မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
လက်ချောင်းတွေမှာပေါက်တဲ့ နာကျင်မှုကိုပေးတဲ့ အလွယ်တကူကူးစက်နိုင်တဲ့ အရေပြားရောဂါတစ်ခု ဖြစ်ပါတယ်။ herpes simplex virus ဗိုင်းရပ်စ် ကြောင့် ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးအမျိုးအစား(၁) နဲ့ (၂)နှစ်မျိုးလုံးက ရေယုန်ဖြစ်စေနိုင်ပါတယ်။ သင့်လက်ချောင်းမှာ ထိခိုက်ဒဏ်ရာရသွားတဲ့အချိန် ဗိုင်းရပ်စ်ပါတဲ့ခန္ဓါကိုယ်အရည်တွေနဲ့ ထိတွေ့မိခြင်းကြောင့်ဖြစ်ပါတယ်။
အသက်အရွယ် မရွေး၊ လူမျိုး မရွေး၊ ကျားမ မရွေးဖြစ်နိုင်ပါတယ်။ ကလေးတွေ၊ သွားဘက်ဆိုင်ရာ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေမှာတော့ ပိုတွေ့ရတတ်ပါတယ်။ ပါးစပ်တစ်ဝိုက် ရေယုန်ပိုးကူးခံထားရချိန်မှာ ကလေးက လက်ချောင်းတွေနဲ့လက်မကို စုပ်လိုက်ခြင်းကြောင့် အဓိကဖြစ်နိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေမှာတော့ ရေယုန်ရှိတဲ့လူနာနဲ့ ထိတွေ့နေရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အထက်မှာဖော်ပြခဲ့တာတွေအတွက် အမျိုးအစား(၁)ကြောင့်ဖြစ်ပြီးတော့ ကျန်တဲ့လူတွေမှာတော့ အမျိုးအစား(၂)ကြောင့်ဖြစ်နိုင်ပါတယ်။ ကံကောင်းတာကတော့ ဖြစ်စေနိုင်တဲ့အကြောင်းတွေကို ရှောင်ကြဉ်ခြင်းဖြင့် မဖြစ်အောင် ကာကွယ်နိုင်တာပဲဖြစ်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့သွားပြသင့်ပါတယ်။
ယေဘုယျလက္ခဏာတွေကတော့
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဒီရောဂါဟာ သေသေချာချာ ဆေးကုသမှုခံယူမယ်ဆိုရင် အခြေအနေဆိုးဆိုးဝါးဝါးတော့ မဖြစ်ပါဘူး။ အကယ်၍ သင့်မှာ အောက်ပါအချက်တွေ ရှိနေမယ်ဆိုရင်တော့ အရေးပေါ်ပြသသင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
HSV-1 နဲ့ HSV-2လို့ခေါ်တဲ့ ရေယုန်ဗိုင်းရပ်စ် အမျိုးအစားနှစ်မျိုး ကြောင့် ဖြစ်ပါတယ်။ သင့်ရဲ့ခန္ဓါကိုယ် သို့ အခြားသူတွေရဲ့ ပိုးပါတဲ့ အရည်နဲ့ သင့်ရဲ့ဒဏ်ရာရနေတဲ့လက်နဲ့ ထိတွေ့မိခြင်းကြောင့်ဖြစ်ပါတယ်။ ဥပမာဆိုရင်တော့ သင့် သို့ အခြားသူတစ်ယောက်ရဲ့ HSVဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးစပ် (သို့) မျိုးပွားအင်္ဂါတွေမှာ ပေါက်နေတဲ့အနာကို ထိကိုင်မိခြင်းကြောင့်ဖြစ်ပါတယ်။
အောက်ပါအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
စမ်းသပ်မှုတွေမပြုလုပ်ခင်မှာ သင့်ရဲ့လက္ခဏာနဲ့ပတ်သက်ပြီး သင့်ရဲ့ဆရာဝန်ကမေးပါလိမ့်မယ်။ နှုတ်ခမ်း၊ ပါးစပ်၊ မျိုးပွားအင်္ဂါစသဖြင့် သင့်ရဲ့ခန္ဓါကိုယ်အနှံ့ပေါက်နေတာတွေနဲ့ ပတ်သက်ပြီး ယခင်နဲ့ ယခု အခြေအနေတွေကို မေးပါလိမ့်မယ်။ သင့်ရဲ့အခြေအနေက သိပ်ဆိုးနေပြီး ပြန်ပြန်ဖြစ်နေမယ်ဆိုရင်တော့ သွေးနဲ့အရေပြားစစ်ဆေးဖို့ လိုပါလိမ့်မယ်။ ဒီလိုစစ်ဆေးမှုတွေ လုပ်ခြင်းကြောင့် သင့်ရဲ့အခြေအနေကိုသိနိုင်ပြီး မှန်ကန်တဲ့ကုသမှုကို ရွေးချယ်နိုင်ပါလိမ့်မယ်။
လတ်တလောမှာတော့ ရေယုန်ကိုပျောက်ကင်းအောင် မကုသနိုင်သေးပါဘူး။ ကုသမှုတွေ က အနာသက်သာရုံသာ ဦးတည်ထားပါတယ်။ acyclovir ဆေး 200mg တစ်နေ့၅ကြိမ် (သို့) 400mg တစ်နေ့သုံးကြိမ် ၅ရက်ကနေ တစ်ပတ်အထိသောက်ရနိုင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှုရှိခြင်း၊ အိမ်သာစနစ်တကျသုံးခြင်း၊ လိင်ဆက်ဆံမှုကိုရှောင်ခြင်း၊ အရက်နှင့်ဆေးလိပ်တို့ကိုရှောင်ခြင်း နှင့် ရေနွေးနဲ့ရေချိုးခြင်းတို့က သင့်ကိုအနာအကျက်မြန်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် လက်ရေယုန်နာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျော ညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
အကယ်၍ သင့်မှာ မေးမြန်းလိုသော မေးခွန်းများရှိလျှင် သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိဖို့ ဆရာဝန်နဲ့ ဆက်သွယ်မေးမြန်းပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။