backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tapeworm Infection (တိပ်ပြားသန်ကောင်)

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Tapeworm Infection (တိပ်ပြားသန်ကောင်) ကဘာလဲ။

tapeworm infection (တိပ်ပြားသန်ကောင်ရောဂါ) ဆိုတာ တိပ်ပြားသန်ကောင်က အူတွင်းဝင်ရောက်တွယ်ကပ်ရှင်သန်နေတဲ့ ရောဂါဖြစ်ပါတယ်။ တိပ်ပြားသန်ကောင် ဆိုတာ ခန္ဓါကိုယ် အပြားသဏ္ဍာန်ရှိတဲံ ကပ်ပါးကောင် cestodal အမျိုးအစားဖြစ်ပြီး ဝက်၊ကျွဲ၊သိုးနှင့် ငါးအစရှိတဲ့ တိရာစ္ဆာန်တော်တော်များများမှာ ရှိနေတတ်ပါတယ်။

သန်ပြားအမျိုးအစားကို သူတို့တွယ်ကပ်ရာ တိရာစ္ဆာန်ပေါ်လိုက်ပြီး နာမည်ပေးကြပါတယ်။ ဥပမာ အမဲသားမှာ taenia saginate (နွား တိပ်ပြားသန်ကောင်) ၊ ငါးမှာ Diphyllobothrium (ငါး တိပ်ပြားသန်ကောင်) ၊ ဝက်မှာ taenia solium (ဝက် တိပ်ပြားသန်ကောင်) ဆိုပြီး အမျိုးမျိုးရှိပါတယ်။

တိပ်ပြားသန်ကောင် တွေဟာ လူကိုယ်ထဲ ဝင်နိုင်ပြီး အှူမှာ တွယ်ကပ်နေနိုင်ပါတယ်။ လူတွေဟာ မသန့်တဲ့ အစားအစာ သို့ ရေတို့ကို စားသောက်ရာကနေ သန်ကောင်ဥတွေ သို့ သန်ကောင်ငယ်လေးတွေကို စားမိနိုင်ကြပါတယ်။ သန်ကောင်ဥတွေ နဲ့ သန္ဓေလောင်းတွေဟာ ဝမ်းမှ တစ်ဆင့် အပြင်ပြန်ရောက်သွားနိုင်ပါတယ်။

သန်ကောင်ဥတွေကနေ သားလောင်းတွေ ဖြစ်လာပြီး သားလောင်းတွေဟာ အူမှ ထွက်ပြီး အဆုတ်၊ အသည်း စတဲ့ တခြားအင်္ဂါတွေဆီရောက်ရာမှ အရည်အိတ်လေးတွေဖြစ်ကာ ရောဂါကြီးကြီးမားမားတွေ ဖြစ်လာနိုင်ပါတယ်။

Tapeworm Infection (တိပ်ပြားသန်ကောင်) က ဘယ်လောက်အဖြစ်များသလဲ

သန်ကောင်ရောဂါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ အာရှ၊လက်တင် အမေရိကား သို့ အာဖရိကနိုင်ငံတွေမှာ ဖြစ်တတ်ပါတယ်။ ဖြစ်ပွားနိုင်ချေတွေကို လျှော့ချခြင်းဖြင့် သန်ကောင်ရောဂါကို ကာကွယ်နိုင်ပါတယ်။ သိရှိလိုသည်များကို ဆရာဝန်နှင့် ဆက်လက် တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Tapeworm Infection (တိပ်ပြားသန်ကောင်) ရဲ့လက္ခဏာတွေကဘာတွေလဲ

လူတော်တော်များများဟာ ရောဂါလက္ခဏာတွေ မခံစားရပါဘူး။ ဝမ်းထဲမှာ သန်ကောင် အပိုင်းအစတွေ ပါလာနိုင်ပါတယ်။ အူလမ်းကြောင်းရောဂါလက္ခဏာတွေဖြစ်တဲ့ ဝမ်းလျှောခြင်း၊ပျို့ခြင်း သို့ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊အကြောင်းမဲ့ ကိုယ်အလေးချိန်ကျဆင်းခြင်း၊အစားအသောက် ပျက်ခြင်း၊နှင့် သွေးအားနည်းခြင်း စတဲ့လက္ခဏာတွေပြလာနိုင်ပါတယ်။

တခြားခန္ဓါအစိတ်အပိုင်းတွေမှာ အရည်အိတ်လေးရဲ့ ထိခိုက်မှုကြောင့် ဖျားခြင်း နှင့် ဦးနှောက်ထဲ သားလောင်းရောက်သွားတဲ့ အခါ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့ တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Tapeworm Infection (တိပ်ပြားသန်ကောင်) ကိုဘာတွေကဖြစ်စေသလဲ

တိပ်ပြားသန်ကောင် ရောဂါကို အဓိကဖြစ်စေတဲ့ အရာကတော့ မသန့်ရှင်းတဲ့ အစားအစာ နဲ့ ရေကို စားသောက်မိခြင်းဖြစ်ပါတယ်။ အစားအစာထဲမှာ သန်ကောင်ဥတွေနဲ့ သားလောင်းတွေ ပါဝင်ပြီး ၎င်းတို့က ခန္ဓါကိုယ်ထဲသို့ အူလမ်းကြောင်းမှ တစ်ဆင့် ဝင်ရောက်လာကြပါတယ်။

ကံကောင်းလျှင် သန်ကောင်ဥ တွေနဲ့ သန်ကောင်တွေဟာ အစာချေတဲ့ထဲ ပါသွားပြီး မစင်အဖြစ်ခန္ဓါကိုယ် အပြင်ဘက်ကို စွန့်ထုတ်တဲ့ အထဲ ပါသွားတတ်ပါတယ်။ အဲ့လိုမှ မဟုတ်လျှင် သူတို့ဟာ ခန္ဓါကိုယ်ထဲမှာ နေနေကြပြီး ရောဂါလက္ခဏာတွေကို ဖြစ်စေပါတယ်။

ဖြစ်ပွားနိုင်ခြေမြင့်မားစေသော အကြောင်းအရာများ

Tapeworm Infection (တိပ်ပြားသန်ကောင်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သန်ပြားကောင်ရောဂါကို ဖြစ်ပွားမှုများစေတဲ့ အဓိကအကြောင်းအရင်းကတော့ သန့်ရှင်းမှု မရှိခြင်း အထူးသဖြင့် အစားအစာနှင့် တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်းတို့ကြောင့်ဖြစ်ပါတယ်။ တိပ်ပြားသန်ကောင်ဥ ပေါများတဲ့နေရာမှာ နေခြင်းကြောင့်လဲ ဖြစ်နိုင်ပါတယ်။

ထို့အပြင် တိပ်ပြားသန်ကောင်ရောဂါရှိ နေတဲ့လူတွေပြင်ဆင်ပေးတဲ့ အစားအစာတွေကို စားသောက်ခြင်းဖြင့်လည်း ကူးစက်နိုင်ပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများ မရှိခြင်းကြောင့် သင့်မှာ သန်ပြားကောင်ရောဂါ မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာ မှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Tapeworm Infection (တိပ်ပြားသန်ကောင်) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်တွေက ဝမ်းနမူနာတစ်ခုယူပြီး ထိုမှတစ်ဆင့် တိပ်ပြားသန်ကောင် ဟုတ်မဟုတ်အတည်ပြုနိုင်ပါတယ်။ ထို နမူနာကို ဓါတ်ခွဲခန်းကို ပို့ခြင်းဖြင့် သန်ကောင်ဥတွေ သို့ သားလောင်းတွေ ပါမပါ စစ်ကြည့်လို့ ရပါတယ်။

Tapeworm Infection (တိပ်ပြားသန်ကောင်) ကို ဘယ်လိုကုသပါသလဲ

ဆေးတွေနဲ့ တိပ်ပြားသန်ကောင် ကို သတ်လို့ရပါတယ်။ တစ်ကြိမ်သောက်ခြင်းဖြင့် လုံလောက်နိုင်ပါတယ်။ သို့သော် အူအပြင်တစ်ခြားအင်္ဂါတွေပါ ကူးစက်နေလျှင် ကုသရန်ပိုမို ခက်ခဲပါတယ်။

ကုသပြီး ၃ ပတ် မှ ၆ပတ်လောက်ကြာလျှင် ဝမ်းနမူနာယူပြီး သန်ကောင် ရှိမရှိထပ် စစ်ကြည့်သင့်ပါတယ်။ လုပ်ငန်းဆောင်တာတွေနဲ့ အစားအသောက်တွေကို တော့ ပုံမှန်လုပ်ကိုင် စားသောက်လို့ရပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သန်ပြားကောင်ရောဂါ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် သန်ပြားကောင်ရောဂါ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

• မိသားစုဝင်တိုင်း တိပ်ပြားသန်ကောင် ရှိမရှိ စစ်ဆေးသင့်ပါတယ်။

• ၃ ပတ် မှ ၆ ပတ်လောက်ကြာလျှင် ပြန်လည်စစ်ဆေးရန် ဆရာဝန်ရက်ချိန်းကို သွားပါ။

• ကုသပြီးသည့်တိုင် လက္ခဏာတွေရှိနေလျှင် ဆရာဝန်နှင့် ပြပါ။

• စစ်ဆေးထားသော သန့်ရှင်းသည့် အသားငါးကိုသာ စားသုံးပါ။

• အမဲသား၊ ဝက်သားနှင့် ငါးတို့ကို ကောင်းစွာ ကျက်တဲ့ အထိ ချက်ပါ (အနည်းဆုံး ၁၅၀ ဒီဂရီ ဖာရင်ဟိုက်အထိ)။ အထူးသဖြင့် ခရီးသွားနေတဲ့ အချိန်မှာ အသားစိမ်း၊ ငါးစိမ်း သို့ ကျက်အောင် မချက်ထားတဲ့ အသား ငါးတွေကို မစားပါနှင့်။ ခရီးသွားစဉ် အသီးအရွက်တွေကို စိတ်ချရတဲ့ ရေသန့်နဲ့ ဆေးပြီးမှ စားပါ။

• သန့်ရှင်းမှုကို ဦးစားပေးပါ။ အိမ်သာတက်ပြီးချိန် လက်ကို စင်ကြယ်စွာဆေးကြောခြင်းဟာ ရောဂါဖြစ်မှုကို ကာကွယ်နိုင်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Kaung Thar မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement