backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Anion Gap (အန်အိုင်ယွန်းခြားနာချက်)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Anion gap ဆိုတာ ဘာလဲ

Anion gap (AG) သည် ဆဲလ်ပြင်ပပိုင်းရှိ cations နှင့် anions ကြား ခြားနားမှု ဖြစ်သည်။ Anion gap ကို ဓါတ်ခွဲခန်းတွင် တိုင်းတာနိုင်၏။ (ဥပမာ – AG = [Na + + K +] – [Cl- + HCO3-])

ဤတွက်ချက်မှုများသည် ဆရာဝန်အား သင့် ကူးစက်ရောဂါ၏ အကြောင်းရင်းကို သတ်မှတ်နိုင်ဖို့ ကူညီသည်။ ဥပမာ Lactic acid များ စုပုံလာခြင်းကြောင့် ဖြစ်သော metabolic acidosis (သွေးအထွက်လွန်ခြင်း သို့မဟုတ် အသက်ရှု ခက်ခြင်းတို့ကြောင့် ဖြစ်သော သွေးလန့်ခြင်း၏ နောက်ဆက်တွဲ ပြဿနာ) သို့မဟုတ် သွေးတွင်း၌ ketones များ စုပုံလာခြင်းကြောင့် ဖြစ်ခြင်း (ဆီးချို၏ နောက်ဆက်တွဲ)။ ဤစစ်ဆေးချက်သည် ၎င်းတို့အား ဓါတ်ပြယ်စေနိုင်ပြီး သွေးတွင်းမှ pH ကို ထိန်းပေးနိုင်သည့် bicarbonate ပမာဏကို ပြသနိုင်ပါသည်။

အခြေခံအကြောင်းရင်းကို သိရှိခြင်း

Anion gap ကို ဘာလို့လုပ်ရသလဲ

Anion gap ကို တွက်ချက်ခြင်းဖြင့် သွေးတွင်း alkali သို့မဟုတ် acidosis နှင့်ဆိုင်သည့် ရောဂါများရှိသော လူနာများကို စစ်ဆေးနိုင်၏။ ဤစစ်ဆေးချက်ကို disturbances များကို ဖြစ်စေသည့် အကြောင်းရင်းကို ဆုံးဖြတ်နိုင်ပြီး acid အခြေခံသည့် ရောဂါများကို ကုသခြင်းအား လေ့လာစောင့်ကြည့်နိုင်ရန် အတွက်လည်း သုံးနိုင်သည်။ ဆရာဝန်များသည် ဒီစစ်ဆေးချက်ကို သုံးပြီး အောက်ပါရောဂါများကို ရှာဖွေနိုင်သည်။

  • ဆီးချိုကြောင့်ဖြစ်သော DKA
  • Salicylic acid အဆိပ်သင့်ခြင်း
  • သွေးအထွက်များခြင်း သို့မဟုတ် အသက်ရှုရ ခက်ခြင်းတို့ကြောင့် ဖြစ်သော Lactic acid များ စုပုံခြင်း
  • ကျောက်ကပ် မကောင်းခြင်း
  • အန်ခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းမှ ions များ ဆုံးရှုံးခြင်း ရေဓါတ်ဆုံးရှုံးခြင်း သို့မဟုတ် ချွေးထွက်လွန်ခြင်း
  • ကျောက်ကပ်မှ ရေနှင့် ions များကို ယူထားခြင်း

Anion gap မစစ်ဆေးခင် ဘာတွေ သိထားရမလဲ

အောက်ပါအချက်များသည် စစ်ဆေးမှု ရလဒ်အပေါ် ထိုခိုက်နိုင်သည်။

  • သွေးတွင်း အဆီဓါတ်များခြင်းသည် ဆိုဒီယမ်ကို လျော့ကျစေပြီး Anion gap ကို သာမန်ထက် ကျသွားစေနိုင်ပါသည်။
  • Anion gap ၏ ပုံမှန်တန်ဖိုးသည် ဓါတ်ခွဲ တစ်ခုနှင့်တစ်ခု မတူပါ။ တစ်ခုစီသည် မတူညီသည့် တိုင်းတာသောနည်းကို သုံးသောကြောင့် ဖြစ်သည်။ ပုံမှန်အားဖြင့် ဓါတ်ခွဲခန်းများသည် ရလဒ်အဖြေများနှင့် တွဲ၍ ပုံမှန်တန်ဖိုးများကို ထုတ်ပေးပါသည်။
  • carbon anhydrase inhibitors, ethanol, methanol, and salicylate လို ဆေးများသည် Anion gap ကို များစေသည်။
  • Anion gap reliever များတွင် acetazolamide, lithium, spironolactone, and sulindac တို့ ပါဝင်၏။

ဤစမ်းသပ်ချက်အား မလုပ်ခင် သတိပေးချက်များ အထူး သတိပြုရမည်များကို နားလည်ထားရန် အရေးကြီး၏။ မေးခွန်းများရှိလျှင် ညွှန်ကြားချက်များ ထပ်သိလိုသည်များရှိလျှင် သင်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ကြိုတင်ပြင်ဆင်ခြင်း

Anion gap မစစ်ဆေးခင် ဘာတွေ ပြင်ဆင်ထားရမလဲ

ဆရာဝန်က သင့်အား စစ်ဆေးမှုအကြောင်းကို ရှင်းပြပါလိမ့်မည်။ ဤစစ်ဆေးမှုသည် သွေးစစ်ရုံသာ ဖြစ်သည်။ မစစ်ဆေးခင် အထူးတလည် ပြင်ဆင်ထားရမည်များ မရှိပါ။ သွေးမဖောက်ခင် အစာမစားရန်လည်း မလိုအပ်ပါ။

လက်ဖျံမှသွေးကို သူနာပြုများ အလွယ်တကူ ထုတ်ယူနိုင်ရန် လက်တိုအင်္ကျီကို ဝတ်ဆင်သင့်သည်။

စမ်းသပ် စစ်ဆေးခြင်း

Anion gap စစ်ဆေးနေစဉ် ဘာတွေ ဖြစ်နိုင်မလဲ

စစ်ဆေးမှု အထမြောက်စေရန် ဆရာဝန်သည် အောက်ပါတို့ကို ဆောင်ရွက်နိုင်ပါသည်။

  • သွေးတိတ်စေရန် လက်မောင်းတွင် ပတ်တီးစည်းခြင်း
  • အပ်ထိုးသည့် နေရာတွင် ပိုးမဝင်စေရန် အရက်ပြန်နှင့် ပိုးသတ်ခြင်း
  • သွေးပြန်ကြောထဲသို့ အပ်စိုက်ခြင်း။ လိုအပ်လျှင် တစ်ခါထက်ပိုပြီး စိုက်ပါလိမ့်မည်။
  • ပိုက်နှင့် သွေးကိုယူခြင်း
  • လိုအပ်သည့် ပမာဏရပါက လက်မောင်းတွင် ပတ်ထားသည့် တိပ်များကိုဖယ်ခြင်း
  • အပ်စိုက်ရာတွင် ပတ်တီး (သို့) ဂွမ်းဖြင့်ဖိခြင်း
  • Urgo ဆေးများသုံးခြင်း

Anion gap စစ်ဆေးပြီးနောက် ဘာတွေ ဖြစ်မလဲ

ဆရာဝန် (သို့) သူနာပြုများသည် စစ်ဆေးရန် သွေးယူမည် ဖြစ်သည်။ ယေဘုယျအားဖြင့် သင်၏ နာကျင်မှုလယ်ဗယ်သည် သူနာပြု၏ ကျွမ်းကျင်မှု၊ သွေးပြန်ကြော၏ အခြေအနေနှင့် သင်၏ နာကျင်မှုကို ခံစားနိုင်စွမ်းပေါ်တွင် မူတည်ပါသည်။

သွေးထုတ်ယူပြီးနောက် ပတ်တီးစကိုသုံးပြီး အပ်စိုက်သည့် နေရာကို ဖိကာ သွေးတိတ်အောင် လုပ်နိုင်ပါသည်။ စစ်ဆေးပြီးနောက် နဂိုအလုပ်များကို ဆက်လုပ်နိုင်ပါသည်။

သွေးဓါတ်မတည့်မှု စစ်ဆေးခြင်းအကြောင်း မေးစရာများရှိလျှင် ပိုမိုနားလည်စေရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဖြေကိုသိရှိခြင်း

သင်ရဲ့ရလဒ်က ဘာအဓိပ္ပါယ်လဲ

ပုံမှန်တန်ဖိုး

  • 16 ± 4 mEq / L (တွက်ချက်မှုတွင် ပိုတက်စီယမ်ကို သုံးလျှင်);
  • 12 ± 4 mEq / L (ပိုတက်စီယမ်ကို မသုံးလျှင်)

ပုံမှန်မဟုတ်ဘဲ တိုးနေသောရလဒ်

  • Lactic acidosis
  • ဆီးချိုကြောင့် acidosis ဖြစ်ခြင်းမှ ketones များခြင်း
  • အရက်ကြောင့် Ketone acidosis
  • ကျောက်ကပ် အလုပ် မလုပ်ခြင်း
  • Renal tubular acidosis
  • အစာအိမ်နှင့် အူလမ်းကြောင်းမှ bicarbonate ဆုံးရှုံးမှု ပမာဏများ တိုးလာခြင်း
  • Reduced aldosterone syndrome

ပုံမှန်မဟုတ်ဘဲ နည်းနေသောရလဒ်

  • အစာခြေသော ဓါတုပစ္စည်းများခြင်းကို ထိန်းချုပ်ခြင်း
  • အရိုးတွင် multiple myeloma
  • အလွန်အန်ခြင်း
  • အစာအိမ်ဆေးခြင်း
  • သွေးတွင်းပရိုတင်းများ လျော့ကျခြင်း
  • လစ်သီယမ် အဆိပ်သင့်ခြင်း
  • ဘရိုမင်း အဆိပ်သင့်ခြင်း (grenadine များ)

ဓါတ်ခွဲခန်းနှင့် ဆေးရုံပေါ်မူတည်ပြီး Anion Gap ပုံမှန်တန်ဖိုးသည် တူညီမည် မဟုတ်ပါ။ ရလဒ်နှင့် ပတ်သက်၍ သိလိုသည်များရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement