backup og meta

DNA စစ်ဆေးခြင်းအကြောင်း သိချင်နေတဲ့မေးခွန်းများ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    DNA စစ်ဆေးခြင်းအကြောင်း သိချင်နေတဲ့မေးခွန်းများ။

    အခုလတ်တလောဖြစ်ပွားနေတဲ့သက်ငယ်မုဒိမ်းကိစ္စနဲ့ပတ်သက်ပြီး DNA စစ်ဆေးတဲ့အကြောင်းတွေ လူတွေကြားထဲသိချင်လာကြပါတယ်။ ဒါတင်မကပါဘူး။ အမှုအခင်းတစ်ခုခုဖြစ်ပြီဆိုတာနဲ့ DNA စစ်ကြည့်လိုက်။ DNA လောက်မှန်တဲ့အဖြေမရှိဘူး။ DNA ကိုက်နေရင် အဲဒီသူက တရားခံပဲဆိုတဲ့ အကြောင်းလေးတွေကြားဖူးမှာပါ။ ဒီလိုပဲ သွေးသားတော်စပ်တဲ့ကိစ္စတွေမှာလည်း DNA စစ်လိုက်ရင် အားလုံး အဖြေပေါ်သွားမယ်ဆိုတာတွေက အမြဲကြားနေကျ ကိစ္စတွေပါ။ ဒီတော့ DNA ဆိုတာဘာလဲ။ DNA စစ်ဆေးတယ်ဆိုတာကရော ဘာလဲမသိချင်ကြဘူးလား။

    DNA ဆိုတာဘာလဲ။

    DNA ဆိုတာ Deoxyribonucleic Acid ရဲ့ အတိုကောက်ကို ခေါ်တာဖြစ်ပါတယ်။ ကွန်ပျူတာတွေမှာ code ကုဒ်တွေက အဓိကဆို လူတွေမှာလည်း DNA ဆိုတာ အဓိကကုဒ်တွေပါပဲ။ လူတစ်ယောက်ရဲ့ ဆဲလ်တစ်ခုချင်းစီဟာ ပုံစံတူ DNA ကုဒ်တွေနဲ့ ဖွဲ့စည်းထားပြီး လူတစ်ဦးစီတိုင်းဟာ ကိုယ်ပိုင် DNA တွေ ရှိကြပါတယ်။ ကိုယ်ခန္ဓါမှာ AT နဲ့ CG လို့ခေါ်တဲ့ ကြောင်လိမ်လှေကားပုံသဏ္ဍန် DNA letters အတွဲပေါင်း ၃ ဘီလျံခန့်ရှိပြီး တစ်ယောက်နဲ့တစ်ယောက်မှာ ဖွဲ့စည်းထားတဲ့ DNAကုဒ် ချင်းကမတူပါဘူး။ ဒါ့ကြောင့် DNA ဟာ တရားခံပေါ်အောင် အမှုလိုက်တဲ့ နေရာမှာ အဓိကကျတဲ့ သက်သေအဖြစ် အသုံးအဝင်ဆုံး အရာဖြစ်လာတာပါ။

    DNA တစ်ခုက ဘယ်လောက်ခံလဲ။

    DNA တစ်ခုရဲ့ သက်တမ်းဘယ်လောက်ရှိလဲဆိုတာလည်း စိတ်ဝင်စားစရာ အချက်တစ်ခုပါ။ DNA တစ်ခု့ရဲ့သက်တမ်းက နှစ်ပေါင်း ၆.၈ သန်း တောင်ရှိပါတယ်။ လေ့လာချက်တွေအရ DNA မော်လီကျူးတစ်ခုရဲ့ ချိတ်ဆက်ထားတဲ့ အတွဲပေါင်း တစ်ဝက်လောက်ပျက်သွားပါစေဦး DNA တစ်ခုက နှစ်ပေါင်း ၅၂၁ နှစ်တောင်ခံပါတယ်တဲ့။

    DNA တွေက ပျက်စီးသွားတတ်လား ။

    ဒီ အရမ်းအသုံးဝင်တဲ့ DNA ဟာ ရေနဲ့ နေနဲ့ ထိသွားရင် အထဲမှာပါတဲ့ အင်ဇိုင်းတွေ ဖျက်ဆီးခံလိုက်ရသလိုဖြစ်ပြီး ပျက်စီးသွားတတ်ပါတယ်။ ဒါပေမယ့် လုံးဝအစအနပါရှာမရအောင်ဖျက်ဆီးဖို့ဆိုရင်တော့ Bleach (အစွန်းချွတ်ဆေး)လိုမျိုး ပြင်းထန်တဲ့ဓါတုပစ္စည်းတွေအသုံးပြုမှရနိုင်ပါတယ်။

    DNA စစ်ဆေးခြင်းကို ဘယ်လိုလုပ်ဆောင်ကြလဲ ။

    ကိုယ်ခန္ဓါပေါ်ကဆံပင်၊ သွေး၊ အရေပြား၊ သုတ်ရည် နဲ့ အခြားတစ်ရှူးဆဲလ်တွေကိုသုံးပြီး DNA ကိုစစ်ဆေးကြပါတယ်။ ဥပမာ မှုခင်းဖြစ်ပွားတဲ့နေရာမှာ တရားခံနဲ့ ဆံပင်ဖြစ်ဖြစ် သွေးဖြစ်ဖြစ်ကျန်ခဲ့ရင် အဲဒါကို DNA စစ် ပြီးရင် သံသယရှိတယ်လို့ ယူဆရတဲ့ လူတွေရဲ့ ဆံပင် နဲ့ သွေးတွေကို DNA စစ်ပြီး ကိုက်ညီမှု ရှိမရှိ ဆောင်ရွက်တာကို ပြောတာပါ။ ဒါတွေကို ဓါတ်ခွဲခန်းထဲမှာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ရလာတဲ့ စစ်ဆေးချက်အဖြေကို သက်ဆိုင်ရာတာဝန်ရှိသူထံဆီ လက်ရေးမူနဲ့ ပို့ပေးရတာဖြစ်ပါတယ်။ အမှုရင်ဆိုင်နေရလို့မဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် DNA စစ်ချင်တယ်ဆိုရင်တော့ မစစ်ခင် DNA စစ်ဆေးခြင်းကြောင့် ရလာမယ့် ကောင်းကျိုး ဆိုးပြစ်တွေ အားလုံးကို သိရှိပြီး သဘောတူကြောင့်လက်မှတ်ရေးထိုးဖို့တော့လိုပါလိမ့်မယ်။

    DNA စစ်ဆေးချက်လုပ်ဆောင်တော့မယ်ဆိုရင် ဘယ်အဆင့်တွေက အရေးကြီးလဲ။

    • Ideneifying – အခင်းဖြစ်ပွားတဲ့နေရာကနေ DNA ရနိုင်မယ့် အရာတွေကို ရှာမယ်
    • Collecting – ရနိုင်သမျှ သက်သေတွေကို စုဆောင်းမယ်
    • Transporting – စုဆောင်းထားတဲ့ သက်သေတွေကို သက်ဆိုင်ရာနေရာရောက်အောင် စနစ်တကျသယ်သွားမယ်
    • Storing – ရရှိလာတဲ့ DNA သက်သေတွေကို စနစ်တကျ သိမ်းဆည်းထားမယ်။ စတာတွေက အရေးကြီးတဲ့ အဆင့်တွေပါ။

    ဒီအထဲမှာမှ အရေးအကြီးဆုံးကတော့ Collecting စုဆောင်းတဲ့ အဆင့်ဖြစ်ပါတယ်။

    ဘာ့ကြောင့်လဲဆိုတော့ သက်သေတွေကို မစုဆောင်းနိုင်ရင် အဖြစ်မှန်ပေါ်မှာ မဟုတ်သလို စုဆောင်းတဲ့ အချိန်မှာလည်း စနစ်တကျ မစုဆောင်းခဲ့ရင် သက်သေတွေ ပျက်စီးသွားနိုင်တာကြောင့်ပါ။ အထူးသဖြင့် မှုခင်းဖြစ်ပွားခဲ့တယ်ဆိုရင် ခံလိုက်ရတဲ့ တရားလို အနေနဲ့ မှုခင်းဖြစ်ပြီးပြီးချင်း အကျီၤလဲလိုက်တာ၊ ရေချိုးလိုက်တာ ၊ ရေဆေးလိုက်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ စုဆောင်းတဲ့ မှုခင်းအရာရှိ အနေနဲ့လည်း DNA တွေ ရောထွေးမသွားစေဖို့ လက်အိတ်နဲ့ စနစ်တကျကိုင်ပြီး တစ်ခုချင်း သေချာ ခွဲသိမ်းထားတာမျိုးလုပ်သင့်ပါတယ်။

    ဘယ်လိုနေရာတွေကနေ DNA စစ်ဆေးခြင်းလုပ်ဆောင်လို့ရလဲ ။

    ခန္ဓါကိုယ်ကနေထွက်တဲ့အရည်တိုင်းလိုလိုမှာ DNA စစ်ဆေးလို့ရပါတယ်။ အထူးသဖြင့်တော့

    • တရားလိုရဲ့ ကိုယ်ခန္ဓါဆီမှာ ကျန်နေနိုင်ခဲ့တဲ့ တရားခံရဲ့ သုတ်ရည်၊ တံတွေး၊ သွေး
    • တရားလိုရဲ့ လက်သည်းထဲမှ တရားခံရဲ့ အသားစတွေ
    • တရားလိုရဲ့ အကျီပေါ်မှာကပ်ကျန်နိုင်ခဲ့တဲ့ ဆံပင်
    • တရားလိုရဲ့ မိန်းမကိုယ်၊ စအိုဝ၊ ပါးစပ် စတာတွေ အားလုံးက DNA စစ်ဆေးလို့ရနိုင်တဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

    DNA တစ်ခါ စစ်ဆေးရင် ဘယ်လောက်ကြာတတ်လဲ ။

    • DNA စစ်ဆေးခြင်း တစ်ခါလုပ်ရင် ၃ ရက်လောက်အထိကြာတတ်ပြီး မှုခင်းဖြစ်ပွားတဲ့နေရာကနေ စစ်ဆေးချက်အဖြေထွက်တဲ့ အထိဆိုရင် တစ်ခါတစ်ရံ ၁၄ ရက်လောက်အထိကြာသွားတတ်ပါတယ်။ အဲဒီ အချိန်လောက်ဆိုရင် တရားခံဖြစ်သူက ထွက်ပြေးလွတ်မြောက်နိုင်သွားတဲ့အတွက် ခုနောက်ပိုင်း DNA ကို ၂ နာရီအတွင်းအပြီးသတ်စစ်ဆေးလို့ရမယ့် နည်းတွေ စမ်းသပ်လျက်ရှိပါတယ်။

    DNA စစ်ဆေးပြီး အမှုတွေကို ဘယ်လိုဖော်ထုတ်ကြလဲ။

    အမှု ဖော်ထုတ်တဲ့နေရာမှာ အသုံးများတဲ့ DNA စစ်ဆေးခြင်းက polymerase chain reaction (PCR) စစ်ဆေးနည်းပဲ ဖြစ်ပါတယ်။ စုဆောင်းရလာတဲ့ သက်သေပစ္စည်းတွေကို PCR နည်းနဲ့ DNA စစ်ဆေးခြင်းအားဖြင့် သန်းနဲ့ချီထွက်လာပြီး ထွက်လာတဲ့ DNA Copy တွေကို သံသယရှိသူရဲ့ DNA နဲ့ ပြန်ပြီးတိုက်စစ်တာပါ။

    DNA စစ်ဆေးခြင်းက ဘယ်လောက် တိကျတဲ့အဖြေကို ပေးသလဲ၊

    စုဆောင်းရလာတဲ့DNA က အရည်အသွေးပိုင်းထိခိုက်ထားတာလည်း မရှိဘူး၊ လုံလောက်တဲ့ ပမာဏလည်းဖြစ်မယ်ဆိုရင် DNA က ထုတ်ပေးတဲ့ မှုခင်းအဖြေက ၉၉.၉ ရာခိုင်နှုန်းတိကျ မှန်ကန်မှု ရှိပါတယ်။

    DNA အဖြေကို လှည့်စားလို့ရလား။

    DNA စစ်ဆေးတယ်ဆိုတာ စုဆောင်းရလာတဲ့ သက်သေတွေကိုပဲ စစ်ဆေးရတာ ဖြစ်တဲ့အတွက်ရလာတဲ့ သက်သေကို အစားထိုးလိုက်တာမျိုးဆိုရင်တော့၊ လဲလိုက်တာမျိုးဆိုရင်တော့ စစ်ဆေးချက်ထွက်လာတဲ့အဖြေက တကယ်အဖြစ်မှန်နဲ့ ကွဲလွဲမှုလေးတွေ ရှိနေပါလိမ့်မယ်။ ခုလို သက်သပစ္စည်းတွေကို လဲလိုက်တာမျိုး၊ ဖျက်ဆီးလိုက်တာမျိုးတွေ မရှိခဲ့ဘူးဆိုရင် သေချာစုဆာင်း သိမ်းဆည်းထားမယ်ဆိုရင် DNA က တရားခံကို အတိအကျဖော်ထုတ်ပေးနိုင်မယ့် အမှန်တရားဘက်တော်သား တစ်ယောက်ပါ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement