ်ပါတယ်။ မျိုးအောင်တဲ့ သားဥတွေဟာ သားအိမ်နံရံမှာ ကပ်သွားပြီးရင် အချင်းစတင် ဖွံ့ဖြိုးလာမှာ ဖြစ်ပြီးတော့ hCG တွေကို အမျိုးသမီးရဲ့ သွေးထဲကို စတင်ထုတ်လွှတ်ပေးမှာ ဖြစ်ပါတယ်။ hCG အချို့ဟာ ဆီးအတွင်းကို ဖြတ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိပြီး ပထမ အစပိုင်းရက်သတ္တပတ်တွေအတွင်းမှာ ဆီးအတွင်းမှာ ပါတဲ့ hCG ဟာ လျင်မြန်စွာ များလာနိုင်ပါတယ်။ နှစ်ရက်သုံးရက်ခြားတစ်ခါ နှစ်ဆဖြစ်လာနိုင်ပါတယ်။

Home pregnancy tests အမျိုးအစား နှစ်မျိုး ရှိပါတယ်။

• အတွေ့အများဆုံး Home Pregnancy Tests အမျိုးအစားတွေကတော့ test strip နဲ့ ဆီးအတွင်းကို နှစ်ထည့်ရတဲ့ dipstick test တွေ ပဲဖြစ်ပါတယ်။ တကယ်လို့ hCG ပါဝင်ရင် test strip (သို့) dipstick ရဲ့ အဆုံးက အရောင်ဟာ ပြောင်းလဲသွားပြီး ဒါဟာ ကိုယ်ဝန် ရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

• ဒုတိယတစ်မျိုးကတော့ စစ်ဆေးတဲ့ ကိရိယာနဲ့ ဆီးစုဆောင်းတဲ့ ခွက်ပဲ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုကို အသုံးပြုဖို့အတွက် ဆီးအစက်ပေါင်းများစွာကို ကိရိယာမှာ ပါတဲ့ အချိုင့်ထဲထည့်ခြင်း (သို့) ကိရိယာကို ဆီးထည့်ထားတဲ့ ခွက်ထဲ ထည့်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ကိရိယာဟာ hCG ပါရင် အရောင်ပြောင်းသွားပြီး ဒါဟာ သင်ကိုယ်ဝန် ရှိနေတယ်လို့ ဆိုလိုပါတယ်။

မနက်ပိုင်းမှာ စတင်စုဆောင်းတဲ့ ဆီးဟာ အကောင်းဆုံး ဖြစ်ပြီး အမှန်ကန်ဆုံး အဖြေကို ပေးနိုင်ပါတယ်။

Home Pregnancy Tests ရဲ့ အဖြေတိကျမှုဟာ အမျိုးသမီးတွေမှာ ကွာခြားမှု ရှိပါတယ်။ ဘာကြောင့်လဲ ဆိုတော့

• အမျိုးသမီးတစ်ယောက်ရဲ့ ရာသီစက်ကွင်းနဲ့ သားဥကြွေခြင်းတွေဟာ လတိုင်းမှာ ပြောင်းလဲမှု ရှိပါတယ်။

• မျိုးအောင်ပြီးသား သားဥရဲ့ သားအိမ်နံရံမှာ ကပ်တဲ့ နေ့ကို သိရှိခြင်း မရှိပါဘူး။

• Home Pregnancy Tests တစ်ခုချင်းစီဟာ hCG ကို ရှာဖွေဖို့အတွက် အာရုံခံနိုင်မှု အမျိုးမျိုး ရှိပါတယ်။ တကယ်လို့ ပမာဏဟာ အရမ်းနည်းနေရင် မနက်မှာ ပထမဦးဆုံး အသုံးပြုတဲ့ ဆီးဟာ positive အဖြေကို ပြနိုင်ပါတယ်။

Home Pregnancy Tests အချို့ဟာ အမျိုးသမီးတွေရဲ့ ရာသီပျောက်တဲ့ ပထမဆုံးရက်မှာ ကိုယ်ဝန်ကို ပြနိုင်ပေမယ့် အချို့ကတော့ ရာသီပျောက်ပြီး တစ်ပတ်လောက်နေမှ ပိုမိုသေချာနိုင်ပါတယ်။

Home Pregnancy Tests တွေကို ဘာကြောင့် လုပ်ကြတာလဲ။

သင့်မှာ ကိုယ်ဝန်ရှိနေတယ်ဆိုရင် ဆေးရုံ (သို့) ဆရာဝန်ကို မသွားတွေ့ခင် Home Pregnancy Test ကို ပြုလုပ်သင့်ပါတယ်။

ပြင်ဆင်မှု

Home Pregnancy Tests ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

Home Pregnancy Tests တွေကို ရာသီပျောက်တဲ့ ပထမဆုံးနေ့တွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် စစ်ဆေးမှုအဖြေတွေဟာ ရက်အနည်းငယ် ထပ်စောင့်နိုင်ရင် ပိုသေချာပါတယ်။ ရာသီပျောက်ပြီးပြီးချင်း စစ်ဆေးပြီး အဖြေကလည်း ကိုယ်ဝန် မရှိဘူးလို့ ပြောနေရင် နောက်တစ်ပတ်နေလို့ ရာသီမလာသေးရင် ပြန်လည် စစ်ဆေးသင့်ပါတယ်။ ဒါမှမဟုတ် စစ်ဆေးမှုကို သင့်ဆရာဝန် ရုံးခန်းမှာ (သို့) ဆေးခန်းမှာ ပြန်လည် ပြုလုပ်သင့်ပါတယ်။

အမျိုးသမီး အများစုဟာ ရာသီပျောက်ပြီး ရက်အနည်းငယ်အတွင်းမှာ positive result ရနိုင်ပေမယ့် အမျိုးသမီးအချို့ကတော့ ကိုယ်ဝန်အလွန်စောသေးရင် negative အဖြေ ရနိုင်ပါသေးတယ်။

hCG ကို ဆီးအတွင်းမှာ မတွေ့ခင် သွေးအတွင်းမှာ အရင်တွေ့နိုင်ပါတယ်။ သွေးစစ်ဆေးမှုကို သားအိမ်နံရံမှာ မျိုးအောင်တဲ့သားဥ ကပ်အပြီး ၆ ရက်အတွင်း စစ်ဆေးနိုင်ပါတယ်။

Home Pregnancy Tests တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

Home Pregnancy Tests တွေကို ဆေးဆိုင် (သို့) grocery store တွေမှာ ဝယ်ယူနိုင်ပါတယ်။ ဆရာဝန်ညွှန်းစာ မလိုအပ်ပါဘူး။

ဒီ test kits တွေမှာ များသောအားဖြင့် plastic dipsticks သို့ test strips တွေနဲ့ စစ်ဆေးမှု ဘယ်လိုလုပ်ရမလဲဆိုတာရဲ့အညွှန်းစာ ပါဝင်ပါတယ်။ အချို့ test kit တွေမှာ ဆီးထည့်တဲ့ ခွက်ပါဝင်ပါတယ်။ Midstream kits တွေမှာ ဆီးသွားနေစဉ် အလယ်ပိုင်းမှာ စက္ကန့်ပေါင်းများစွာ ကိုင်ထားဖို့ test strip ပါဝင်ပါတယ်။ kits တွေအကုန်က အဖြေထုတ်ခြင်း မပြုလုပ်ခင် အချိန်တစ်ခု စောင့်ဆိုင်းခိုင်းပါလိမ့်မယ်။

စစ်ဆေးမှု

Home Pregnancy Tests နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

Home Pregnancy Tests တွေနဲ့ အတူလာတဲ့ အညွှန်းကို ဖတ်ကြည့်သင့်ပါတယ်။ အညွှန်းတွေဟာ kit တစ်ခုနဲ့တစ်ခု ကွာခြားမှု ရှိပါတယ်။ အဖြေကို အညွှန်းမှာ ဖေါ်ပြထားတဲ့အတိုင်း မှန်ကန်တဲ့ အချိန်တွေမှာ ဖတ်သင့်ပါတယ်။ မနက်ပိုင်းဆီးကို အသုံးပြုဖို့ရေးထားတဲ့ test kid တွေအတွက် ဆီးအိမ်အတွင်းမှာ အနည်းဆုံး လေးနာရီလောက်ရှိနေတဲ့ ဆီးကို ယူသင့်ပါတယ်။ မနက်စောစော ယူတဲ့ ဆီးဟာ ပိုမိုတိကျတဲ့ အဖြေတွေကို ပေးနိုင်ပါတယ်။ ဆီး sample ယူပြီး ၁၅ မိနစ်အတွင်းမှာ စစ်ဆေးသင့်ပါတယ်။ Midstream kit ကို အသုံးပြုမယ်ဆိုရင် ဆီးအနည်းငယ်အရင်သွားသင့်ပြီးမှ dipstick ကို ဆီးကြောင်းအလယ်မှာ ခံကာ စစ်ဆေးသင့်ပါတယ်။ Home Pregnancy Tests မှာပါတဲ့ အညွန်းအတိုင်း စစဆေးသင့်ပါတယ်။

စစ်ဆေးပြီးနောက်

Home Pregnancy Tests လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

Home Pregnancy Tests တွေနဲ့စစ်လို့ ကိုယ်ဝန်ရှိတယ်လို့ ပြခဲ့မယ်ဆိုရင် ဆရာဝန်နဲ့တွေ့ပြီး ကိုယ်ဝန်ကို အတည်ပြုကာ နောက်ပိုင်း ပြသမှုတွေကို စီစဉ်သင့်ပါတယ်။ စစ်ဆေးမှုက ကိုယ်ဝန်မရှိဘူးလို့ ပြခဲ့မယ်ဆိုရင်တော့ နောက်တစ်ပတ်နေလို့ ရာသီမလာသေးရင်ကိုယ်ဝန်ရှိနေတာမျိုး ဖြစ်နိုငတာကြောင့် နောက်တစ်ခါ ထပ်ပြီး စစ်ဆေးနိုင်ပါတယ်။ နောက်တစ်ခေါက်စစ်ဆေးမှုကလည်း ကိုယ်ဝန်မရှိဘူးလို့ ပြခဲ့မယ်ဆိုရင် တကယ်ကိုယ်ဝန်မရှိတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သင့်ဆရာဝန်ကို ရာသီမလာခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးနိုင်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Home Pregnancy Tests (အိမ်တွင်း ကိုယ်ဝန်စစ်နည်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

Positive သို့ Negative အဖြေတွေက ဘာကိုဆိုလိုလဲဆိုတာ သိဖို့လိုအပ်ပါတယ်။

တကယ်လို့ Positive အဖြေရရင် သင်ဟာ ကိုယ်ဝန်ရှိနေပါပြီ။ လိုင်းကြောင်းဟာ ဘယ်လောက်ပဲ မှိန်နေပါစေ၊ ဘာအရောင်ရှိပါစေ၊ ဒါဟာ ကိုယ်ဝန်ရှိခြင်းပဲ ဖြစ်ပါတယ်။ နောက်ဘာလုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ဆရာဝန်ကို ဆွေးနွေးနိုင်ပါတယ်။

အလွန်ရှားပါးတဲ့ အခြေအနေတွေမှာ false positive result တွေကို ရနိုင်ပါတယ်။ ဒါဟာ သင့်မှာ ကိုယ်ဝန်မရှိပေမယ့် စစ်ဆေးမှုက ကိုယ်ဝန်ရှိတယ်လို့ ပြောခြင်း ဖြစ်ပါတယ်။ သင့်သွေး (သို့) ပရိုတင်းဓါတ်တွေ ဆီးအတွင်းမှာ ရှိတယ်ဆိုရင် မှားယွင်းစွာ ပြနိုင်ပါတယ်။ အခြားဆေးတွေ ဖြစ်တဲ့ tranquilizers, အအန်ပျောက်ဆေးတွေ၊ အိပ်ဆေးတွေဟာလည်း အဖြေကို မှားယွင်းစေနိုင်ပါတယ်။

တကယ်လို့ negative အဖြေရရင် သင့်မှာ ကိုယ်ဝန်မရှိဖို့ များပါတယ်။ ဒါပေမယ့် အောက်ပါ အခြေအနေတွေမှာ သင့်မှာ ကိုယ်ဝန်ရှိနိုင်ပါသေးတယ်။

• Test ဟာ ရက်လွန်နေရင်

• စစ်ဆေးမှု မှားယွင်းရင်

• မကြာသေးခင် စစ်မိရင်

• စစ်ဆေးမှုမပြုခင် ရေအများကြီးသောက်လိုက်မိတာကြောင့် ဆီးဟာ ရေရောနေရင်

• ဆီးဆေး၊ antihistamine အစရှိတဲ့ ဆေးတွေသောက်နေရင်

သင့်မှာ Home Pregnancy Tests Negative အဖြေရရင် တစ်ပတ်အတွင်းမှာ နောက်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ Home Pregnancy Tests အချို့ကတော့ ဘာအဖြေအရ နောက်တစ်ကြိမ် ထပ်ပြီး စစ်ဆေးခိုင်းလေ့ရှိပါတယ်။

တကယ်လို့ မတူညီတဲ့ အဖြေနှစ်ခုရရင် ဘယ်လိုလုပ်မလဲ။ သင့်ဆရာဝန်ကို အကြောင်းကြားပြီး အဖြေကို အတည်ပြုသင့်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး Home Pregnancy Tests ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

Home Pregnancy Tests နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement