backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

2

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Scabies (ဝဲပေါက်ခြင်း )


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 20/04/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Scabies (ဝဲပေါက်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Scabies (ဝဲပေါက်ခြင်း ) ကဘာလဲ။

ဝဲသည် အရေပြားရောဂါတစ်ခုဖြစ်ပြီး သေးငယ်ငယ်သော ပိုးလှေးဖြစ်သည့် Sarcoptes scabiei ကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သင့်အရေပြားတွင် ထိုပိုးမှမျိုးပွားပြီးနောက် အရေပြားကိုဆွကာ ဥများချလေ့ရှိသည်။ ထို့မှ ပိုးလှေးနှင့်ခန္ဓါကိုယ်ဓါတ်မတည့်မှုဖြစ်ပြီး ဖြစ်သောအရေပြားတစ်ဝိုက် ယားယံလာခြင်းဖြစ်သည်။ ညအခါတွင် အထူးကို ကုတ်ချင်နေပါလိမ့်မည်။ အဆိုမှအဏုကြည့်မှန်ပြောင်းနှင့်မှမြင်ရသည့် ပိုးလှေးများသည် ၂ လအထိ သင့်အရေပြားတွင် အောင်းနေနိုင်ပါသည်။

ဝဲကို အလွန်ကူးစက်လွယ်သောရောဂါအဖြစ် ယူဆကြ၏။ ၎င်းသည် မိသားစုတွင်း၊ မူကြိုတွင်း၊ ကျောင်းစာသင်ခန်းတွင်း၊ ထောင်တွင် စသည်ဖြင့် အရေပြားချင်းထိတွေ့ရာမှ ပျံ့နှံ့နိုင်ပါသည်။

Scabies (ဝဲပေါက်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ ကမ္ဘာပေါ်၌ တစ်နှစ်လျှင် သန်း ၃၀၀ လောက်ကို ဖြစ်ကြောင်း တင်ပြချက်များရှိပါသည်။ ဆင်းရဲချမ်းသာမရွေး၊ လူမှုရေးလယ်ဗယ်မရွေး၊ နေထိုင်မှုပုံစံမရွေး၊ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Scabies ( ဝဲပေါက်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဝဲပိုးများနှင့်ကနဦးထိတွေ့ပြီးနောက် ခြောက်ပတ်အတွင်း ရောဂါလက္ခဏာများကို စတင်ခံစားရမည်ဖြစ်သည်။ အရင်ကဝဲပေါက်ဖူးလျှင် ရက်အနည်းငယ်အတွင်းမှာပင် မြန်မြန်ဖြစ်ပွားလာနိုင်ပါသည်။

ဝဲပေါက်ခြင်း ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ-

  • အပိန့်များတွင် အလွန်ယားယံခြင်း… အထူးသဖြင့် ညဖက်တွင် အဆိုးဆုံးဖြစ်သည်။
  • ပါးလွှားပြီး ပုံစံမကျသော အပေါက်များတွေ့ရခြင်း
  • သေးငယ်သော ရေကြည်ဖုလေးများ၊ ဝက်ခြံပုံ ဖုလုံးလေးများအရေပြားတွင် ကြွတက်နေသည့်ပုံ သို့မဟုတ် အရောင်မတူသည်လိုင်းများသဖွယ် ပေါ်လာခြင်း
  • နော်ဝေးဝဲရောဂါသို့မဟုတ် ချပ်ပြားဝဲဆိုပါက အရေပြားအချပ်တစ်ခုတွင် ထောင်ပေါင်းများစွာသော ပိုးလှေးများ ဥများ ပါရှိနိုင်ပါသည်။
  • ထူးထဲသောမီးခိုးရောင်ချပ်ပြားများ ဖြစ်နိုင်ပြီး အလွယ်တကူကွာကျနိုင်သည်။

အရွယ်ရောက်ပြီးသူများနှင့် ကလေးကြီးများတွင်တော့ ဝဲပေါက်လျှင် အောက်ပါတို့၌အတွေ့ရများ၏။

  • လက်ချောင်းများကြား
  • ချိုင်း
  • ခါးတစ်ဝိုက်
  • လက်ကောက်ဝတ် အတွင်းဖက်
  • တံတောင်ဆစ်အတွင်းဖက်
  • ခြေဖဝါး
  • ရင်သားတစ်ဝိုက်
  • ယောက်ျားအင်္ဂါတစ်ဝိုက်
  • တင်သားပေါ်
  • ဒူးပေါ်
  • လက်ပြင်ရိုးပေါ်

တစ်နှစ်အောက်နှင့် ကလေးငယ်များ၌ –

  • ဦးရေပြား
  • မျက်နှာ
  • လည်ပင်း
  • လက်ဖဝါးများ
  • ခြေဖဝါးများ

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ဝဲရောဂါလက္ခဏာတွေထဲမှ တစ်ခုခုများရှိနေမယ်ဆိုလျှင် သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုလျှင် ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပါ။ အရေပြားယားယံခြင်း၊ အဖုများထခြင်းနှင့် အရေပြားရောင်ခြင်း သို့မဟုတ် ညှင်းခူလိုတခြားရောဂါများရှိနေလျှင် ဆရာဝန်နှင့် ဆွေးနွေးပါ။ ဆရာဝန်အကူအညီဖြင့် ဖြစ်ရသည့်အကြောင်းရင်းကို တိတိကျကျသိနိုင်ပြီး သင့်တော်သောကုသမှုကိုခံယူနိုင်မည်ဖြစ်သည်။

အကြောင်းရင်းများ

Scabies ( ဝဲပေါက်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

လူများတွင်ပေါက်သော ဝဲသည် ခြေရှစ်ချောင်းပါ အဏှကြည့်မှန်ပြောင်းနှင့်သာမြင်ရသော ပိုးလှေးမျိုးဖြစ်သည်။ ပိုးလှေးအမသည် အရေပြားကို တူးဆွပြီးနောက် ဥဥရန် မြောင်းလုပ်လိုပ်သည်။ ဥများပေါက်လာသည့်အခါ သားလောင်းများ အရေပြားပေါ်တက်လာပြီး ကြီးထွားကြ၏။ ထို့နောက် အရေပြား၏တခြားနေရာ သို့မဟုတ် တခြားသူများထံ ပျံ့နှံ့သွားသည်။ ပိုးလှေးများ၊ ဥများနှင့် ၎င်းတို့မှထွက်သော ပစ္စည်းများက ခန္ဓါကိုယ်နှင့် ဓါတ်မတည့်မှုကိုဖြစ်စေပြီး ယားယံစေသည်။

ဝဲပေါက်သူနှင့် အဝတ်အစားများမျှေ၀၀တ်ဆင်ခြင်း၊ အရေပြားချင်းထိတွေ့ခြင်းများရှိပါက ပိုးလှေးများ သင့်ဆီသို့ပျံ့လာနိုင်ပြီး ရောဂါရနိုင်ပါသည်။

တိရိစ္ဆာန်ဝဲကောင်များနှင့်ထိတွေ့လျှင် ခဏတာတော့ အရေပြားဓါတ်ပြုမှု ဖြစ်နိုင်ပါသည်။ စင်စစ် လှေးပိုးမျိုးစိတ်များသည် ကိုယ်ကြိုက်နှစ်သက်သည့် သီးခြားလက်ခံကောင်ကိုသာ ကူးလေ့ရှိပါသည်။ ထို့ကြောင့် သူတို့နှင့်မသင့်တော်သော လက်ခံကောင်ဆိုပါက မကြာမှီသေသွားမည်ဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Scabies (ဝဲပေါက်ခြင်း ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဝဲပေါက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

  • ကိုယ်ခံအားစနစ်အားနည်းနေလျှင်
  • စတီးရွိက်များ လေးဘက်နာကဲ့သို့ အဆစ်ရောင်ခြင်းများအတွက်သုံးသော ဆေးများကို သုံးနေလျှင်
  • ဝဲပေါက်သူနှင့် အရေပြားချင်း တိုက်ရိုက်ထိတွေ့မိလျှင်
  • ဓါတုဆေးသွင်းခြင်းများ လုပ်ဆောင်နေရလျှင်

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Scabies ( ဝဲပေါက်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် အရေပြားကိုစစ်ဆေးပြီးနောက် ရောဂါကို အတည်ပြုပေးပါလိမ့်မည်။ ဆရာဝန်မှ ပိုးလှေးတို့၏လက္ခဏာများ ဥပမာ တွင်းပေါက်များကို ရှာပါလိမ့်မည်။ ဝဲပေါက်သူနှင့် ထိတွေ့ဖူးခြင်းရှိမရှိနှင့်အတူ လက္ခဏာများကိုမေးမြန်းပြီး ဆရာဝန်မှဆုံးဖြတ်ပါလိမ့်မည်။ ဝဲဟုတ်မဟုတ် အတည်ပြုရန် သို့မဟုတ် ပိုးလှေးများကို အလွယ်တကူမတွေ့နိုင်ဆိုပါက ပိုးလှေးများရှိနိုင်လောက်မည့် အရေပြားတစ်နေရာအား ခြစ်ချကာ စစ်ဆေးပါလိမ့်မည်။ အဏှကြည့်မှန်ပြောင်းနှင့် ပိုးလှေးများ ဥများ ရှိမရှိ ကြည့်ပြီးနောက် ရောဂါကိုအတည်ပြုနိုင်မည်ဖြစ်သည်။

Scabies ( ဝဲပေါက်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

ဝဲကိုကုသရန်အတွက် ဆေးများကိုသုံးပြီးဖယ်ရှားရပါမည်။ ဆရာဝန်လမ်းညွှန်ချက်ဖြင့် များစွာသော ခရင်မ်လိမ်းဆေးများ လိုးရှင်းများကို ရနိုင်ပါသည်။ များသောအားဖြင့် ဆေးများကို တစ်ကိုယ်လုံးလိမ်းရန်လိုအပ်ပြီး လည်ပင်းမှအောက်ပါတစ်လျှောက်လိမ်းကျံရသည်။ ဆေးကို အနည်းဆုံး ၈ နာရီကြာလိမ်းထားရမည်ဖြစ်သည်။

အိမ်မှမိသားစုဝင်များ၊ သင့်နှင့်အနီးကပ်ဆက်ဆံသူများကိုပါ ဆရာဝန်မှ ကုသပေးရန် လိုကောင်းလိုနိုင်ပါသည်။ သူတို့၌ လက္ခဏာမပြလျှင်တောင်မှ ပိုးလှေးများကို ကာကွယ်ရမည်ဖြစ်သည်။ ဝဲပျောက်ဆေးများကို အောက်ပါတို့နှင့် တွဲစပ်ရရှိနိုင်ပါသည်။

  • 5 percent permethrin cream – လိမ်းဆေးဖြစ်ပြီး ပိုးလှေးနှင့်ဥများကို သတ်နိုင်သော ဓါတုပစ္စည်းပါရှိ၏။ အရွယ်ရောက်ပြီးသူများ၊ ကိုယ်ဝန်ဆောင်များနှင့် အသက်နှစ်လနှင့်အထက် ကလေးများတွင် အသုံးပြုနိုင်ပါသည်။
  • 25 percent benzyl benzoate လိုးရှင်း
  • 10 percent sulfur လိမ်းဆေး
  • 10 percent crotamiton ခရင်မ် – တစ်ရက်လျှင် တစ်ကြိမ် နှစ်ရက်လိမ်းရမည်ဖြစ်သည်။ မကြာခဏသုံးနေမည်ဆိုပါက ဆေးအာနိသင် ပျောက်သွားနိုင်ပါသည်။ ကလေးများ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ မသုံးရပါ။
  • 1 percent lindane လိုးရှင်း – တခြားဆေးများနှင့် သင့်လက္ခဏာများ မသက်သာတော့ပါက ဤဆေးကိုပေးလေ့ရှိပါသည်။ အသက် ၂ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ အသက်ကြီးသူများ၊ ကိုယ်အလေးချိန် ၁၁၀ ပေါင်အောက်သာ ရှိသူများတွင်တော့ မသုံးရပါ။

ထို့အပြင်Ivermectin – ခုခံအားစနစ်ကိုဖိနှိပ်ထားရသော သူများအတွက်၊ ချပ်ပြားဝဲရောဂါအတွက်၊ လိုးရှင်းများ ခရင်မ်များနှင့် မတိုးသူများအတွက် သောက်ဆေးဖြစ်ပါသည်။

ဤဆေးများသည် ပိုးလှေးများကိ ချက်ချင်းသေစေသော်လည်း ယားယံခြင်းများ ရက်သတ္တပတ်ပေါင်းများစွာ ကျန်ရှိနေနိုင်ပါသည်။ ပထရိုလက်တမ်တွင်ဆာလဖာပေါင်းသောဆေးများကို တခြားဆေးများနှင့်မပျောက်သူများ သို့မဟုတ်တခြားရောဂါများကြောင့် ထိုဆေးများကို မသုံးရသူများတွင် ပေးနိုင်ပါသည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဝဲပေါက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ဝဲပေါက်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • ဆေးလိမ်းပါ။ ယားယံမှုကို သက်သာစေပါလိမ့်မည်။
  • အေးမြသောအရာများ အရေပြားကို အုပ်ပါ – ကျိန်းစပ်သောနေရာများသို့ ရေအေးအုပ်ခြင်း ဆိုသောအဝတ်များကပ်ခြင်းက ယားယံမှုကို သက်သာစေပါသည်။
  • Soothing လိုးရှင်းများလိမ်းခြင်း – Calamine လိုးရှင်းသည် အရေပြားကျိန်းစပ်ခြင်း အများစုတွင်နာကျင်ယားယံမှုသက်သာစေရန် အသုံးပြုနိုင်ပါသည်။
  • Antihistamine များသောက်ပါ။ ဝဲကြောင့်ဖြစ်သော ဓါတ်မတည့်မှုလက္ခဏာများကို သက်သာစေပါသည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 20/04/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement