backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Throat Cancer ( လည်ချောင်းကင်ဆာ )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 13/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Throat Cancer ( လည်ချောင်းကင်ဆာ )

လည်ချောင်းကင်ဆာ က အမျိုးသားမှာရော အမျိုးသမီးမှာပါ ဖြစ်နိုင်တဲ့ ကင်ဆာတစ်ခုပါ။ လည်ချောင်းကင်ဆာရဲ့ လက္ခဏာတွေကို သိရှိထားခြင်းက စောစောစီးစီး ကုသနိုင်စေဖို့  အထောက်အကူ ဖြစ်မှာပါ။

Throat Cancer ( လည်ချောင်းကင်ဆာ ) ကဘာလဲ။

အသံအိုး၊ အသံကြိုးအစရှိတဲ့ လည်ပင်းမှာရှိတဲ့ အစိတ်အပိုင်းများမှာဖြစ်တဲ့ ကင်ဆာတွေကို လည်ချောင်းကင်ဆာလို့ သတ်မှတ်ပါတယ်။ လည်ချောင်းကင်ဆာကို အပိုင်းနှစ်ပိုင်း ခွဲထားပါတယ်။ နှာခေါင်း၊ ခံတွင်းအနောက်မှာဖြစ်တဲ့ ကင်ဆာ (Pharynx) နဲ့ လည်မျို၊ အသံအိုး၊ အသံကြိုးများ ပါဝင်သော အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာ ဖြစ်တဲ့ကင်ဆာ (larynx) ရယ်လို့ ဖြစ်ပါတယ်။

လည်ချောင်းကင်ဆာ က ဘယ်လောက်အဖြစ်များသလဲ

လည်ချောင်းကင်ဆာဟာ အခြားသောကင်ဆာတွေလောက် အဖြစ်မများပေမဲ့လည်း အတွေ့ရများတတ်ပါတယ်။ အမျိုးသားတွေမှာ ပိုတွေ့ရတတ်ပါတယ်။ အရွယ်ရောက်ပြီးသူ ၁.၁ ရာခိုင်နှုန်းမှာ နှာခေါင်းနှင့် ခံတွင်းအနောက်မှာဖြစ်တဲ့ Pharynx ကင်ဆာနဲ့ ဝ.၄ ရာခိုင်နှုန်း မှာ လည်မျို၊ အသံအိုး၊ အသံကြိုးများပါဝင်သော အသက်ရှူလမ်းကြောင်း အထက်ပိုင်းမှာဖြစ်တဲ့ကင်ဆာ Larynx ကင်ဆာဖြစ်နေကြောင်း သိရပါတယ်။

လည်ချောင်းကင်ဆာ ရဲ့ လက္ခဏာတွေကဘာတွေလဲ

အစောပိုင်းအဆင့်မှာ လက္ခဏာ မသိသာတာကြောင့် လည်ချောင်းကင်ဆာ ဖြစ်နေကြောင်း သိနိုင်ခြေနည်းပါတယ်။ တွေ့ရများတဲ့လက္ခဏာတွေကတော့

  • အသံဝင်၊ အသံကွဲအက်၊ စကားပီပီသသ မပြောနိုင်ခြင်း
  • အစာမျိုချရခက်ခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
  • နာတာရှည် လည်ချောင်းနာခြင်း
  • လည်ချောင်းခဏခဏရှင်းရခြင်း
  • နာတာရှည်ချောင်းဆိုးခြင်း (သွေးပါခြင်း)
  • လည်ပင်း ပြန်ရည်ကျိတ်များရောင်ခြင်း
  • နားအူခြင်း
  • နားကိုက်ခြင်း
  • ဒီအပြင် အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေလည်း တွေ့ရနိုင်ပါသေးတယ်။

    • အစာမျိုချရခက်ခြင်း
    • မျက်နှာ လည်ပင်း ပုံစံပျက်ခြင်း
    • စကားမပြောနိုင်ခြင်း
    • အသက်ရှူရခက်ခြင်း
    • လည်ပင်းအရေပြားများ တင်းနေခြင်း

    အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    လက္ခဏာအသစ်တွေ တောက်လျှောက်အကြာကြီး ခံစားနေရမယ်ဆိုရင် ဒါမှမဟုတ် အထက်ပါအချက်ထဲက လက္ခဏာတစ်ခုခုကို နှစ်ပတ်ထက်ပိုကြာကြာ ခံစားနေရမယ်ဆိုရင် သွားပြသင့်ပါတယ်။

    လည်ချောင်းကင်ဆာကို ဘာတွေက ဖြစ်စေသလဲ

    အကြောင်းရင်းကို တိတိကျကျမပြောနိုင်ပေမဲ့ မျိုးရိုးဗီဇဆိုင်ရာ မူမမှန်ပြောင်းလဲမှုတွေကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားလာပြီး ခန္ဓာကိုယ်အနှံ့ပြန့်ပွားသွားတာ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ Human papilloma virus ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း၊ ကျောက်ဂွမ်းကဲ့သို့သော အဆိပ်များနဲ့ ထိတွေ့နေရခြင်း၊ အရက်အလွန်အကျွံ သောက်ခြင်းတွေကလည်း မျိုးရိုးဗီဇဆိုင်ရာ မူမမှန်ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။

    လည်ချောင်းကင်ဆာဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    အောက်ဖော်ပြပါ နေထိုင်မှုပုံစံတွေကြောင့် လည်ချောင်းကင်ဆာ ဖြစ်နိုင်ခြေများစေနိုင်ပါတယ်။

    လည်ချောင်းကင်ဆာကို ဘယ်လိုအတည်ပြုပါသလဲ

    ရောဂါရှာဖွေဖို့ ဆရာဝန်က သင့်ရဲ့ ရောဂါလက္ခဏာတွေနဲ့ ကျန်းမာရေးအခြေအနေမှတ်တမ်းကို သိဖို့လိုပါလိမ့်မယ်။ သင့်မှာ လည်ချောင်းနာခြင်း၊ အသံဝင်ခြင်း၊ နာတာရှည်ချောင်းဆိုးခြင်းတွေရှိနေမယ်ဆိုရင် လည်ချောင်းကင်ဆာ ဖြစ်နိုင်ချေရှိပါတယ်။

    လည်ချောင်းအတွင်းကြည့်မှန်ပြောင်း တပ်ထားတဲ့ ရှည်လျား၊ ပျော့ပျောင်းတဲ့ပိုက်ကို လည်ချောင်းထဲ ထည့်ကြည့်ခြင်းဖြင့် ပုံမှန်မဟုတ်တဲ့အရာတွေကို တွေ့နိုင်ပါတယ်။ လည်ချောင်းအသားစကိုလည်း ထုတ်ယူစမ်းသပ်နိုင်ပါတယ်။ တကယ်လို့ ကင်ဆာဆဲလ်တွေ တွေ့ခဲ့မယ်ဆိုရင် ကင်ဆာအဆင့်ကို သိနိုင်ဖို့ထပ်ပြီး စစ်ဆေးမှုတွေလုပ်ဖို့ လိုပါလိမ့်မယ်။ အဆင့်သတ်မှတ်ချက်တွေကတော့

    အဆင့် ဝ– ကင်ဆာအကျိတ်တွေဟာ လည်ချောင်းရဲ့ အပေါ်ယံအလွှာမှာပဲ ရှိပါသေးတယ်

    အဆင့် ၁-ကင်ဆာအကျိတ်တွေဟာ လည်ချောင်းအပြင် အခြားနေရာတွေကို ပျံ့နှံ့ခြင်းမရှိသေးပါဘူး

    အဆင့် ၂– ကင်ဆာကျိတ်က အနီးအနားတစ်ရှူးတွေကို ပျံ့သွားပါပြီ

    အဆင့်၃-ကင်ဆာကျိတ်က အနီးအနားက တစ်ရှူးတွေနဲ့ ပြန်ရည်ကျိတ်တစ်ခုကို ပြန့်သွားပါပြီ

    အဆင့်၄– ပြန်ရည်ကျိတ်တွေနဲ့ အခြားအင်္ဂါတွေကို ပျံ့နှံ့သွားပါပြီ

    လည်ချောင်းကင်ဆာကို ဘယ်လိုကုသပါသလဲ

    ခွဲစိတ်ကုသခြင်း။ ကင်ဆာကျိတ်သေးငယ်နေဦးမယ်ဆိုရင် ခွဲစိတ်ပြီး ဖယ်ထုတ်လိုက်နိုင်ပါတယ်။

    ဓာတ်ရောင်ခြည်ကုထုံး။ အကျိတ်ကို ဖယ်ပြီးနောက် ဓာတ်ရောင်ခြည်ပေးပြီး ကျန်တဲ့ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်ခြင်းဖြစ်ပါတယ်။

    ဓာတုကုထုံး။ ကင်ဆာဆဲလ်ကြီးထွားမှုနှုန်း ကျသွားအောင်၊ ကင်ဆာ ဆက်မကြီးအောင် ထိန်းထားနိုင်ပါတယ်။ ကင်ဆာကျိတ်တွေ ကြီးနေပြီး ပြန်ရည်ကျိတ်တွေနဲ့ အခြားတစ်ရှူးတွေဆီ ပျံ့နေပြီဆိုရင် ဓာတ်ရောင်ခြည်ကုထုံးနဲ့ပါ တွဲကုပါတယ်။

    လည်ချောင်းကင်ဆာက အစောပိုင်းအဆင့်မှာဆိုရင် လုံးဝပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ အခြားနေရာတွေကို ပျံ့နေပြီဆိုရင်တော့ ပျောက်ကင်းအောင် ကုသဖို့ ခက်သွားပါပြီ။ စဉ်ဆက်မပြတ် ကုသနေရင်တော့ သက်တမ်းကြာကြာ နေသွားနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 13/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement