မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်းဆိုသည် မှာ ယားယံခြင်း သို့မဟုတ် နာကျင်ခြင်း နှင့်အတူ သမရိုးကျမဟုတ်သော အနံ့ သို့မဟုတ် အသွင်အပြင်ရှိ သော အရည်များ ဖြစ်ပေါ်ခြင်းကို ခေါ်ပါသည်။ ထိုအရာများသည် သင့်ခန္ဓါကိုယ်တွင် တစ်စုံတစ်ခု မှားနေသည်ဟု ဖော်ပြပါ သည်။ မိန်းမကိုယ် အရည်ဆင်းခြင်းတွင် အရည်နှင့် မိန်းမ ကိုယ်တစ်လျှောက် ကြွေဆင်းလာသော ဆဲလ်များ ပါဝင်သည်။ ၎င်းသည် အမျိုးသမီး မျိုးပွားစနစ်တွင် အရေး ကြီးသော ထိန်းသိမ်းမှုလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ မိန်းမကိုယ် အား သန့်ရှင်စေပြီး ရောဂါပိုးကူးစက်မှုမှ ကာကွယ်ပေးသည်။ မိန်းမကိုယ်မှ ပုံမှမဟုတ်သော အရည်ဆင်းခြင်း ဖြစ်ပါက သင် သည် မသက်မသာ ခံစားရနိုင်သည်။
ဤကျန်းမာရေး အခြေအနေသည် အဖြစ်များပါသည်။ မည်သည့် အသက်အရွယ်တွင် မဆို ဖြစ်နိုင်သော်လည်း ပျိုဖော်ဝင်ချိန် မရောက်သေးသော အမျိုးသမီးငယ်များနှင့် အသက်ကြီး သော အမျိုးသမီးများတွင် ဖြစ်လေ့မရှိပါ။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ထိန်းချုပ် နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။
မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း၏ အဖြစ်များသော ရောဂါလက္ခဏာများမှာ
အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။
အောက်ပါတို့ ဖြစ်ပေါ်ပါက ဆရာဝန်နှင့် သွားရောက် ပြသ ပါ။
မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း သည် အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်သည်။ သို့သော် အဖြစ် အများဆုံးမှာ မိန်းမကိုယ်ရှိ ဘတ်တီးရီးယား သို့မဟုတ် မှို များ၏ သဘာဝမျှချေကို ပျက်စီးစေသော ရောဂါပိုးကူစက်မှု ကြောင့် ဖြစ်သည်။ လိင်ပိုင်းဆိုင်ရာအားဖြင့် ကူးစက်နိုင် သည်။
မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်းကို ဖြစ်စေနိုင်သော အခြားအကြောင်းရင်းများမှာ
သင့်တွင်အောက်ပါတို့ရှိပါက မိန်းမကိုယ်မှ ပုံမှန်မဟုတ် သော အရည်ဆင်းခြင်း ဖြစ်နိုင်သည်။
မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း ဖြစ်နိုင် ချေကို မြင့်စေသော အချက်များစွာ ရှိပါသည်။ ဥပမာ-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
ဆရာဝန်သည် ဆေးမှတ်တမ်းယူခြင်းနှင့် ရောဂါလက္ခဏာ များအကြောင်း မေးခြင်းဖြင့် မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်းကို ခွဲခြားဆုံးဖြတ်နိုင်ပါသည်။ ပုံမှန်မဟုတ် သော အရည်ဆင်းခြင်း စတင်သော အချိန်၊ အရည်၏ အရောင်၊ အနံ့ရှိသလား၊ မိန်းမကိုယ် ဝန်းကျင်တွင် ယားယံခြင်း၊ နာကျင်ခြင်း၊ ပူလောင်ခြင်း ရှိသလား မေးမြန်း ပါလိမ့်မည်။ သင့်တွင် လိင်ဆက်ဆံဖော် တစ်ယောက်ထက် ပိုသလား၊ ကိုယ်အင်္ဂါအစိတ်အပိုင်းထဲသို့ ဆေးခြင်း လုပ်ဖူး သလား မေးပါလိမ့်မည်။
ရောဂါစစ်ဆေးမှုကို သေချာစေရန် အရည် နမူနာ ယူပြီး သို့မဟုတ် သားအိမ်ခေါင်းမှ ဆဲလ်များကို Pap test ဖြင့် ယူပြီး နောက်ထပ် စစ်ဆေးမှုများ ပြုလုပ်နိုင်သည်။
ဆရာဝန်သည် မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း၏ အကြောင်းရင်းကို ရှာဖွေပြီး ကုသမည့် နည်းလမ်းကို ရွေးချယ်နိုင်သည်။ မှိုကူးစက်မှုကြောင့် ဖြစ်ပါက မှိုပျောက်ဆေး ခရမ်ကို မိန်းမကိုယ်တွင် လိမ်းခြင်း ပြုလုပ်နိုင် သည်။ ဘတ်တီးရီးယားကြောင့် ဖြစ်ပွားပါက ပဋိဇီဝဆေး သောက်ဆေး လိမ်းဆေး များဖြင့် ကုသနိုင်သည်။ trichomona ကပ်ပါးကူးစက်ခြင်းအတွက် metronidazole သို့မဟုတ် tinidazole ဆေးများ သုံးနိုင်သည်။
ပုံမှန်မဟုတ်သော ရောဂါပိုး ပေါက်ပွားမှု မရှိပါက ဓါတ်မတည့်မှုကြောင့် မိန်းမကိုယ်ရောင်ခြင်း ဖြစ်နိုင်သည်။ သံသယရှိသော ဓါတ်မတည့်သည့်အရာကို ရှောင်ပါ။ ရောဂါ လက္ခဏာများ သက်သာစေရန် ခရမ်လိမ်းနိုင်သည်။
အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း ကို ထိန်းချုပ်နိုင် ပါသည်။
အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် အကောင်းဆုံး အဖြေရရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။