အဓိပ္ပါယ်ဖွင့်ဆိုချက်
Sporotrichosis (စပိုရို တရိုင်ကိုးစစ်(အရေပြားမှိုစွဲသည့်ရောဂါ)) ကဘာလဲ။
စပိုရို တရိုင်ကိုးစစ်သည် အရေပြားတွင်ဖြစ်သောရောဂါတစ်မျိုးဖြစ်ပြိး မှို စပိုရိုတရိုင်ရှန်းတကီးကြောင့်ဖြစ်သည်။ ထိုမှိုသည် ဘက်တီးရီးယားထက် ပုပ်သိုးနေသောပါသောပါမှန့် သို့မဟုတ် ဘီယာဖောက်သောတဆေး ကြောင့်ပိုဖြစ်တတ်သည်။ ထိုအရာသည် နှင်းဆီဆူး မြက်ခြောက် ရေညှိ သစ်ခက် နှင့် မြေကြီးတို့တွင်တွေ့ရသည်။ ထိုရောဂါပိုးသည် နှင်းဆီ သစ်ခတ် မြေကြီးမျးနှင့်အလုပ်လုပ်သော ဥယျာဉ်မှူးများ လယ်သမားများတွင်ပိုဖြစ်တတ်သည်။
ထို ပိုးပေါက်များအရေပြားအတွင်းသို့ရောက်ပါက ရက်အနည်းငယ် လအနည်းကြာတွင်ဖွံဖြိုးလာသည်။
Sporotrichosis (စပိုရို တရိုင်ကိုးစစ်(အရေပြားမှိုစွဲသည့်ရောဂါ)) က ဘယ်လောက်အဖြစ်များသလဲ
ရှားသောအခြေအနေတခုဖြစ်သည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Sporotrichosis (စပိုရို တရိုင်ကိုးစစ်(အရေပြားမှိုစွဲသည့်ရောဂါ)) ရဲ့လက္ခဏာတွေကဘာတွေလဲ
စပိုရို တရိုင်ကိုးစစ် ၏ ပထမဆုံးသောလက္ခဏာမှာ အရေပြားပေါ်တွင်အလုံးစပေါ်လာပြီး ပန်းရောင်မှ ခရမ်းရောင်ထိဖြစ်တတ်သည်။ ထိုအလုံးသည် မနာပါ သို့မဟုတ် အနည်းငယ်သာနာတတ်သည်။ အချိန်ကြာသည်နှင့် ထို အလုံးမှ အနာဖြစ်လာပြီး အကြည်ရောင်အရည်များထွက်လာလိမ့်မည်။ မကုပဲထားပါက အလုံးနှင့်အနာသည် နှာတာရှည်ဖြစ်သွားပြီး နှစ်ပေါင်းများစွာမပြောင်းလဲပဲရှိနေလိမ့်မည်။
ခြောက်ဆယ်ရာခိုင်နှုန်းလောက်တွင် ထို အကောင်ပေါက်သည် ပြန်ရည်ကြောအတွင်းသို့ရောက်သွားလိမ့်မည်။ အချိန်ကြာလာသည်နှင့် အလုံးအသစ် အနာအသစ်ဖြစ်ပြီး ခြေလက် သို့ပျံ့နှံသွားမည်။ ထိုအခြေအနေသည်လည်း နှစ်ပေါင်းများစွာကြာနိုင်သည်။
အရမ်းရှားသောကိစ္စများနွင် ရောဂါပိုးသည် အခြားခန္ဓါကိုယ်အစိတ်အပိုင်း ဥပမာ အရိုး အဆစ် အဆုတ် နှင့် ဦးနှောက်။ တော်တော်များများက ခုခံအားကျဆင်းမှုကိုဖြစ်စေတတ်သည်။ ထိုအခြေအနေကကုသရန်ခက်ခဲပြီး အသက်အန္ဓါရယ်ရှိနိုင်သည်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။
အကြောင်းရင်းများ
Sporotrichosis (စပိုရို တရိုင်ကိုးစစ်(အရေပြားမှိုစွဲသည့်ရောဂါ)) ကိုဘာတွေကဖြစ်စေသလဲ
စပိုရို တရိုင်ကိုးစစ်သည် သစ်ကိုင်းအချွန် သို့မဟုတ် နှင်းဆီဆူးများကြောင့် အရေပြားကိုထိခိုက်မိပြီး အကောင်ပေါက်ပျံခြင်းကြောင့်ဖြစ်သည်။ တခါတရံ အရေပြားအကောင်းအတိုင်းဖြစ်သော်လည်း မြက်ခြောက် များထိမိခြင်းကြောင့်လဲဖြစ်နိုင်သည်။
အရမ်းရှားသောကိစ္စများတွင် ကြောင်သို့မဟုတ် သင်းခွေချပ်ကဲ့သို့သော သတ္ထဝါများမှလဲကူးနိုင်သည်။
ရှားသောကိစ္စများတွင် ထိုမှိုသည် အသက်ရူခြင်း စားမိခြင်းမှကူးနိုင်ပြီး အရေပြားထက် အခြားနေရာများကိုရောဂါပိုးပျံစေတတ်သည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Sporotrichosis (စပိုရို တရိုင်ကိုးစစ်(အရေပြားမှိုစွဲသည့်ရောဂါ)) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Sporotrichosis (စပိုရို တရိုင်ကိုးစစ်(အရေပြားမှိုစွဲသည့်ရောဂါ)) ကို ဘယ်လိုအတည်ပြုပါသလဲ
စပိုရို တရိုင်ကိုးစစ်အားရောဂါပိုးဖြစ်နေသောနေရာသို့ အသားစယူ၍သိနိုင်သည်။ ထိုနမူနာအားဓါတ်ခွဲခန်းသို့ပို့၍ (မှိုမွေးခြင်း) ဖြင့် ဘယ်ရောဂါပိုးရှိသလဲအားသိနိုင်သည်။ သွေးစစ်ခြင်းမှလဲ ပြင်းထန်သော စပိုရို တရိုင်ကိုးစစ်ကိုသိနိုင်သည် သို့သော် အရေပြားရောဂါပိုးအားမသိနိုင်ပါ။
Sporotrichosis (စပိုရို တရိုင်ကိုးစစ်(အရေပြားမှိုစွဲသည့်ရောဂါ)) ကို ဘယ်လိုကုသပါသလဲ
များသောအားဖြင့် စပိုရို တရိုင်ကိုးစစ်သည် အရေပြားနှင့် အရေပြားအောက်ရှိ တစ်သျူးများသာပါတတ်သည်။ အသက်အန္ဓါရယ်ရှိလေ့မရှိသော်လည်း မှိုသတ်ဆေးကို ညွှန်ကြားထားသည့်အတိုင်း လအနည်းငယ်ထိသောက်သင့်သည်။ အများဆုံးကုလေ့ရှိသောဆေးမှာ အိုင်ထရာကိုနဇောဖြစ်ပြီး ပါးစပ်မှု ၃လမှ ၆လထိသောက်နိုင်သည်။ ပြည့်ဝမှုပြင်းသော ပိုတက်စီယမ် အိုင်အိုထိုက် (အက်အက်ကေအိုင်)သည် လဲ အရေပြားတွင်ဖြစ်သော စပိုရို တရိုင်ကိုးစစ်ကိုကုသရာတွင်သုံးနိုင်သည်။ သို့သော် အက်အက်ကေအိုင်နိုင့် အေဇောဆေးများ ဥပမာ အိုင်ထရာကိုနဗောဆေးများသည် ကိုယ်ဝန်ဆောင်ချိန်တွင်မသောက်သုံးသင့်ပါ။
ပြင်းထန်သော စပိုရို တရိုင်ကိုးစစ်အား အန်ဖိုတာရစင် ဘီ အား သွေးကြောမှတစ်ဆေင့်ပေးသည်။ အန်ဖိုတာရစင် ဘီအား အိုင်ကိုနဇော နောက်တွင်လိုက်၍ တစ်နှစ်လောက်ပေးသင့်သည်။ စပိုရို တရိုင်ကိုးစစ် အဆုတ်တွင်ရှိသောလူနာတွင်ရောဂါဖြစ်နေသော တစ်သျူးအား ခွဲစိတ်ထုတ်ဖြစ်ရန်လိုအပ်တတ်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက စပိုရို တရိုင်ကိုးစစ်ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။
စပိုရို တရိုင်ကိုးစစ်အတွက် အိမ်တွင်လုပ်နိုင်သော ထိရောက်သောကုသမှုမရှိပါ။ အနာအား သန့်ရှင်းအောင်ထားပြီးအနာကျက်သည်ထိ ဖုံးအုပ်ထားသင့်သည်။
အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။