ဝိုင်းလ်ရောဂါဆိုတာ လပ်တိုစပိုင်ရိုးစစ်ရောဂါရဲ့ ပြင်းထန်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ ဘက်တီးရီယားရောဂါတစ်မျိုးပါ။ လပ်တိုစပိုင်ရာ ဘက်တီးရီးယားတွေကြောင့်ဖြစ်ရတာပါ။
ဘက်တီးရီးယားကူစက်ခံထားရသော တိရိစ္ဆာန်တို့၏ သွေး၊ ဆီးနဲ့ တစ်ရှုးတို့ဖြင့် ထိတွေ့မိမယ်ဆိုရင် ထိုရောဂါရရှိလာနိုင်ပါတယ်။ အောက်ပါတိရိစ္ဆာန်များ ဖြစ်နိုင်ပါတယ်။
ရောဂါပိုးကူးစက်ခံထားရတဲ့ ရေ၊မြေတို့ဖြင့် ထိတွေ့မိခြင်းဖြင့်လည်း ရရှိနိုင်ပါတယ်။
လပ်တိုစပိုင်ရိုးစစ်က ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်းလိုမျိုး တုပ်ကွေးအပျော့စားလက္ခဏာတွေနဲ့ ဆင်တူပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကူးစက်သွားမယ်ဆိုရင် ပိုမိုပြင်းထန်တဲ့ ဓါတ်ပြုမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယင်းကိုယ်တွင်းအင်္ဂါတွေက အောက်ပါတို့ဖြစ်ပါတယ်။
သင့်မှာလပ်တိုစပိုင်ရိုးစစ်ရှိတယ်လို့ တွေ့ရှိလာပြီဆိုရင် ဆရာဝန်က ပဋိဇီဝဆေးတွေနဲ့ ကုသပါလိမ့်မယ်။ ဝိုင်းလ်ရောဂါထိဖြစ်သွားပြီဆိုရင်တော့ ပိုမိုစောင့်ရှောက်မှုလိုတဲ့အတွက်ကြောင့် ဆေးရုံတင်ရနိုင်ပါတယ်။
ဒီရောဂါဟာ အတွေ့ရနည်းပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လပ်တိုစပိုင်ရိုးစစ်အပြီး ၁ရက်နေ ၃ရက်အတွင်းမှာ ဝိုင်းလ်ရောဂါရဲ့ လက္ခဏာတွေဖြစ်ပေါ်လာပါတယ်။ ထိခိုက်ခံရတဲ့ ကိုယ်အင်္ဂါတွေပေါ်မူတည်ပြီး ရောဂါလက္ခဏာတွေ ကွဲပြားသွားမှာပါ။
အသည်း၊ ကျောက်ကပ်နဲ့ နှလုံး
အသည်း၊နှလုံးနဲ့ ကျောက်ကပ်တို့မှာ လပ်တိုစပိုင်ရာ ဘက်တီးရီးယား ကူးစက်ခံလာရပြီဆိုရင် အောက်ပါတို့ကို ခံစားရနိုင်ပါတယ်။
ဦးနှောက်
ဦးနှောက် ထိခိုက်ခံရပြီဆိုရင် အောက်ပါတို့ကို ခံစားရနိုင်ပါတယ်။
အဆုတ်
အဆုတ်ထိခိုက်ခံရပြီဆိုရင် အောက်ပါတို့ကို ခံစားရနိုင်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဝိုင်းလ်ရောဂါဟာ လပ်တိုစပိုင်ရာ ဘက်တီးရီးယားတွေကြောင့် ဖြစ်ပွားရတာပါ။ ပိုးဝင်မှုက မပြင်းထန်ဘူးဆိုရင် လပ်တိုစပိုင်ရိုးစစ်လို့ခေါ်နိုင်ပါတယ်။ ပြင်းထန်တဲ့အခြေအနေဖြစ်သွားပြီဆိုရင်တော့ ဝိုင်းလ်ရောဂါလို့ ခေါ်ရပါတော့မယ်။
လပ်တိုစပိုင်ရာ ဘက်တီးရီးယားကို လယ်ယာသုံးတိရိစ္ဆာန်တွေ၊ ခွေးတွေ၊ ကိုက်ဖြတ်တတ်တဲ့သတ္တဝါတွေမှာ တွေ့နိုင်ပါတယ်။
မျက်လုံး၊ ပါးစပ်၊ နှာခေါင်းနဲ့ အရေပြားရှိ ပြတ်ရှရာတို့က အောက်ပါတို့ဖြင့် ထိတွေ့မိလျှင် ဘက်တီးရီးယားကူးစက်ခံရနိုင်ပါတယ်။
ဘက်တီးရီးယားပိုးရှိတဲ့ တိရိစ္ဆာန်ကိုက်ရင်လည်း ထိုရောဂါဖြစ်နိုင်ပါတယ်။
ဝိုင်းလ်ရောဂါနဲ့ လပ်တိုစပိုင်ရိုးစစ်က ကမ္ဘာတစ်ဝန်းလုံးမှာ တွေ့ရသော်လည်း အပူပိုင်းဒေသနဲ့ သမပိုင်းဒေသတွေမှာတော့ ပိုအတွေ့ရများပါတယ်။ ဒါ့အပြင် တိရိစ္ဆာန်၊ တိရိစ္ဆာန်အသားစနဲ့ တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းတို့ဖြင့် ထိတွေ့/အနီးကပ်လုပ်ကိုင်နေရတဲ့သူတွေမှာဆိုရင် ပိုအဖြစ်များပါတယ်။ ဝိုင်းလ်ရောဂါနဲ့ လပ်တိုစပိုင်ရိုးစစ်ကူးစက်ခံရနိုင်ခြေများတဲ့ လူတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။
နောက်ထပ်သိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
ရောဂါအဖြေရှာအတည်ပြုဖို့ မေးမြန်းခြင်းကနေ စပါလိမ့်မယ်။ အောက်ပါတို့ရှိနေပါက ဆရာဝန်အားပြောပြပေးပါ။
ဆရာဝန်က သင့်မှာ လပ်တိုစပိုင်ရိုးစစ်နဲ့ အခြားဘက်တီးရီးယားရောဂါတွေရှိမယ်လို့ သံသယရှိရင် သွေးစစ်ခြင်း သို့မဟုတ် ဆီးစစ်ခြင်း သို့မဟုတ် ၂ခုလုံးလုပ်ခိုင်းပါလိမ့်မယ်။ ဓါတ်ခွဲခန်းက သင့်သွေးကနေ လပ်တိုစပိုင်ရာ ဘက်တီးရီးယားရှိမရှိကို ရှာဖွေပေးနိုင်ပါတယ်။ ပြီးနောက်မှာတော့ ဓါတ်မှန်ရိုက်ခြင်းလိုများ ပုံရိပ်ဖော်စစ်ဆေးခြင်းများနဲ့ အသည်း၊ ကျောကပ်စွမ်းရည်တွေ သိရှိဖို့ နောက်ထပ်သွေးစစ်မှုတွေ ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဘယ်ကိုယ်တွင်းအင်္ဂါထိခိုက်နေတယ်ဆိုတာကို စကင်ဖတ်ခြင်းနဲ့ စစ်ဆေးမှုအချို့က တွေ့ရှိစေနိုင်ပါတယ်။
ဝိုင်းလ်ရောဂါကို ဘယ်လိုကုသလဲ။
ဝိုင်းလ်ရောဂါကို စစ်ဆေးတွေ့ရှိမယ်ဆိုရင် ဆေးရုံးတက်ရပါမယ်။ ဆေးရုံမှာ ပဋိဇီဝဆေးတွေကို အကြောထဲကနေ ထိုးသွင်းပေးပါလိမ့်မယ်။ ထိုသို့ပြုလုပ်ခြင်းက ဘက်တီးရီးယားပိုးကို အမြစ်ဖြတ်ပေးနိုင်ပါတယ်။ ပန်နီဆလင်နဲ့ ဒေါက်ရှီဆိုက်ကလင်းက သင့်တော်တဲ့ပဋီဇီဝဆေးတွေဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေ၊ ထိခိုက်ခံရတဲ့ ကိုယ်တွင်းအင်္ဂါတွေပေါ်မှာ မူတည်ပြီး ကုသမှုအသစ်တွေ ထပ်တိုးလာနိုင်ပါတယ်။ ဥပမာ အသက်ရှုရခက်နေရင် အသက်ရှုစက်တပ်ထားပေးပါလိမ့်မယ်။ ကျောက်ကပ်ပိုးဝင်ပြီး ပျက်စီးသွားမယ်ဆိုရင် ကျောက်ကပ်ဆေးခြင်းတွေ ပြုလုပ်ရနိုင်ပါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဝိုင်းလ်ရောဂါကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
သိပ္ပံပညာရှင်တွေက လပ်တိုစပိုင်ရိုးစစ်ကို ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးကို တွေ့ရှိသွားပါပြီ။ အပြည့်အဝတော့ မကာကွယ်ပေးနိုင်ပါဘူး။ ကာကွယ်ဆေးတွေကို ကျူးဘားနဲ့ ပြင်သစ်တို့လိုမျိုး နိုင်ငံအချို့မှာသာရပါသေးတယ်။ ထိုဆေးတွေက လပ်တိုစပိုင်ရာ ဘက်တီးရီးယားအချို့ကိုသာ ကာကွယ်ပေးနိုင်ပြီး တစ်သက်စာ ကိုယ်ခံအားလည်း မပေးစွမ်းနိုင်ပါဘူး။
တိရိစ္ဆာန်နဲ့ တိရိစ္ဆာန်ထွက် ပစ္စည်းတို့ဖြင့် အလုပ်လုပ်နေတယ်ဆိုရင် အကာအကွယ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို လျော့ချပေးပါတယ်။
ထိုဘက်တီးရီးယား မပြန့်ပွားရအောင် သန့်ရှင်းမှုနဲ့ ကြွက်နှိမ်နင်းရေးတို့ကို ပြုလုပ်ရပါမယ်။ ကိုက်ဖြတ်သတ္တဝါငယ်လေးတွေက ထိုရောဂါရဲ့ အဓိကသယ်ဆောင်သူတွေပါ။
ရေသေတွေ၊ လယ်တောနဲ့ ရေမြောင်းတို့မှရေကို ရှောင်ကျဉ်ပါ။ အစားအစာ၊ အစားအသောက်စွန့်ပစ်ပစ္စည်းတွေနဲ့ တိရိစ္ဆာန်များဖြင့် ထိတွေ့မှုအား လျော့ချပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။