ကြောက်လန့်လွန်ခြင်းနဲ့ စိတ်ဓါတ်ကျခြင်း၊ စိတ်ဓါတ်ကျလိုက်တက်လိုက်ရောဂါနှစ်မျိုးလုံးဖြစ်နေခြင်း ဖြစ်ပါတယ်။
သိပ္ပံပညာရျင်တွေက ဒိရောဂါက ကြောက်လန့်လွန်ခြင်းနဲ့အဓိကဆက်နွှယ်နေလား စိတ်ခံစားချက်ပိုင်းဆိုင်ရာပြဿနာနဲ့ အဓိကဆက်နွှယ်နေလားဆိုတာကို သေချာမသိသေးပါဘူး။ အခြေအနေနှစ်မျိုးလုံးအတွက် ပေါင်းစပ်ကုသမှုတွေတော့ ပေးနေပါတယ်။
ကြောက်လန့်လွန်ရောဂါအဖြစ်များခြင်းရဲ့သုံးပုံတစ်ပုံနီးပါး အဖြစ်များပါတယ်။ သက်တမ်းတစ်လျှောက်ဖြစ်နိုင်ချေ 0.3ရာနှုန်းလောက်ရျိပါတယ်။
ရောဂါဖြစ်သူလူနာသုံးပုံနှစ်ပုံလောက်က အမျိုးသမီးတွေဖြစ်တာကြောင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
schizoaffective disorder (ကြောက်လန့်လွန်ရောဂါ) ရဲ့လက္ခဏာတွေကတော့-
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
အောကာင်းရင်းကို တိတိကျကျမသိရသေးပါဘူး။ မျိုးရိုးဗီဇနဲ့ ဦးနှောက်ကယ်မီကယ်တွေနဲ့ ဖွဲ့စည်းပုံပြောင်းလဲမှုများ ပေါင်းစပ်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
schizoaffective disorder (ကြောက်လန့်လွန်ရောဂါ) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်-
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အခြားစိတ်ပိုင်းဆိုငရာဝေဒနာတွေကနေ ခွဲခြားနိုင်ဖို့နဲ့ ဆေးဝါးဘိန်းအသုံးပြုခြင်းနဲ့ ကျန်းမာရေးပြဿနာကြောင့်မဟုတ်တာကို သိရှိဖို့လိုပါတယ်။ ရောဂါရှာအတည်ပြုရာမှာ
ကိုယ်ခန္ဓါပိုင်းဆိုင်ရာစမ်းသပ်စစ်ဆေးမှုများ- လက္ခဏာပေးနိုင်တဲ့အခြားသောပြဿနာတွေကနေ ခွဲခြားနိုင်ဖို့နဲ့ နောက်ဆက်တွဲပြဿနာတွေရှိမရှိ စစ်ဆေးဖို့ဖြစ်ပါတယ်။
လက္ခဏာတူတဲ့အခြားသောကျန်းမာရေးအခြေအနေတွေကနေ ခွဲခြားနုင်ဖို့နဲ့ အယ်ကိုဟောနဲ့ဆေးတွေသုံးစွဲခြင်းရှီမရှိ စမ်းသပ်စစ်ဆြေးခင်းဖြစ်ပါတယ်။ ဆရာဝန်က အမ်အာအိုင်နဲ့စီတီစကန်လိုမျိုး ပုံရိပ်ဖော်ခြင်းနည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။
စိတ်ကျန်းမာရေးပညာရှင်တွေက ပုံပန်းသွင်ပြင်၊ အပြုအမူနဲ့ တွေးခေါ်ပုံ၊ ခံစားချက်၊ တွေဝေခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ဆေးဘိန်းအသုံးပြုခြင်းနဲ့ သတ်သေနိုင်သည့်အရိပ်အယောင်ရှိမရျိကို စစ်ဆေးပါလိမ့်မယ်။ မိသားစုဝင်တွေနဲ့ဆွေးနွေးခြင်းလည်း လိုအပ်ပါလိမ့်မယ်။
အမေရိကန်စိတ်ရောဂါဆိုင်ရာအသင်းက သတ်မှတ်ထားတဲ့ စိတ်ရောဂါဆိုင်ရာအဖြေရှညအတည်ပြုခြင်းအတွက်သတ်မှတ်ချက်များကို အသုံးပြုပါလိမ့်မယ်။
ကုသမှုအနေနဲ့တော့-
ဆေးဝါးများ
အချို့သောဆေးတွေလိုအပ်မှုနဲ့ပတ်သက်ပြီး လူနာကစိတ်ကျရုံသက်သက်လား၊ စိတ်ကြွစိတ်ကျရောဂါလား စိတ်ကစဉ့်ကလျားရောဂါနဲပတွဲနေလား ဆိုတာပေါ်မူတည်ပါတယ်။ ယုံမှားလွန်ခြင်း၊ ထင်ယောင်ထင်မှားဖြဖစ်ခြင်း၊ နဲ့ အတွေးကယောက်ကယတ်ဖြစ်ခြင်းစတဲ့ စိတ်ဝေဒနာလက္ခဏာတွေအတွက် ဆရာဝန်တွေအဓိကညွှန်းလေ့ရှိတဲ့ဆေးတွေကို စိတ်ဝေဒနာဆန့်ကျင်ဆေးလို့ ခေါ်ပါတယ်။ စိတ်ဝေဒနာဆန့်ကျင်ဆေးတွေက ဒီရောဂါအတွက်ထိရောက်မှုရှိပြီး တဖြည်းဖြည်းချင်းသွေးလှည့်ပတ်မှုကိုရောက်ရှိတဲ့ ပါလီပယ်ရီဒုန်းဆေးက ဆေးဝါးနဲ့အစားအသောက်စိမံခန့်ခွဲမှုအဖွဲ့က ဒီရောဂါအတွက်သတ်မှတ်ထောက်ခံပေးထားတဲ့ တစ်ခုတည်းသောဆေးဖြစ်ပါတယ်။ ခံစားချက်ဆက်နွှယ်လက္ခဏာတွေအတွက် စိတ်ကျဆန့်ကျင်ဆေးများ ဒါမှမဟုတ် လီသီယမ်ကဲံသို့သော စိတ်ငြိမိဆေးတွေကို အသုံးပြုနိုင်ပါတယ်။ စိတ်ဝေဒနာဆန့်ကျင်ဆေးတွေကိုလည်း အသုံးပြုပါလိမ့်မယ်။
စိတ်ဝေဒနာဆိုင်ရာကုထုံး- လူနာကို စိတ်မကျန်းမာမှုအကြောင်း၊ ပန်းတိုင်တွေချမှတ်နိုင်ဖို့နဲ့ ရောဂါနဲ့ဆက်နွှယ်တဲ့နေ့စဉ်ပြဿနာတွေကို ထိန်းချုပ်နိုင်ဖို့သင်ကြားပေးုနိင်ရန်ဖြစ်ပါတယ်။ မိသားစုကုထုံးမှာတော့ လူနာရဲ့မိသားစုတွေက ရောဂါကုသရာမှာ ပိုပြီးအရေးပါပါတယ်။
ကျွမ်းကျင်မှုဆိုင်ရာနည်းလမ်းပေးခြင်း- အလုပ်နဲ့ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှု၊ ကိုယ်ရည်ကိုယ်သွေးတောက်ပမှုနဲ့ မိမိကိုယ်ကိုစောင့်ရှောက်မှုနဲ့ ငွေရေးကြေးရေးနဲ့အိမ်တွင်းစီမံခန့်ခွဲမှုတွေအပါအဝင် နေ့စဉ်လုပ်ဆော်င်စရာတွေအပေါ် ဦးတည်ထားပါတယ်။
ဆေးရုံတက်ခြင်း- ဆေးရုံတက်ဖို့လိုပါတယ်။ အထူးသဖြင့် မိမိကိုယ်ကိုသတ်သေခြင်း၊ အခြားသူများကိုအသက်အန္တရာယ်ခြိမ်းခြောက်ခြင်းတွေရှိနေတဲ့အခါမှာ ဖြ်စပေါတယ်။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်schizoaffective disorder (ကြောက်လန့်လွန်ရောဂါ)ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ရောဂါနဲ့ပတ်သက်ပြီးမှတ်သားလေ့လာခြင်း- ပညာပေးအစီအစဉ်က လူနာကိုကုသမှုအစီအစဉ်နဲ့ပတ်သက်ပြီး အကျွမ်းဝင်အောင် ကူညီပေးနိုင်ပါတယ်။ ပညာပေးအစီအစဉ်က မိသားစုဝင်တွေနဲ့သူငယ်ချင်းမိတ်ဆွေတွေကို ရောဂါအောကာင်းနားလည်အောင်နဲ့ ပိုပြီးကိုယ်ချင်းစားနိုင်အောင် ကူညီပေးပါတယ်။
လက္ခဏာတွေကို ဂရုပြုခြင်း- နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့အရာတွေနဲ့ လက္ခဏာတွေပေးနုငိတဲ့အရာတွေကို ဂရုပြုပါ။ လက္ခဏာတွေပြန်ပေါ်လာမယ်ဆိုရင် ဘာလုပ်ရမယ်ဆိုတာကို အစိအစဉ်ဆွဲပါ။ အခြေအနေကိုပိုမဆိုးအောင် ကာကွယ်နိုင်ဖို့ိုလိုအပ်မယ်ဆိုရင် ဆရာဝန်သို့စိတ်ကျန်းမာရောပညာရှင်နဲ့ တွေ့ဆုံပါ။
ကျန်းမာရေးစောင့်ရျောက်မှုအသင်းတွေကိုဝင်ပါ။ ကိုယ့်လိုပဲအလားတူဝေဒနာတွေကိုခံစားနေရတဲ့အခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံနိုင်အောင်ကူညီပေးပါတယ်။ မိသားစုနဲ့သူငယ်ချင်းမိတ်ဆွေတွေကိုလည်း ဒီအခြေအနေကိုဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို ကူညီပေးပါလိမ့်မယ်။
လူမှုရေးဝန်ဆောင်မှုများနဲ့ ဆက်သွယ်ခြင်း- နေရာထိုင်ခင်းချပေးခြင်၊ သွားလာရေးနဲ့ နေ့စဉ်တာဝန်တွေမှာ ကူညီပေးပါလိမ့်မယ်။
ဆေးဝါးများ၊ ဆေးရွက်ကြိးနဲ့ အရက်ကိုလည်းရှောင်ပါ။ ဆေးဝါး၊ ဆေးရွက်ကြီးနဲ့အရက်က ရောဂါလက္ခဏာတွေကိုပိုဆိုးလာစေတာမျိုး သောက်နေရတဲ့ဆေးတွေကိုအဟန့်အတားဖြစစေတာမျိုးတွေ ဖြ်စနိုင်ပါတယ်။ လိုအပ်မယ်ဆိုရင် ဆေးဝါးသုံးစွဲခြင်းပြဿနာအတွက် သင့်တော်တဲ့ကုသမှုခံယူပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။