မိန်းမကိုယ်ခြောက်သွေ့တယ်ဆိုတာ အထူးသဖြင့်သွေးဆုံးပြီးတဲ့အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပေမဲ့ အသက်အရွယ်မရွေးကြုံတွေ့ရနိုင်ပါတယ်။ သွေးဆုံးတဲ့အခါမှာ အမျိုးသမီးတွေခန္ဓါကိုယ်က အီစရိုဂျင်ဟော်မုန်းထုတ်လုပ်မှုတဖြည်းဖြည်းနည်းသွားပြီး ရပ်တန့်သွားလေ့ရှိတယ်။ ဒီလိုဖြစ်သွားတဲ့အခါမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြောင်းလဲမှုတွေဖြစ်ပေါ်လာလေ့ရှိတယ်။ ဥပမာအားဖြင့် ရာသီလာတာမမှန်တော့ဘူး၊ နောက်ပိုင်းလုံးဝရပ်သွားမယ်၊ စိတ်အပြောင်းအလဲမြန်မယ် မျက်နှာနီမြန်းမယ်၊ အသံသြလာမယ်၊ နောက်ပြီး မျက်နှာမှာ အမွှေးအမျှင်တွေထူလာမယ်။ မိန်းမကိုယ်ခြောက်သွေ့တယ်ဆိုတာလည်း သွေးဆုံးတဲ့လက္ခဏာတစ်ခုထဲပါဝင်ပြီး အမျိုးသမီး ၃ယောက်မှာ တစ်ယောက်တော့ကြုံရလေ့ရှိပါတယ်။ ဒီလိုဖြစ်တာဘာမှမဟုတ်ဘူးလို့ထင်ရနိုင်ပေမဲ့ မိန်းမကိုယ်မှာရှိသင့်တဲ့စိုထိုင်းမှုမရှိပဲ ခြောက်သွေ့နေတာက အမျိုးသမီးတစ်ယောက်ရဲ့ လိင်စိတ်ကိုအများကြီးသက်ရောက်မှုဖြစ်စေပါတယ်။ ကံကောင်းတာက ဒီလိုမိန်းမကိုယခြောက်သွေ့တာကို ကုသဖို့နည်းလမ်းတချို့ ပေါ်နေပါပြီ။
မိန်းမကိုယ်ခြောက်သွေ့ခြင်းကိုအမျိုးသမီးတော်တော်များများတွေ့ကြုံရလေ့ရှိပါတယ်။ နောက်ထပ်သိရှိလိုတာများအတွက် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပေးပါ။
တစ်ချို့အမျိုးသမီးတွေက မိန်းမကိုယ်ခြောက်သွေ့တာကို လိင်ဆက်ဆံတဲ့အခါမှကြုံတွေ့ရလေ့ရှိပေမဲ့ တစ်ချို့ကျတော့လည်း အမြဲတမ်းတွေ့ကြုံနေရာတာမျိုးလည်းရှိပါတယ်။
မိန်းမကိုယ်ခြောက်သွေ့တာကြောင့် အောက်ပါပြဿနာတွေဖြစ်ပေါ်နိုင်ပါတယ်:
အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်း ရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး သိချင်တာတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပေးပါ။
သင့်မှာအောက်ဖော်ပြပါအချက်အလက်တွေထဲက တစ်ခုခုရှိခဲ့ရင် သင့်ဆရာဝန်နဲ့ဆက်သွယ်သင့်ပါတယ်:
ညဖက်မှာချွေးသီးချွေးပေါက်တွေကျမယ်၊ မျက်နှာနီမြန်းမယ်။
မိန်းမကိုယ်ခြောက်သွေ့တာကိုပိုဖြစ်စေတဲ့ အချက်တွေအများကြီးရှိပါတယ်၊ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
မိန်းမကိုယ်မှာ ယားယံတာ၊ မသက်မသာခံစားရတာတွေရှိရင် သင့်သက်ဆိုင်ရာဆရာဝန် ဒါမှမဟုတ် သားဖွားမီးယပ်အထူးကုနဲ့တိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်ကသင့်ကျန်းမာရေးရာဇဝင်ကိုသေချာမေးမြန်းပြီး သင်ဒီလက္ခဏာတွေခံစားနေရတာဘယ်လောက်ကြာပြီလဲ၊ ပိုဆိုးစေတဲ့တခြားကိစ္စတွေလုပ်ခဲ့သေးလား ဥပမာ မိန်းမကိုယ်ထဲနှိုတ်ဆေးတာ၊ ဆေးတွေစွဲသောက်နေတာ အစရှိတာတွေကိုမေးမြန်းပါမယ်။ နောက်ပြီး ဆရာဝန်ကသင့်မိန်းမကိုယ်ထဲမှာ ရောင်ရမ်းတာ၊ ပါးလွှာနေတာမျိုးရှိမရှိစစ်ဆေးပါမယ်။ ဒီလိုစစ်ဆေးလိုက်ခြင်းဖြင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟုတ်မဟုတ်ကိုပါ တစ်ခါတည်းဖယ်ထုတ်ပြီးသားဖြစ်သွားပါတယ်။
ပြီးရင်ဆရာဝန်ကဓါတ်ခွဲစမ်းသပ်ဖို့အတွက်သင့်မိန်းမကိုယ်လမ်းကြောင်းထဲကနေ နမူနာအနည်းငယ်ယူမှာဖြစ်ပါတယ်။
အီစထရိုဂျင်ဟော်မုန်းနည်းလို့ဖြစ်တဲ့ မိန်းမကိုယ်ခြောက်သွေ့ခြင်းအတွက်ဆို အများအားဖြင့်တော့ အီစထရိုဂျင်လိမ်းဆေးပေးလေ့ရှိပါတယ်။ ဒီလိုပေးလိုက်ခြင်းကြောင့် ခန္ဓါကိုယ်ကထပ်မထုတ်နိုင်တော့တဲ့ဟော်မုန်းတွေပြန်လည်ရရှိနိုင်ပါတယ်။ ဒီနည်းက ရောဂါလက္ခဏာတွေကိုသက်သာစေပေမဲ့ ဟော်မုန်းပါတဲ့ဆေးတွေသောက်တာလောက်တော့ သွေးထဲကိုအီစထရိုဂျင်ပမာဏပြန်ရောက်မှာမဟုတ်ပါဘူး။ အမျိုးသမီးအများစုက မိန်းမကိုယ်ထဲဟော်မုန်းထည့်ဖို့ကုသနည်း၃မျိုးသုံးလေ့ရှိပါတယ်
မိန်းမကိုယ်လိမ်းဆေး – တစ်ခါသုံးလက်အိပ်သုံးပြီး ဒီခရမ်ကို ၁ပတ်ကနေ ၂ပတ်အထိနေ့စဉ်လိမ်းပေးရမယ်။ နောက်ပိုင်းဆိုရင်တော့ဆရာဝန်ညွှန်ကြားမှုပေါ်မူတည်ပြီး တစ်ပတ်ကို၁ကြိမ်မှ ၃ကြိမ်အထိလျော့သွားလို့ရတယ်။
အောက်ဖော်ပြပါလူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သင့်အနေဖြင့် မိန်းမကိုယ်ခြောက်သွေ့ခြင်းကို ကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
မိန်းမကိုယ်ကို ဆပ်ပြာနဲ့နှိုတ်ဆေးတာ၊ အရမ်းမွှေးတဲ့အဆီတွေနဲ့ဆေးတာ၊ မိန်းမကိုယ်တစ်ဝိုက်ကို လိုးရှင်းလူးတာတွေရှောင်ပါ။ ဒီလိုအရာတွေက မိန်းမကိုယ်ခြောက်သွေ့ခြင်းကို ပိုဆိုးစေနိုင်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။