backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Anti-Dna Antibody Test (ဒီအန်အေ ဆန့်ကျင် အန်တီဘော်ဒီ စစ်ဆေးခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anti-DNA antibody စစ်ဆေးခြင်းဆိုတာ ဘာလဲ။

Anti-DNA antibody စစ်ဆေးခြင်းသည် systemic lupus erythematosus (SLE) ကို ရောဂါ အမည်တပ်ရန် အသုံးဝင်၏။ antibodies များကို SLE လူနာ ၆၅ မှ ၈၀ ရာခိုင်နှုန်းတွင် တွေ့ရပြီး တခြားသော ရောဂါများတွင် မတွေ့ရသလောက် ရှား၏။ systemic lupus erythematosus ၏ လက္ခဏာများမှာ antibody ပမာဏ များခြင်းပင် ဖြစ်သည်။ သို့သော် antibody ပမာဏသည် သာမန် (သို့) နည်းပါးနေပါက သင့်၌ systemic lupus erythematosus မရှိဟု မဆိုလိုပါ။ အဘယ့်ကြောင့်ဆိုသော် ကိုယ်ခံအားမှ ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်သော တခြား ရောဂါများသည်လည်း antibody ပမာဏကို သာမန် သို့ နည်းပါးစေနိုင်ပါသည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Anti-DNA antibody စစ်ဆေးခြင်းကို ဘာကြောင့် လုပ်ရသလဲ

သင်၏ ဆရာဝန်က သင့်၌ lupus နှင့်ဆက်နွှယ်သော လက္ခဏာများ (သို့) သင့်၌ ANA စစ်ဆေးမှု အဖြေ positive ထွက်လျှင် ဒီစစ်ဆေးမှုကို လုပ်ပါလိမ့်မည်။ အောက်တွင် SLE ၏ လက္ခဏာ တချို့ကို ဖော်ပြထားပါသည်။

  • ကြွက်သားများ နာကျင်ခြင်း
  • အလယ်အလတ် ဖျားခြင်း
  • မောပန်းလွယ်ခြင်း
  • ဆံပင်ကျွတ်ခြင်းနှင့် ကိုယ်အလေးချိန် ကျခြင်း
  • အရေပြားသည် အလင်းထိ မခံနိုင်ခြင်း
  • အဆစ်ရောင်သကဲ့သို့ အဆစ်များနာခြင်း။ ထိခိုက်မှုမရှိဘဲ အဆစ်များနာခြင်း
  • လက်နှင့်ခြေများတွင် ထုံခြင်း ကျဉ်ခြင်း

ဤစစ်ဆေးမှုအား ပြင်းထန်သည့် lupus ရောဂါ၏ lupus ထကြွခြင်း အခြေအနေကို သိနိုင်၊ စောင့်ကြည့်နိုင်ဖို့လည်း အသုံးပြုနိုင်ပါသည်။

Anti-DNA antibody မစစ်ဆေးခင် ဘာတွေ သိထားရမလဲ

ရလဒ်ကို ထိခိုက်စေနိုင်သည့် အောက်ပါအချက်များကို သိထားသင့်သည်။

  • Radioactive imaging လို စစ်ဆေးမှုမျိုးကို ယခု စစ်ဆေးမှု မတိုင်ခင် တစ်ပတ်အတွင်း လုပ်ထားပါက ရလဒ်အပေါ် သက်ရောက်မှု ရှိနိုင်သည်။
  • Anti-DNA antibodies ပမာဏကို များစေနိုင်သည့် ဆေးများ ရလဒ်အဖြေကို မှားဆေးနိုင်သည့် ဆေးများတွင် hydralazine and procainamide တို့ ပါဝင်၏။
  • နာတာရှည် အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနှင့် သည်းခြေအိတ်တွင် စီးဆင်းမှု နှေးသောကြောင့် mononucleosis ကူးစက်မှု ဖြစ်ခြင်းတို့တွင်လည်း တစ်ခါတလေ ရလဒ်သည် positive ဖြစ်နေတတ်ပါသည်။

ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူးသတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကြိုတင်ပြင်ဆင်ခြင်း

Anti-DNA antibody မစစ်ဆေးခင် ဘာတွေ ပြင်ဆင်ထားရမလဲ

ဆရာဝန်က သင့်အား စစ်ဆေးမှု အကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။ မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ထားရမည်များ မရှိပါ။ သွေးမဖောက်ခင် အစာ မစားရန်လည်း မလိုအပ်ပါ။

လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တို အင်္ကျီကို ဝတ်ဆင်သင့်သည်။

စမ်းသပ် စစ်ဆေးခြင်း

Anti-DNA antibody စစ်ဆေးနေစဉ် ဘာတွေ ဖြစ်နိုင်မလဲ

  • သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
  • အပ်ထိုးသည့်နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့် ပိုးသတ်ခြင်း
  • သွေးပြန်ကြောထဲသို့ အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထက်ပိုပြီး စိုက်ပါလိမ့်မည်။
  • ပိုက်နှင့်သွေးကို ယူခြင်း
  • လိုအပ်သည့် ပမာဏရပါက လက်မောင်းတွင် ပတ်ထားသည့် တိပ်များကို ဖယ်ခြင်း
  • အပ်စိုက်ရာတွင် ပတ်တီး (သို့) ဂွမ်းဖြင့်ဖိခြင်း
  • Urgo ဆေးများသုံးခြင်း
  • ဆရာဝန်သည် သွေးအား အနီရောင်အဖုံးနှင့် ပြွန်တွင် စုယူပါလိမ့်မည်။

    Anti-DNA antibody test စစ်ဆေးပြီးနောက် ဘာတွေ ဖြစ်နိုင်မလဲ

    ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန်အတွက် သွေးယူမည်ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှု လယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။

    သွေးထုတ်ယူပြီးနောက် ပတ်တီးစကို သုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။

    သွေးဓါတ် မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    အဖြေကိုသိရှိခြင်း

    သင်ရဲ့ ရလဒ်က ဘာအဓိပ္ပါယ်လဲ

    ပုံမှန်တန်ဖိုး – Negative: <5 international units / mL

    ပုံမှန်မဟုတ်သော တန်ဖိုး – Neutral 5-9 international units / mL;

    Positive – ≥10 international units / mL

    ပမာဏများလျှင် အောက်ပါတို့ ဖြစ်နိုင်၏။

    • Circuit collagen disease (eg, systemic lupus erythematosus disease)
    • နာတာရှည် အသည်းရောင်ခြင်း
    • Biliary cirrhosis
    • ကူးစက်လွယ်သော mononycleosis

    ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ် မူတည်ပြီး Anti-DNA antibody ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များ ရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement