backup og meta

ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်း ( Bone marrow aspiration)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်း ( Bone marrow aspiration)

    သွေးကင်ဆြာဖစ်နေတဲ့ လူနာတွေကို စမ်းသပ်စစ်ဆေးမှုတွေလုပ်ရင် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးရတယ်ဆိုတာ အားလုံးသိကြမှာပါ။ အရမ်းနာတယ်လို့လည်း ကြားဖူးကြတယ်မလား။ ကျောကုန်းကြီးကိုကွေးပြီးတော့ ခါးဆစ်ရိုးထဲ အပ်ထိုးပြီး အထဲက ဆဲလ်အရည်လေးတွေကို ဖောက်ထုတ်စုပ်ယူတဲ့ မြင်ကွင်းမျိုးကို ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြတယ်ဟုတ် ။ ။

    ဘာကြောင့် ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးကြတာလဲ ။။

    ရိုးတွင်းခြင်ဆီဆိုတာ သွေးဆဲလ်တွေကို ထုတ်လုပ်ပေးတဲ့နေရာတစ်ခုဖြစ်တာကြောင့် သွေးဆဲလ်တွေ မူမမှန်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတဲ့ လူနာတွေကို ဘယ်ဆဲလ်မှာ ဘာချို့ယွင်းချက်ရှိနေတာ၊ ဘာရောဂါဖြစ်နေတာဆိုတာ သိဖို့အတွက် ဖောက်ထုတ်စစ်ဆေးကြတာပါ။

    ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးလိုက်ရင် သိနိုင်တဲ့ ရောဂါတွေကတော့

  • Anemia – သွေးနီဥဆဲလ်တွေနည်းနေတဲ့ရောဂါ
  • myelofibrosis နဲ့myelodysplastic syndrome လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီရောဂါတွေ
  • သွေးဆဲလ်ပြဿနာတွေဖြစ်တဲ့ ( leukopenia) သွေးဖြူဥ အရေအတွက်နည်းနေတာနဲ့ (polycythemia vera ) သွေးနီဥဆဲလ်တွေ အများကြီးဖြစ်နေတာ
  • leukemia တို့ lymphoma တို့လို သွေးကင်ဆာတွေ
  • hemochromatosis လို့ခေါ်တဲ့မွေးရာပါ သံဓါတ်များနေတဲ့ ရောဂါနဲ့
  • TB ရောဂါ ( ဦးနှောက်တီဘီရောဂါ)
    • amyloidosis (ဒါမှမဟုတ်) Gaucher’s disease လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီကနေ ပုံမှန် မဟုတ်ဘဲထုတ်လိုက်တဲ့ amyloid ပရိုတင်းတွေ ကိုယ်အဂါၤ အစိတ်အပိုင်းတွေမှာ သွားစုပြီး အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးကုန်တဲ့ ရောဂါ ။။ တွေရှိမရှိ ရိုးတွင်းခြင်ဆီ ဖောက်ထုတ်ပြီး စစ်ဆေးလေ့ရှိကြပါတယ်။

    ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်းမှာ ဘယ်လိုဘေးထွက် ဆိုးကျိုးတွေ ရှိနိုင်သလဲ ။ ။

    • ထုံဆေးနဲ့ ဓါတ်မတည့်တာ
    • ဖောက်လိုက်တဲ့နေရာမှာ သွေးအထွက်လွန်တာ
    • ရောဂါပိုးဝင်တာနဲ့
    • အပ်ထိုးထားတဲ့နေရာက အောင့်ပြီးနာနေတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ပြဿနာတွေဟာ အဖြစ်နည်းတယ်ဆိုပေမယ့် နဂိုတည်းက သွေးဖြူဥဆဲလ်တွေ ပုံမှန် မဟုတ်လို့ ခုခံအားနည်းနေတဲ့သူတွေ၊ သွေးတိတ်စေတဲ့ platelet ဆဲလ်ပုံမှန် မဟုတ်လို့ သွေးမတိတ်ရောဂါ ခံစားနေရသူတွေမှာတော့ သတိထားသင့်တဲ့ စစ်ဆေးမှု တစ်ခုပါ။

    ရိုးတွင်းခြင်ဆီ ဖောက်ထုတ်ပြီးရင် ဘာတွေ ခံစားရလေ့ရှိသလဲ ။ ။

    • ရိုးတွင်းခြင်ဆီေဖာက်ပြီး တစ်ပတ်လောက်ကို ဖောက်ထားတဲ့နေရာကနေ နာတာ၊ အောင့်နေတာမျိုးတွေ ခံစားရတတ်ပါတယ်။ ဒီနာကျင်မှုတွေဟာ အကိုက်အခဲပျောက်ဆေး သောက်လိုက်တာနဲ့တင် သက်သာသွားမှာပါ။
    • အပ်ဖောက်ထားတဲ့အနာကိုလည်း ပိုးမဝင်အောင် ဆရာဝန်တွေ ညွှန်ကြားတဲ့အတိုင်း သေချာသန့်သန့်ရှင်းရှင်းထားဖို့ လိုအပ်ပါတယ်။
    • အနာကို ခြောက်နေအောင်ထားပါ။ ရေမစိုပါစေနဲ့။

    ဒီဖောက်ထုတ်ထားတဲ့ ရိုးတွင်းခြင်ဆီ နမူနာကို ဆရာဝန်တွေကို ဓါတ်ခွဲစမ်းသပ်ပြီးတော့ ရလာတဲ့ အဖြေပေါ်မူတည်ပြီး သင့်တော်တဲ့ ကုသမှုမျိုး ပေးမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ရိုးတွင်းခြင်ဆီ ဖောက်ထုတ်စစ်ဆေးခြင်းနဲ့ ပက်သက်တဲ့ သင်မသိသေးတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement