backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း)


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ကဘာလဲ။

Staph ရောဂါတွေဟာ staphylococcus လို့ခေါ်တဲ့ ဘတ်တီးရီးယားတစ်မျိုးကြောင့် ဖြစ်တာပါ။ ထိုပိုးမွှားတွေဟာ ကျန်းမာသူတွေရဲ့ အရေပြားပေါ်မှာနဲ့ နှာခေါင်းတွေထဲမှာပါ ရှိနေတတ်ပါတယ်။ များသောအားဖြင့်တော့ အရေပြားရောဂါငယ်မျိုးလောက်ဖြစ်တတ်တာကလွဲရင် ပြဿနာမရှိတာမျိုးများပါတယ်။

ဒါပေမယ့် ဘတ်တီးရီးယားတွေ သင့်ခန္ဓါကိုယ်ထဲကို နက်နက်တိုးဝင်သွားရင်၊ သွေးကြောတွေ အရိုးအဆစ်တွေ အဆုတ်၊ နှလုံးတို့ထဲကိုဝင်သွားခဲ့ရင်တော့ သေနိုင်လောက်သည်ထိဆိုးသွားနိုင်ပါတယ်။ ကျန်းမာတဲ့လူတွေမှာ အသက်အန္တရာယ်ရှိနိုင်တဲ့ staph ရောဂါပိုးရောဂါတွေဖြစ်နှုန်းကတက်လာနေပါတယ်။

ကုသမှုတွေကတော့များသောအားဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ပိုးဝင်တဲ့နေရာကိုသန့်စင်တာမျိုး လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် တချို့သော staph တွေက သာမန်ပဋိဇီဝပိုးသတ်ဆေးလောက်ကိုမဖြုံတော့ပါဘူး။

Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်ကိုအဖြစ်များပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ရောဂါကိုးအာေးပးတဲ့အချက်တွေကိုရှောင်ရှားခြင်းဖြင့် ထိန်းချုပ်နိုင်ပါတယ်။ အသေးစိတ်အတွက်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

လက္ခဏာများ

Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက္ခဏာတွေကတော့ သာမန်အရေပြားပြဿနာလောက်ကနေ နှလုံးအမြှေးပါးဖုံးရောင်တာအထိဖြစ်နိုင်တယ်။ ဒါကြောင့် ထို staph ရောဂါပိုးဝင်ခြင်းရဲ့ လက္ခဏာတွေက ရောဂါပိုးဝင်တဲ့နေရာ၊ ပြင်းထန်မှုတို့ကိုမူတည်ပြီး ကွဲပြားနိုင်ပါတယ်။

staph ဘတ်တီးရီးယားကြောင့်ဖြစ်ရတဲ့ အရေပြားရောဂါတွေမှာတော့ ဒါတွေပါပါတယ်-

  • သွေးစုနာ – အဖြစ်အများဆုံး အရေပြားရောဂါကတော့ သွေးစုနာဖြစ်တယ်။ မွှေးညင်းပေါက်၊ အဆီပေါက်တို့မှာ ပြည်တည်ခြင်းဖြစ်ပြီး ထိုနေရာတဝိုက်ကအရေပြားမှာ နီရဲရောင်ရမ်းနေတတ်ပါတယ်။ အနာပေါက်သွားပါက ပြည်ထွက်လာတတ်ပြီး အများအားဖြင့် လက်မောင်းအောက်၊ ပေါင်ခြံနဲ့ တင်ပါးတို့မှာဖြစ်လေ့ရှိတယ်။
  • အနာစက်များ – ကူးစက်တတ်ပြီး တခါတရံနာသော အနာကွက်များဖြစ်တယ်။ များသောအားဖြင့် အရည်များထွက်လာတတ်သော အရည်ကြည်ဖုများဖြစ်ပြီး ပျားရည်ရောင်အက်ကွဲရာတွေအဖြစ် ကျန်နေတတ်တယ်။
  • ဆဲလ်ရောင်ခြင်း – အရေပြားအလွှာအနက်ပိုင်းတွင် ဖြစ်တတ်သော အခြေအနေတစ်ခုဖြစ်ပြီး အရေပြားအပေါ်ယံလွှာမှာတော့ နီရဲရောင်ရမ်းနေတတ်ပါတယ်။ ပြည်များထွက်နေတတ်သော အနာများ၊ ပြည်တည်နာများလည်း ရှိနိုင်ပြီး ခြေထောက်တွေမှာ အဖြစ်များပါတယ်။
  • Staphylococcal ကြောင့်အရေခွံလောင်ခြင်းအခြေအနေ – ရောဂါပိုးဝင်ခြင်းကြောင့်ထွက်လာသော အဆိပ်များက အရေခွံလောင်ခြင်းကိုဖြစ်နေတတ်ပါတယ်။ ကလေးငယ်များ၊ မွေးကင်စများတွင်အဖြစ်များပြီး ဖျားခြင်း၊ ယားဖုများအကွက်လိုက်ပေါ်ခြင်း၊ အရည်ကြည်ဖုများပေါက်ခြင်းဖြစ်နိုင်တယ်။ အရည်ကြည်ဖုများပေါက်သွားပါက အရေပြားအပေါ်ယံလွှာကွာပြီး အပူလောင်ကွက်လို နီရဲကြမ်းတမ်းသောမျက်နှာပြင်ပေါ်လာပါတယ်။

Staph ဘတ်တီးရီးယားတွေဟာ အစာအဆိပ်သင့်ခြင်းဖြစ်စေသော အဓိကအကြောင်းအရင်းတွေထဲက တစ်ခုလည်းဖြစ်တယ်။ လက္ခဏာတွေမြန်မြန်ပြတတ်ပြီး ရောဂါပိုးရှိသောစားစရာကို စားပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပြလေ့ရှိပါတယ်။ လျင်မြန်စွာလည်းလက္ခဏာပျောက်လေ့ရှိပြီး များသောအားဖြင့် နေ့ဝက်ခန့်သာကြာလေ့ရှိတယ်။ အစားအစာမှာပါသော ရောဂါပိုးဟာ များသောအားဖြင့် မဖျားပါဘူး။ တွေ့ရတတ်သော လက္ခဏာတွေကတော့-

  • ပျို့ခြင်း၊ အန်ခြင်း
  • ဝမ်းလျောခြင်း
  • ရေဓါတ်ဆုံးရှုံးခြင်း
  • သွေးပေါင်ကျခြင်း
  • သွေးတွင်းရောဂါပိုးဝင်ခြင်း

သွေးအဆိပ်သင့်ခြင်းလို့သိတဲ့ သွေးတွင်းရောဂါပိုးဝင်ခြင်းဟာ staph ပိုးသွေးလမ်းကြောင်းထဲဝင်သောအခါဖြစ်လေ့ရှိပါတယ်။ လက္ခဏာတွေကတော့ ဖျားနာခြင်း၊ သွေးပေါင်ကျခြင်းတို့ဖြစ်ပြီး သင့်ခန္ဓါကိုယ်ထဲတခြားနေရာတွေကိုပါ ပျံ့နှံ့သွားကာ တခြားအင်္ဂါတွေကိုထိခိုက်နိုင်ပါတယ်-

  • ကိုယ်တွင်းအင်္ဂါများ – ဦးနှောက်၊ နှလုံး၊ အဆုတ်
  • အရိုးနှင့်ကြွက်သားများ
  • နှလုံးစက်၊ အဆစ်တုကဲ့သို့ အစားထိုးတပ်ဆင်ထားသောအရာများ
  • ရောဂါပိုးကြောင့်အဆိပ်သင့်သွေးလန့်ခြင်း

ထိုကဲ့သို့ အသက်အန္တရာယ်ထိခိုက်နိုင်သော အခြေအနေတွေဟာ တချို့သော staph ဘတ်တီးရီးယားမှထုတ်သည့် အဆိပ်များကြောင့်ဖြစ်လာပြီး တချို့သောခွဲစိတ်ခြင်း၊ အရေပြားအနာများနဲ့ အမျိုးသမီးကိုယ်တွင်းထည့်ရသောပစ္စည်းတချို့သုံးစွဲခြင်းတို့နဲ့ ဆက်စပ်နေတတ်ပါတယ်။

ရုတ်တရတ်ပေါ်လာတတ်သော လက္ခဏာတွေကတော့-

  • အဖျားကြီးခြင်း
  • ပျို့ခြင်း အန်ခြင်း
  • လက်ဖဝါး ခြေဖဝါးတွင်နေလောင်ကွက်ကဲ့သို့ အကွက်များပေါ်ခြင်း
  • ေဝဝါးခြင်း
  • ကြွက်သားများနာကျင်ခြင်း
  • ဝမ်းလျှောခြင်း
  • ဗိုက်နာခြင်း
  • ပိုးကြောင့်အရိုးအဆစ်ရောင်ခြင်း

ရောဂါပိုးကြောင့် အရိုးအဆစ်ရောင်ခြင်းဟာ ဘတ်တီးရီးယားကြောင့်ဖြစ်လေ့ရှိပြီး ဒူးမှာအဓိကဖြစ်လေ့ရှိတယ်။ ခြေကျင်းဝတ်၊ တင်ပါးဆုံရိုး၊ လက်ကောက်ဝတ်၊ တံတောင်ဆစ်၊ ပုခုံး၊ ကျောရိုးကဲ့သို့ တခြားအဆစ်များလည်းထိခိုက်နိုင်ပါတယ်။ လက္ခဏာတွေကတော့-

  • အဆစ်ရောင်ခြင်း
  • ထိခိုက်သောအဆစ်တွင် မခံနိုင်အောင်နာခြင်း
  • ဖျားခြင်း

ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလက္ခဏာတွေလည်းရှိနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့အောက်ပါတို့ကိုခံစားရတယ်ဆိုရင်တော့ ဆရာဝန်ပြသင့်ပါတယ်-

  • အရေပြားနီရဲယားယံ နာကျင်ပါက
  • ပြည်ဖုများပေါက်ပါက
  • ဖျားပါက

တကယ်လို့-

  • မိသားစုဝင်တစ်ယောက်ကနေတစ်ယောက် ကူးတတ်သော အရေပြားရောဂါပိုးဝင်ခြင်းတစ်မျိုးမျိုးရှိပါက
  • မိသားစုနှစ်ယောက်နဲ့အထက် တချိန်ထဲမှာ အရေပြားရောဂါပိုးဝင်ခြင်းဖြစ်ပါက

လည်းဆရာဝန်ပြသင့်ပါတယ်။

အကြောင်းရင်းများ

Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လူအများစုမှာ staph ဘတ်တီးရီးယားရှိတတ်ကြပါတယ်၊ ဒါပေမယ့် ရောဂါတော့ဖြစ်မလာကြဘူး။ တကယ်လို့ သင့်မှာ staph ရောဂါဖြစ်ပြီဆိုရင်လည်း ဒါကသင်အချိန်ကြာသယ်ဆောင်ထားတဲ့ staph ဘတ်တီးရီးယားကြောင့်ဖြစ်နိုင်ပါတယ်။

ထိုဘတ်တီးရီးယားတွေကလူတစ်ယောက်ကနေတစ်ယောက် ကူးစက်နိုင်ပါတယ်။ staph ဘတ်တီးရီးယားတွေဟာ သန်မာတာကြောင့် ခေါင်းအုံးစွပ်တွေ၊ တဘတ်တွေလို သက်မဲ့အရာတွေပေါ်မှာပါရှင်သန်နိုင်ပြီး လာထိသူတွေဆီကူးစက်နိုင်ပါတယ်။

Staph ဘတ်တီးရီးယားတွေဟာ

  • အခြောက်ခံခြင်း
  • ပူလွန်းခြင်း၊ အေးလွန်းခြင်း

ဆားပမာဏများခြင်း တို့ကိုပါခံနိုင်ရည်ရှိပါတယ်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

သင့်ကိုယ်ခံအားစနစ်အခြေအနေကနေ သင်ကစားတဲ့ အားကစားအမျိုးအစားအထိ အကြောင်းအရာအမျိုးမျိုးက staph ရောဂါဖြစ်နိုင်ချေတက်စေနိုင်ပါတယ်။

မူလကရောဂါရှိသူတွေ၊ ဆေးသောက်နေရသူတွေမှာလည်း staph ရောဂါဖြစ်နိုင်ချေများပါတယ်။ ရောဂါရနိုင်ချေများသူတွေကတော့-

  • အင်ဆူလင်မှီဝဲနေရသော ဆီးချိုသွေးချိုသမားများ
  • HIV/AIDS
  • ကျောက်ကပ်ဆေးနေရသော ကျောက်ကပ်ဝေဒနာရှင်များ
  • ကိုယ်ခံအားနည်းသူများ – ရောဂါကြောင့်ဖြစ်စေ၊ ကိုယ်ခံအားထိန်းချုပ်သောဆေးများမှီဝဲနေရသူများဖြစ်စေ
  • ကင်ဆာ၊ အထူးသဖြင့် ကင်ဆာဆေးသွင်းနေရသူများ၊ ဓါတ်ကင်နေရသူများ
  • အရေပြားထိခိုက်မှုရှိသူများ၊ ဥပမာ- နှင်းခူရောဂါ၊ အင်းဆက်ကိုက်ခြင်းတွေမှ ထိခိုက်မှုများအထိ
  • အသက်ရှူလမ်းကြောင်းရောဂါများ- အဆုတ်ထဲရေဝင်ခြင်းကဲ့သို့

လတ်တလောဆေးရုံတတ်နေရသူများ – ဘတ်တီးရီးယားတွေဟာ နှိမ်နင်းရှင်းလင်းပစ်ဖို့ ကြိုးစားနေတဲ့ကြားထဲက ဆေးရုံတွေမှာရှိနေနိုင်တုန်းပါပဲ။ အောက်ပါလူနာများလို အားနည်းသူတွေကိုတိုက်ခိုက်တတ်ပါတယ်။

  • ကိုယ်ခံအားနည်းသူများ
  • အပူလောင်၊ မီးလောင်ထားသူများ
  • ခွဲစိတ်ဒဏ်ရာရှိသူများ
  • ထိခိုက်ရှနာဒဏ်နာရှိသူများ

ခန္ဓါကိုယ်မှာတပ်ရတဲ့ ပြွန်တွေ၊ ပိုက်တွေကနေတဆင့်လည်း ကူးနိုင်ပါတယ်၊ ဥပမာ-

  • ကျောက်ကပ်ဆေးခြင်း
  • ဆီးပိုက်ထည့်ခြင်း
  • အစာပိုက်ထည့်ခြင်း
  • အောက်စီဂျင်ပိုက်တပ်ခြင်း
  • အကြောဆေးသွင်းခြင်း နှင့်
  • တစ်ယောက်နှင့်တစ်ယောက်ထိတွေ့ရသော အားကစားနည်းများ

Staph ဘတ်တီးရီးယားတွေဟာ ထိရာ၊ ရှရာ၊ တစ်ယောက်နဲ့တစ်ယောက်ထိတွေ့ရာမှ အလွယ်တကူကူးနိုင်ပါတယ်။ အများသုံးရေချိုးခန်း၊ ပစ္စည်းထားခန်းတွေမှာရှိနေနိုင်ပြီး မုတ်ဆိတ်ရိတ်ဓါး၊ တဘတ်တာဝါ၊ ယူနီဖောင်း နဲ့ တခြားအသုံးအဆောင်များ မျှဝေသုံးခြင်းမှကူးနိုင်ပါတယ်။

မသန့်စင်သောအစားအစာပြင်ဆင်ခြင်းတွေ၊ လက်သေချာဆေးမထားသော အစားအစာရောင်းသူ၊ ပြင်ဆင်သူတွေကနေလည်း ကူးစက်နိုင်တယ်။ ရောဂါပိုးရှိနေလည်း အစားအစာတွေရဲ့ အရသာကပုံမှန်ပါပဲ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

Staph ရောဂါမှန်းသိရှိရန် ဆရာဝန်က-

  • စမ်းသပ်မှုများပြုလုပ်ပါလိမ့်မယ်- ခန္ဓါကိုယ်မှာရှိနေမယ့် အရေပြားထိခိုက်မှုများ၊ အနာများကို သေချာစစ်ဆေးပါလိမ့်မယ်။

စစ်ဆေးဖို့အတွက် နမူနာယူပါလိမ့်မယ်။ တစ်သျှူးနမူနာ၊ နှာရည်တို့မှ နမူနာယူစမ်းသပ်လေ့ရှိပါတယ်။

Staph Infection (စတက်ဖ် ရောဂါပိုးဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကုသမှုတွေကတော့-

  • ပဋိဇီဝပိုးသတ်ဆေး- ပိုးအမျိုးအစားကိုစစ်ဆေးပြီး အဆင်ပြေမယ့် ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးပေးပါလိမ့်မယ်။ များသောအားဖြင့်တော့ cephalosporins, nafcillin, sulfa drugs , vancomycin တို့ဖြစ်နိုင်ပါတယ်။ staph အများစုက တချို့သောဆေးတွေကိုယဉ်ပါးလာတာကြောင့် Vancomycin ကိုအသုံးများလာပါတယ်။ ဒါပေမယ့် Vancomycin နဲ့ တခြားသောဆေးတွေက အကြောဆေးအဖြစ်သာရရှိပါတယ်။ ပဋိဇီဝပိုးသတ်ဆေးသောက်ပါက ညွှန်းသည့်အတိုင်းတိကျစွာသောက်သင့်ပြီး ဆေးကုန်သည်ထိ သောက်ရပါမယ်။ ရောဂါအခြေအနေပိုဆိုးလာသလားသိဖို့အတွက် ဆရာဝန်ပြောသည့် လက္ခဏာများကိုစောင့်ကြည့်ဖို့လိုပါမယ်။
  • အနာဆေးပစ်ခြင်း – အရေပြားမှာအနာတွေရှိနေရင်တော့ ထိုပြည်တည်နာများကိုဖောက်ထုတ်သန့်စင်ပစ်ပါလိမ့်မယ်။
  • ပစ္စည်းများဖယ်ခြင်း – တကယ်လို့သင့်ခန္ဓါကိုယ်ထဲထည့်ထားတဲ့ ပစ္စည်းတွေမှာ ရောဂါပိုးတွယ်နေတာဆိုရင်တော့ ထိုပစ္စည်းတွေဖယ်ပစ်ဖို့လိုပါလိမ့်မယ်။ တချို့ပစ္စည်းတွေဖယ်ပစ်ဖို့က ခွဲစိတ်ဖို့လိုပါလိမ့်မယ်။

Staph ဘတ်တီးရီးယားတွေဟာ လိုက်လျောညီထွေနေတတ်ပြီး မျိုးကွဲအများစုက ပဋိဇီဝပိုးသတ်ဆေးတစ်မျိုးထက်ပိုပြီးယဉ်ပါးနေပါပြီ။ ဥပမာ- ယနေ့ခေတ် Staph ဘတ်တီရီးယားတွေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ကိုသာ ပန်နဆလင်နဲ့ကုလို့ရပါတယ်။ ထို ဆေးယဉ်ပါးလာသော Staph ဘတ်တီးရီးယားတွေကို MRSA မျိုးကွဲစုလို့ခေါ်ပြီး တခြားသောပိုးသတ်ဆေးတွေပြောင်းသုံးဖို့လိုလာပါတယ်။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုနည်းများ

  • လက်ဆေးပါ။ ဂရုတစိုက်သေချာလက်ဆေးခြင်းက အကောင်းဆုံးကာကွယ်နည်းဖြစ်တယ်။ ၁၅-၃၀ စက္ကန့်လောက်လက်ဆေးပြီး တစ်ခါသုံးတာဝါနဲ့အခြောက်ခံပါ။ အယ်ကိုဟော ၆၀ ရာခိုင်နှုန်းခန့်ပါသော လက်သန့်ဆေးလည်းသုံးနိုင်ပါတယ်။
  • အနာတွေကိုပတ်တီးစည်းပါ။ ရှရာ၊ ပွန်းရာများကို သန့်စင်ခြောက်သွေ့သောပတ်တီးဖြင့် အနာကျက်သည်ထိစည်းထားသင့်ပါတယ်။ ထိခိုက်ရာနေရာမှာ ဘတ်တီးရီးယားတွေရှိနေနိုင်တာကြောင့် ပတ်တီးစည်းခြင်းဟာ ထိုပိုးများပျံ့ခြင်းကိုကာကွယ်နိုင်ပါတယ်။
  • မိန်းမကိုယ်အတွင်းထည့်သော tampon ပစ္စည်းကို မကြာခဏလဲပေးပါ။ ဘတ်တီးရီးယားကြောင့် သွေးလန့်ခြင်းဟာ staph ကြောင့်ဖြစ်တတ်ပြီး ခန္ဓါကိုယ်ထဲမှာ tampon ပစ္စည်းအချိန်ကြာထည့်ထားခြင်းဟာ ပိုးပေါက်ပွားခြင်းကိုအားပေးတာကြောင့် မကြာခဏ လဲပေးသင့်ပါတယ်။ အနည်းဆုံး ၈ နာရီတစ်ခါလဲပေးသင့်ပြီး ဖြစ်နိုင်ပါက တခြားတစ်မျိုးပြောင်းသုံးသင့်ပါတယ်။
  • တစ်ကိုယ်ရည်သုံးပစ္စည်းများကို တစ်ကိုယ်တည်းသုံးပါ။ တာဝါ၊ အိပ်ရာခင်း၊ မုတ်ဆိတ်ရိတ်ဓါး၊ အဝတ်အစားများနဲ့ အားကစားပစ္စည်းများကို မျှဝေမသုံးသင့်ပါဘူး။ staph ပိုးဟာ ပစ္စည်းတွေကနေတဆင့် ကူးစက်နိုင်ပါတယ။်

အဝတ်များ၊ အိပ်ရာခင်းများကို ရေနွေးဖြင့်လျှောပါ။ staph ပိုးတွေဟာသေချာမလျှော်သော အဝတ်တွေနဲ့၊ အိပ်ရာခင်းတွေမှာပျံ့နေတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှရေနွေးနဲ့လျှော်ပေးသင့်ပါတယ်။ သာမန်အခြောက်ခံခြင်းထက် အခြောက်ခံစက်နဲ့အခြောက်ခံတာပိုကောင်းပေမယ့် staph ပိုးတွေဟာ ထိုစက်ကိုတောင်မှခံနိုင်ရည်ရှိပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 27/11/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement