backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Home Lung Function Test (အိမ်တွင်း အဆုတ်စစ်ဆေးနည်း)


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Home Lung Function Test (အိမ်တွင်း အဆုတ်စစ်ဆေးနည်း) ကဘာလဲ။

Home Lung Function Test တွေဟာ peak flow meter သို့ home spirometer တွေကို အသုံးပြုပြီး သင့်မှာ နေ့တဓူ၀ ရှိနေနိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို စမ်းစစ်ခြင်းပဲ ဖြစ်ပါတယ်။ Peak flow meter ဟာ သင့်ရဲ့ ရှူထုတ်လိုက်တဲ့လေကို တိုင်းတာပါတယ်။ Home spirometer ကတော့ FEV1 ကို တိုင်းတာပါတယ်။

သင့်မှာ ပန်းနာရင်ကျပ်ရောဂါလိုမျိုး အဆုတ်ရောဂါ တစ်ခုခု ရှိနေခဲ့ရင် သင့်ဆရာဝန်က PIF နဲ့ PEF ကို စစ်ဆေးပြီး သင်ရှူသွင်းတဲ့လေနဲ့ ရှူထုတ်လိုက်တဲ့လေတွေကို တိုင်းတာပါလိမ့်မယ်။ ဒါဟာ အဆုတ်လုပ်ငန်းဆောင်တာစစ်ဆေးခြင်း ရဲ့ ပိုမိုပြီးပြည့်စုံစေတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။

Home Lung Function Test တွေကို ဘာကြောင့် လုပ်ကြတာလဲ။

PEF သို့ FEV1 ကို တိုင်းတာခြင်းဟာ အောက်ပါအချက်တွေကို ကူညီပေးပါတယ်။

• သင့်အဆုတ်တွေ ဘယ်လောက်ကောင်းလဲ၊ အဆုတ်ရောဂါ (ပန်းနာရင်ကျပ်) တွေ ရှိနေပြီလားဆိုတာ တိုင်းတာပေးပါတယ်။

• ပန်းနာရင်ကျပ်ရောဂါအတွက် ကုသမှုနဲ့ ကုသမှု ထိရောက်ခြင်းတွေကို လမ်းညွှန်ပေးပါတယ်။ Peak expiratory flow monitoring ဟာ ပန်းနာရင်ကျပ်ရောဂါရှိသူတွေကို ပိုမိုကောင်းမွန်တဲ့ ကုသမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချနိုင်စေဖို့ ကူညီပေးပါတယ်။

• အလုပ်မှာ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ အရာဝတ္ထုတွေနဲ့ ထိတွေ့နေရရင် အဆုတ်လုပ်ငန်းဆောင်တာကို စောင့်ကြည့်နိုင်ပါတယ်။

• အဆုတ်အစားထိုးကုသမှု ပြုလုပ်ခဲ့ရင် ကိုယ်ခန္ဓါက ငြင်းပယ်ခြင်းရဲ့ အစောပိုင်းလက္ခဏာတွေကို စောင့်ကြည့်နိုင်ပါတယ်။

ပြင်ဆင်မှု

Home Lung Function Test ကိုမလုပ်ခင် ဘာတွေ သိထားသင့်သလဲ။

PEF ဟာ မနက်ပိုင်းမှာ အနည်းဆုံးဖြစ်ပြီး နေ့လည်ပိုင်းမှာ အများဆုံး ဖြစ်ပါတယ်။ နေ့တစ်နေ့အတွင်းမှာ PEF ကို တစ်ကြိမ်သာ တိုင်းတာမယ်ဆိုရင် လေပြွန်ကျယ်စေတဲ့ ဆေးတွေအသုံးမပြုခင် မနက်ပိုင်းမှာ တိုင်းတာနိုင်ပါတယ်။ မကြာခဏ ပြန်ဖြစ်တဲ့ (သို့) ရောဂါမပြင်းထန်ပေမဲ့ ဆက်တိုက်ဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါ ရှိသူတွေဟာ PEF ကို နေ့စဉ် တိုင်းတာနိုင်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေ ဖြစ်လာရင် ပန်းနာရင်ကျပ်ရောဂါကို ထိန်းချုပ်နိုင်စေဖို့ စစ်ဆေးမှုကို တစ်နေ့တာအတွင်းမှာ မကြာခဏ လုပ်နိုင်ပါတယ်။

Home Lung Function Test တွေကို ဘယ်လိုပြင်ဆင်သင့်သလဲ။

PEF test ပြုလုပ်ဖို့အတွက် peak flow meter လိုပါတယ်။ Peak flow meter ဟာ ဈေးမကြီးပဲ လက်ကကိုင်ထားလို့ရတယ့် ကိရိယာတစ်ခုဖြစ်ပြီး သူ့အတွင်း လေကို တတ်နိုင်သမျှ အပြင်းဆုံးနဲ့ အမြန်ဆုံး မှုတ်သင့်ပါတယ်။ Peak flow meter မှာ ပါဝင်တဲ့ အညွှန်းအတိုင်း အဖြေကို ဖတ်နိုင်ပါတယ်။ အိမ်မှာ အသုံးမပြုခင် ဘယ်လိုသုံးရမလဲဆိုတာ ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ တကယ်လို့ Peak flow meter ကို ဘယ်လိုအသုံးပြုရမယ်၊ အဖြေကို ဘယ်လိုဖတ်ရမယ်ဆိုတာ မသိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။

PEF test မပြုလုပ်ခင် သုံးနာရီလောက်ကြိုပြီး အစာအများကြီး စားခြင်းကနေ ရှောင်ကြဉ်သင့်ပါတယ်။ မတ်မတ်ထိုင်ခြင်း (သို့) ရပ်ခြင်း တွေဟာ သင်တတ်နိုင်သမျှ အသက်ကောင်းကောင်းရှူနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ PEF test ကို အသုံးပြုစဉ် ပုံစံတူသာ နေသင့်ပါတယ်။ PEF monitoring ကို သင်အတတ်နိုင်ဆုံး အပြင်းထန်ဆုံး ကြိုးစားသင့်ပါတယ်။ ပိုမိုတိကျတဲ့အဖြေကို ရရှိဖို့ အတတ်နိုင်ဆုံးအားသုံးပြီး ပြုလုပ်သင့်ပါတယ်။

စစ်ဆေးမှု

Home Lung Function Test နဲ့ စစ်ဆေးနေချိန်မှာ ဘယ်လို ဖြစ်မှာလဲ။

PEF test လုပ်မယ်ဆိုရင် ပါးစပ်အတွင်းမှာ ရှိတဲ့ ပီကေ (သို့) အစားအသောက်တွေကို ဖယ်ရှားထားသင့်ပါတယ်။ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

• Peak flow meter ရဲ့ အညွှန်းကိန်းကို ‘ဝ’ ကို ရွှေ့ပါ။

• Mouthpiece ကို peak flow meter မှာ တပ်ပါ။

• အသက်ပြင်းပြင်းရှူနိုင်ဖို့ မတ်မတ်ရပ် (သို့) မတ်မတ်ထိုင်ပါ။ ဘယ်လိုပဲနေနေ စစ်ဆေးမှု ပြုတိုင်းမှာ တသမတ်တည်း နေသင့်ပါတယ်။

• အသက် ဝဝရှူသွင်းပါ။ peak flow meter ရဲ့ mouthpiece ကို ပါးစပ်အတွင်းထည့်ပြီး mouthpiece ရဲ့ အပြင်ဘက်ကို ပါးစပ်နဲ့ လုံအောင်ပိတ်ပါ။ mouthpiece အတွင်းမှာ လျှာကို မထည့်သင့်ပါဘူး။

• တတ်နိုင်သမျှ အပြင်းဆုံး၊ အမြန်ဆုံး ရှူထုတ်ပါ။ တစ်စက္ကန့်ထက် ပိုမကြာသင့်ပါဘူး။

• Gauge ပေါ်မှာရှိတဲ့ ဂဏန်းကို ဖတ်ပါ။

• နောက်တစ်ခါ မမှုတ်ခင် ဂဏန်းကို ၀ ကို ပြန်ထားပါ။

• Peak flow meter ကို နောက်နှစ်ကြိမ် ထပ်မှုတ်ပါ။ အဖြေတွေကို မှတ်ထားပါ။ ချောင်းဆိုးရင် (သို့) အမှားလုပ်ခဲ့ရင် စစ်ဆေးမှုကို နောက်တစ်ကြိမ် ပြုလုပ်သင့်ပါတယ်။

• Peak flow meter ထဲကို သုံးခါ လေမှုတ်သွင်းပြီးရင် နေ့စဉ် မှတ်တဲ့ အကွက်ထဲကို အများဆုံး ဂဏန်းကို ဖြည့်သွင်းနိုင်ပါတယ်။

စစ်ဆေးပြီးနောက်

Home Lung Function Test လုပ်ပြီးသွားချိန် ဘာဖြစ်မှာလဲ။

Peak flow meter ရဲ့ ပုံမှန်အတိုင်းအတာကို သင့်ဆရာဝန်ကို မေးမြန်းခြင်းအားဖြင့်သော်လည်းကောင်း၊ သူ့မှာပါတဲ့ အညွှန်းကို ဖတ်ခြင်းအားဖြင့်သော်လည်းကောင်း သိထားသင့်ပါတယ်။ သင့်ရောဂါအခြေအနေပေါ်မူတည်ပြီး ဒါတွေဟာ အပြောင်းအလဲ ရှိနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ အဖြေတွေကို တွေ့ရှိရင် ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။

ရလဒ်

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Home Lung Function Test (အိမ်တွင်း အဆုတ်စစ်ဆေးနည်း) အဖြေတွေက ဘာကို ဆိုလိုတာလဲ။

PEF ဟာ အားကုန်သုံးပြီး ဘယ်လောက်ရှူထုတ်နိုင်သလဲဆိုတာကို ဖေါ်ပြပါတယ်။ Home spirometer ဟာ FEV1 ကို တိုင်းတာပေးပါတယ်။ ဒီစစ်ဆေးမှုတွေရဲ့ အဖြေကို ရောဂါပိုဆိုးလားခြင်း ကို စောင့်ကြည့်ဖို့ (သို့) နာတာရှည် အဆုတ်ရောဂါ အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါရဲ့ ကုသမှု တုန့်ပြန်ပုံကို တိုင်းတာဖို့ နှိုင်းယှဉ် အသုံးပြုနိုင်ပါတယ်။

ဓါတ်ခွဲခန်းနဲ့ ဆေးရုံတွေပေါ်မူတည်ပြီး အိမ်တွင်းအဆုတ်စစ်ဆေးနည်း ရဲ့ အဖြေတွေဟာ ကွဲပြားနိုင်ပါတယ်။ စစ်ဆေးမှုနဲ့ပတ်သက်ပြီး ပိုမိုသိလိုတယ်ဆိုရင် ဆရာဝန်ကို တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒီစစ်ဆေးမှု နဲ့ပတ်သက်ပြီး မေးခွန်းတွေရှိတယ်ဆိုရင် ညွှန်ကြားချက်တွေကို ပိုမိုနားလည်စေဖို့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 19/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement