backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Spider Bite (ပင့်ကူကိုက်ခြင်း)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Spider Bite (ပင့်ကူကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Spider Bite (ပင့်ကူကိုက်ခြင်း) ကဘာလဲ။

လူအများစုပင့်ကူကြောက်ကြပေမယ့် ပင့်ကူတွေက သူတို့ကိုမထိခိုက်မခြင်း ကိုက်ခဲပါတယ်။ ပင့်ကူအများစုဟာ အန္တရာယ်မရှိတတ်ဘဲ တခါတရံမှာတော့ ဓါတ်မတည့်ခြင်းကဲ့သို့ လကဏာတွေတွေ့ရတတ်ပါတယ်။

ပင့်ကူကိုက်တာမမြင်လိုက်ဘဲ အဖုများ၊ ကိုက်ရာ၊ ယားဖုများ၊ နီရဲခြင်းတို့သာ ဖြစ်လာတတ်တာဖြစ်တယ်။ ထိုအချက်တွေဟာ ပိုးမွှားကိုက်တာမှစလို့ အဖုပေါက်ခြင်း၊ အရေပြားပိုးဝင်ခြင်း တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်။

ကိုက်သွားသောပိုးကောင်ကိုဖမ်းမိတာ၊ တိကျတဲ့လက္ခဏာတွေပြတာမဟုတ်ရင် ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူတွေတောင် ဘာကြောင့်ထိုကဲ့သို့လက္ခဏာတွေဖြစ်လာရသလဲ သေချာမှာမဟုတ်ပါဘူး။

ပင့်ကူအများစုကအဆိပ်မရှိသလို သူတို့အစွယ်တွေဟာ လူတွေကိုအန္တရာယ်ပေးဖို့ သေးငယ်လွန်းပါတယ်။ ယားယံခြင်း၊ နီရဲခြင်းတွေဟာ တစ်ပတ်အတွင်းပျောက်သွားမှာဖြစ်တယ်။

ဒါပေမယ့် တချို့ပင့်ကူတွေကတော့ အဆိပ်ရှိနိုင်တာကြောင့် သင့်ရရှိသောလက္ခဏာတွေကိုသတိထားကြည့်သင့်ပါတယ်။

Spider Bite (ပင့်ကူကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ချေကိုတက်စေတဲ့အရာတွေ၊ အကြောင်းအချက်တွေကို ရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်တယ်။ အသေးစိတ်ကို ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။

လက္ခဏာများ

Spider Bite (ပင့်ကူကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အကိုက်ခံရသောနေရာတွင်ရောင်ရမ်းခြင်း

ယားခံ၊ စူးခြင်း

ထုံခြင်း၊ ကျဉ်ခြင်း

အဆိပ်ရှိပင့်ကူတွေကတော့-

ကိုက်ရာနေရာတွင်နာကျင်ခြင်း

အဆစ်များနာခြင်း၊ တောင့်တင်းခြင်း

ကြွက်သားများတောင့်ခြင်း

ဗိုက်နာခြင်း၊ ပျို့ခြင်း အန်ခြင်း

ဖျားခြင်း၊ ချမ်းတုန်ခြင်း

အသက်ရှူရခက်ခြင်း၊ မျိုရခက်ခြင်း

အနာဖြစ်ခြင်း၊ တစ်သျူးများပျက်စီးခြင်း

မျူးခြင်း၊ တက်ခြင်း၊ စကားများမပီသခြင်း

ကိုက်ရာနေရာတွင် အနီရောင်ကွင်းဝိုင်းထားသော အပြာရောင်ရင့်ရင့်အကွက်များပေါ်လာခြင်း

ချွေးထွက်ခြင်း

ထိုအချက်တွေအပြင် တခြားလက္ခဏာတွေလည်းရှီနိုင်တာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အဆိပ်ရှိပင့်ကူဟုတ်မဟုတ်မသေချာတဲ့အခါ

အလွန်အမင်းနာခြင်း၊ ကိုက်ရာနေရာတွင်အနာဖြစ်ခြင်း၊ ဗိုက်နာခြင်း၊

အကိုက်ခံရသူအသက်မရှူတော့ခြင်း

အင်ပြင်များထခြင်း

ဖျားခြင်း

ပျို့ခြင်း

အန်ခြင်း

မျက်နှာ၊ နှုတ်ခမ်း၊ လည်ချောင်းရောင်ရမ်းခြင်း

အသက်ရှူခက်ခြင်း

သွေးလန့်ခြင်း

ဒဏ်ရာဆိုးလာခြင်း၊ ပျံ့သွားခြင်း

အကြောင်းရင်းများ

Spider Bite (ပင့်ကူကိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

တချို့သောပင့်ကူတွေကအဆိပ်ရှိပါတယ်။ အဆိပ်ရှိပင့်ကူတွေကို အမေရိကန်မှာတွေ့ရတတ်ပြီး –

ပင့်ကူညို၊ ပင့်ကူမည်း၊ လေ့လွင့်ပင့်ကူ၊ မြက်ပင့်ကူ၊ ကြွက်ပင့်ကူ၊ ဝံပုလွေပင့်ကူ၊ အိမ်ပင့်ကူမည်း

စသည်တို့ဖြစ်တယ်။

ဖြစ်နိုင်ခြေများ

Spider Bite (ပင့်ကူကိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

လူတိုင်းပင့်ကူကိုက်ခံရနိုင်ပြီး အလွန်အဖြစ်များပါတယ်။ အပြင်မှာနေရချိန်များလျှင်၊ သစ်ပင်ထူထပ်သောနေရာ၊ တောရွာဘက်ဖြစ်လျှင် ပိုကြုံရလေ့ရှိတယ်။ ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ လက္ခဏာတွေပိုပြင်းထန်နိုင်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Spider Bite (ပင့်ကူကိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်ကအနာကိုစစ်ဆေးမှုတချို့လုပ်ပါလိမ့်မယ်။ လူအများစုကတော့ အကိုက်ခံရပြီးချိန်မှာ ထိုပိုးမွှားကိုမြင်လိုက်တတ်ကြါတယ်။ ဒါဟာ ဆရာဝန်ကိုကူညီပေးနိုင်ပါတယ်။ အထူးသဖြင့် ပင့်ကူကဲ့သို့အဆိပ်ရှိတတ်သော အကောင်တွေအကိုက်ခံရတဲ့အခါဖြစ်တယ်။

Spider Bite (ပင့်ကူကိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အနာကိုသန့်စင်ပါ။ ဆပ်ပြာပျော့ပျော့၊ ရေဖြင့်ဆေးကာ ပိုးသတ်ဆေးရည်ဖြင့်လိမ်းပါ။

ရေခဲရေစိမ်ထားသောအဝတ်၊ သို့ ရေခဲကပ်ပါ။ နာကျင်မှု ရောင်ရမ်းမှုတို့သက်သာစေပါလိမ့်မယ်။ လက်၊ ခြေထောက်တွင်အကိုက်ခံရပါက မြှောက်ထားပါ။

အလွယ်တကူဝယ်ယူရရှိသော အနာပျောက်ဆေး (ပါရာစီတမော၊ တိုင်လီနော) ၊ antihistamine (Benadryl, chlor-trimeton) ဆေးများသုံးနိုင်ပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်အတွင်း မေးခိုင်ကာကွယ်ဆေးထပ်မထိုးဖြစ်ပါက ထိုးခိုင်းပါလိမ့်မယ်။

ကိုက်ရာပိုးဝင်သွားပါက ပိုးသတ်ဆေးသောက်ရန်လိုနိုင်ပါတယ်။

တိကျတဲ့ကုသမှုနည်းမရှိဘဲ ပင့်ကူအမျိုးအစား၊ ပြင်းထန်မှုပေါ်မူတည်နိုင်တယ်။ လက္ခဏာတွေပေါ်လည်းမူတည်နိုင်ပြီး နှလုံးခုန်မြန်ခြင်းရှိပါက နှလုံးဆေးတချို့သောက်ရနိုင်ပါတယ်။ တစ်သျူးထိခိုက်မှုများရှိပါကလည်း သက်ဆိုင်ရာဆေးများသောက်ရနိုင်တယ်။

ပြင်းထန်ပါက ဆေးရုံတက်ရနိုင်ပြိး ရှားရှားပါးပါး ခွဲစိတ်ရသည်များလည်းရှိနိုင်တယ်။ အထူးသဖြင့် ပင့်ကူကိုက်ရာနေရာမှာ တစ်သျှူးများပုတ်သွားပါက. သို့မဟုတ် လက္ခဏာများဆိုးရွားပါက။

နေထိုင်မှုပုံစံ၊ အိမ်တွင်းကုသမှု

အကိုက်ခံရသောနေရာကိုမထိပါနဲ့၊ မနှိပ်ပါနဲ့၊ အဆိပ်ရှိပါက အဆိပ်မပျံ့အောင် ဒဏ်ရာကိုဘာမှမလုပ်ပါနဲ့။

အကိုက်ခံပြီးချိန်တွင်လှုပ်လှုပ်ရှားရှားမလုပ်ပါနဲ့

အပူမပေးပါနဲ့၊ အဆိပ်ပိုပျံ့နိုင်ပါတယ်။

စတီးရွိုက်လိမ်းဆေးများရှောင်ပါ။

အဆိပ်စုပ်မထုတ်ပါနဲ့။

သိလိုသည်များရှိပါက အကောင်းဆုံးအဖြေအတွက် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement